Nice Cupcake Watercolor Painting

in HIVE-MYANMAR4 months ago

ဒီနေ့ cupcake ပုံတစ်ပုံကို watercolors ဖြင့်ဆွဲထားတာပါ။ ထိုကဲ့သို့ cupcake ပုံတွေကို ယခင်က မဆွဲဖူးသေးပါဘူး။ ရှုခင်းပုံလေးတွေကိုအများဆုံးဆွဲဖြစ်တာပါ။ ထိုပုံရဲ့ နောက်ခံကိုလည်း ဆေးခြယ်ထားပြီး ထိုပုံက နှစ်သက်စရာကောင်း၍ လှတယ်လို့ထင်ပါတယ်။

ပထမအဆင့်မှာ ထိုပုံကို ခဲတံဖြင့်ဆွဲ၍ နောက်ခံကို ခရမ်းရောင်ဖြင့်ဆေးခြယ်ပါတယ်။ cake နဲ့ creamကို အဝါ၊ လိမ္မော်၊ ပန်းရောင်နဲ့ အညိုရောင်တို့ဖြင့်ဆေးခြယ်ပါတယ်။

holder ကို အဖြူနဲ့ အညိုရောင်တို့ဖြင့်ဆေးခြယ်ပြီး၊ အသီးတွေကို အနီရောင်ဖြင့်ဆေးခြယ်ပါတယ်။ အညှာတွေကို အစိမ်းရောင်ဖြင့်ဆွဲ၍ အသီးများပေါ်မှာ အဖြူရောင်ကို ထပ်မံပေါင်းထည့်ပါတယ်။

နောက်ဆုံးအဆင့်မှာ ထို cake ရဲ့ အနားပတ်လည်မှာ အဖြူရောင်ဖြင့်ထပ်မံဆွဲပါတယ်။

ထိုပုံက လှနေတာကြောင့်တကယ့်ကို နှစ်သက်ပါတယ်။ အခြား cake ပုံတွေကိုလည်း ဆွဲဦးမယ်လို့ စိတ်ကူးထားပါတယ်။

@asterkame
February 3, 2026