"Photo from Manchester United Facebook Page"
Hello
Nice to meet you all. How about you. I hope and wish you both healthy and richly.
There are 6 matches of EPL Week 20 already played. Yesterday there are 3 matches of 3 big teams. All these teams won the game except Man United. Chelsea won Luton Town with 2-3 and Man City won Sheffield United with 2-0. But Man United lose Nottm Forest with 2-1. What happening on United? What happening on Erik Ten Hag? United give happiness one week and then give sadness another week. Does United cancer for itself? United fans didn't meet with what is perfect happy since Sir Alex left the team.
Chelsea won Luton Town with narrow goal score. Chelsea score 3 goals first but Luton Town score 2 goals back at late minutes of game. City score 2 goals and easily won the game. There is another team which always find how to play to win the game. Aston Villa which surprised EPL fans. They show their best performance since Half-Season of EPL. Yesterday they won Burnley with 3-2 at home game. They score wining goal at 89 minutes. Should we added Aston Villa to EPL Champion title racing.
Everton lose Wolves with 3-0. Everton can't won their last 3 EPL games. What happening on Everton.
Today Super Sunday there are 2 matches will play.
Fulham vs Arsenal
Tottenham vs Bournemouth
Arsenal needs to win to recover the losing of points. Arsenal haven't lose to Fulham in their last 11 meeting. Arsenal should win this match.
See you tomorrow guys. Enjoy your weekend with EPL matches.
"Merry Christmas and Happy New Year"
EPL ပွဲစဉ် 20 ၏ ပွဲစဉ် 6 ပွဲ ကစားပြီးသွားပြီ ဖြစ်၏။ အသင်းကြီး 3 သင်း၏ ပွဲစဉ်လည်း ပါ၏။ ချယ်လ်ဆီး၊ မန်စီးတီးတို့ကတော့ ကိုယ်စီ အနိုင်ရခဲ့ပေမယ့် မန်ယူနိုက်တက်ကတော့ နော်တန်ဟန်ကို အရှုံးပေးလိုက်ရ၏။ တော်တော်ဆိုးဆိုးပင်။ စီးတီးတို့က ရှက်ဖီးကို ပေါ့ပေါ့ပါးပါးလေး အနိုင်ကစားထားနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးတို့ အနေနဲ့ လူတန်တောင်းကို အတော်လေး ကန်ယူခဲ့ရသည် ဆိုရမည်။ 3 ဂိုး အရင်သွင်းထားပြီးနေမှ လူတန်တောင်းက နောက်ကလိုက်ကာ 2 ဂိုးထိ ပြန်လည် သွင်းယူနိုင်ခဲ့၏။ ပွဲချိန် နောက်ဆုံး မိနစ်တွေမှာ ဂိုးတွေ ပြန်လည် သွင်းယူသွားခြင်း ဖြစ်၏။ သရေကျသွားနိုင်လောက်၏။ ကံကောင်းလို့သာ ချယ်လ်ဆီးတို့ နိုင်သွားတာဟု ပြောရမလိုပင်။
မန်ယူ၏ ဒီပွဲ အရှုံးကတော့ နည်းပြ တန်ဟက်နဲ့ သက်ဆိုင်၏။ ဒုတိယပိုင်းမှာ မိုင်နုကို ထုတ်ပြီး စကော့တလန် ဇီဒန်းကို ထည့်လိုက်၏။ တယောက်ထဲ အမြင်အရတော့ မလိုအပ်သည့် လူစားလဲမှုဟု ဆိုရပေလိမ့်မည်။ ပေးလိုက်ရသည့် 2 ဂိုးလုံးက တော်မီနေးကြောင့်ဟု ပြောလို့ရ၏။ လူကပ်ထားရမည့် ကစားသမားကို သေချာ ချုပ်ကပ် မထားနိုင်သဖြင့် ဂိုးတွေ ခွင့်ပြုလိုက်ရ၏။ လွတ်လွတ်ကျွတ်ကျွတ်တွေ ကန်ခွင့်ရသွားသည်ဟု ပြောလို့ရမည် ထင်။
ယူနိုက်တက်က တဖြည်းဖြည်းနဲ့ အသင်းအားပေးသူတွေကို စိတ်ဒုက္ခ ပေးမှန်းမသိ ပေးနေတော့၏။ ပိုင်ရှင်လား၊ ဘုတ်အဖွဲ့လား၊ နည်းပြလား၊ ကစားသမားတွေလား၊ ဒါမှ မဟုတ် ယူနိုက်တက်ကို ချစ်မိ အားပေးမိသည့် ကိုယ်တွေ ပရိတ်သတ်တွေ၏ လိုအပ်ချက် အားနည်းချက်လေ လား မပြောတတ်တော့ပေ။ ယူနိုက်တက်ကို အားပေးနေရတာ ကိုယ့်ဒုက္ခ ကိုယ်ရှာ နေမိသည့် အလားပင်။ ဖာဂီ ခေတ်အလွန်မှာ အပျော်ဆိုတာ ဘာလဲဆိုတာ ကျနော်တို့ မေ့တေ့တေ့ပင် ဖြစ်နေခဲ့ပြီ။ ဘာပဲ ပြောပြော ချစ်မိမှတော့လည်း ဆက်ချစ်ရုံပေါ့လေ။
ဒီနေ့ နောက်ထပ် ပွဲစဉ် 2 ပွဲ ကစားသွားဖို့ ရှိ၏။ ဖူလ်ဟမ်နဲ့ အာဆင်နယ်၊ တော့တန်ဟမ်နဲ့ ဘုန်းမောက်စ်တို့၏ ပွဲစဉ် ဖြစ်၏။ ချန်ပီယံပြေးလမ်းမှာ သိပ်ပြီး ပြတ်မကျန်ခဲ့ဖို့ အာဆင်နယ်တို့ ယခုပွဲကို အနိုင်ကစားထားဖို့ လို၏။ အက်စတုန်ဗီလာက ခပ်မှန်မှန်လေး ခရီးဆက်ကာ နိုင်ပွဲတွေ ယူပြီး အမှတ်ပေး ဖလား၏ ဇယားထိပ်မှာ ရပ်တည်ထားနိုင်ခဲ့၏။ ရာသီဝက်ထိတော့ သူတို့ လုပ်ပြထားခဲ့ပြီးပြီ၊ ရာသီကုန်အထိ လုပ်ပြ နိုင်မလားကတော့ ဆက်လက် စောင့်ကြည့်ရပေလိမ့်ဦးမည်။
ကဲ နက်ဖြန်မှ ပြန်တွေ့ကြတာပေါ့။
အားလုံးပဲ ပျော်ရွှင်ဖွယ် နှစ်သစ် ဖြစ်ပါစေ။