1USDC နှင့် Fee ခြင်း။

in HIVE-MYANMAR4 months ago

တလောက Binance မှ ပေးသော 4USDC
ကို Hive ဝယ်ချင်သည်။ သို့နှင့် သွားရောက်ဝယ်ယူ
သည့်အခါ 5USDT မှသာ အနည်းဆုံး Trade
နိုင်မည်ဟု ပြောသည်။ ဒီတော့ မဝယ်ပဲ ခဏ
ပစ်ထားလိုက်သည်။ ယခုအခါ Hive ဈေးက
အနီရောင်သန်းသဖြင့် ဝယ်ချင်လာသည်။
4USDC ကို ဒီအတိုင်းအသုံးမပြုပဲ ပစ်ထားမည့်
အစား Hive ဝယ်ထားပါမူ ကောင်းလေစွ။

သို့နှင့် 4USDC ကို အသုံးပြုနိုင်ရန် ရွှေဉာဏ်တော်
စူးရသည်။ Binance မှာ Trade သည့်အခါ
fee ပေးရသည်။ ကိုယ်တွေမှ Trade သည်က
အနည်းငယ်ဆိုတော့ fee ပေးရသည်က မတန်ဟု
ထင်သည်။ သို့နှင့် သူ့အရိုးနဲ့ သူ့ပြန်ထိုးရသည်။
Binance မှရရှိထား‌သော point များအနက်
ဆယ်ပွိုင့်ကို 1USDC နှင့် လဲလှယ်လိုက်သည်။
ထို 1USDC သည်က Spot မှာ Trade ပါက
ထို ငွေမှ နှုတ်ယူသွားမည်ဟုသိရသည်။

ဒီတော့ ကိုယ်မှာရှိသော Hive များမှ 5USDC
တန်ဘိုးကို ရောင်းလိုက်သည်။ ဒီတော့ နဂိုရှိ
Binance မှ ပေးသော 4USDC နှင့် ယခု
5USDC ပေါင်းကာ 9USDC ရှိသွားသည်။
ထို 9USDC မှ တခါပြန်ပြီး Hive ကို ဝယ်ရပါ
လေသည်။ Hive မှ USDC ဝယ်၊ USDC မှ
Hive ကို အပြန်အလှန်ဝယ်ခြင်းအတွက်
fee များကို point လဲလှယ်ခြင်းမှရသော
1USDC မှ ကျခံစေလိုက်သည်။

အပြန်အလှန် လဲလှယ်၍ ရရှိလာသော
Hive များကို ဈေးတက်မှ ရောင်းရန် အု "ဥ"
ထားရပေအုံးမည်။ Hive သည်က ဘယ်သော
အခါများမှ ဈေးတက်မည်မသိပေ။ လောလော
ဆယ်မှာတော့ ပြားငါးဆယ်သို့ ရောက်စေချင်ပါသည်။
သို့မှ ကျွန်တော်ရည်မှန်းချက် ပြည့်
ပေမည်။ ပြားနှစ်ဆယ် ဝန်းကျင်မှာ တဝဲဝဲလည်
နေသော အနှီး Hive သည်က တက်မည် ကျမည်
မည်သို့ရှိမည်ကို မသိနိုင်ပါပေ။

Binance မှာ အရောင်းအဝယ် ပြုလုပ်သည်
ကလည်း ဈေးနှုန်းများကို အမြဲမပျက် လေ့လာ
နေသည်က အဆင်ပြေပေမည်။ ကိုယ်တွေလို
တခါတရံမှ ဝင်ရောက်ကြည့်ပါက အဆင်မပြေပေ။
သို့ပေသိ ကိုယ်ကြိုက်သည့် ဈေးနှုန်းများမှာ
ဝယ် ရောင်း ပြုလုပ်နိုင်သည်။ လောဘကို
အတောသတ်နိုင်ရင်ဖြင့် အဆင်ပြေမည်ဟု
ထင်ပါသည်။ ကိုယ်ဝယ်နိုင်မည့်ဈေးမှာ ဝယ်ခိုင်းထား။
ကိုယ်ရောင်းနိုင်သည့်ဈေးမှာ ရောင်းခိုင်းထားပါကလည်း အတော်အတန် အမြတ်ရပေသည်။
ထိုသို့‌သော လောဘအနည်းငယ်ဖြင့် ရောင်းဝယ်
မှုပြုပါက အဆင်ပြေနိုင်မည်ဟု ထင်ပါသည်။

@htwegyi
August 17, 2025

Sort:  

တကယ်ဆို 4usdc ကို convert ကနေ BNB ပြောင်းပစ်ရမှာပါ။
Convert လုပ်တာက ပြားဂဏန်းတန်ဖိုးလည်း လုပ်လို့ရပါတယ်။
ခုတော့ fee နှစ်ခါကုန်တာပေါ့
!LOLZ
!HUG

I don't want my wife any longer.
Her height is perfect.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of walarhein

(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

အဲ့သလို မသိလိုက်ဘူးဗျာ။