Painting of Beach Scenery

in HIVE-MYANMAR4 months ago

ဒီနေ့ လှပတဲ့ကမ်းခြေရှုခင်းပုံတစ်ခုကို ဆွဲထားပါတယ်။ ထိုပုံကို watercolor ဖြင့်ဆွဲထားတာပါ။ ထိုပုံထဲမှာ အုန်းပင်တစ်ပင်၊ ရေလှိုင်းပုံစံတွေနဲ့ နေတို့ကို ဆွဲထားပါတယ်။ ထိုပုံက လှပပြီး နှစ်သက်စရာကောင်းတယ်လို့ထင်ပါတယ်။

ပထမအဆင့်မှာ background ကို အပြာ၊နက်ပြာရောင်နဲ့အဖြူရောင် တို့ဖြင့်ဆေးခြယ်ထားပါတယ်။ ပုံရဲ့အောက်ခြေမှာ အဝါရောင်ကိုအသုံးပြု၍ ဆေးခြယ်ထားပါတယ်။ ဒီအဆင့်မှာ ရေလှိုင်းတွေကို အဖြူရောင်ဖြင့်ခြယ်၍ ရေပြင်ပေါ်မှာ နက်ပြာနဲ့ အဖြူရောင်ကို ထပ်မံဖြည့်ဆွဲပါတယ်။

အုန်းပင်ရဲ့ပင်စည်ကို အညိုရင့်ရောင်နဲ့ အနက်ရောင်တို့ဖြင့်ခြယ်၍အရွက်တွေကို အစိမ်းနဲ့ အနက်ရောင်တို့ဖြင့်ဆွဲပါတယ်။ နေရဲ့အလင်းဖြာထွက်နေပုံကိုအဖြူရောင်ဖြင့် ဆွဲပါတယ်။

ထိုပုံကိုဆွဲပြီးနောက် တကယ့်ကိုနှစ်သက်ပါတယ်။ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

August 13, 2025

Sort:  

I'm really thankful for your supporting.