ဒီနေ့ ပူဖောင်းငါးခုနဲ့ ကြိုးလေးတွေ၊ paper bow တစ်ခုကိုပြုလုပ်ထားပါတယ်။ ထို ပူဖောင်းလေးတွေကို စက္ကူခေါက်၍ပြုလုပ်ရတာဖြစ်ပြီး၊ paper bow ကိုတော့ စက္ကူကိုဖြတ်၍ပြုလုပ်ရတာပါ။ သူတို့ကို ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့် ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံနဲ့ပေတံစသဖြင့်ပါ။
ပထမအဆင့်မှာ ပူဖောင်းတစ်ခုအတွက်စက္ကူကို အလျားအနံတူညီစွာဖြတ်ရမှာပါ။ ထိုစက္ကူကို တစ်ဝက်ခေါက်၍ အနားနှစ်ဘက်ကိုအလယ်မျဥ်းသို့ ခေါက်ပါတယ်။ အစွန်းတစ်ဘက်ကို အပေါ်သို့ ခေါက်၍ ဒါကိုအောက်သို့ပြန်ခေါက်ပြီး ပုံအတိုင်း အဆင့်ဆင့်ခေါက်ပါတယ်။ အပေါ်ဘက်နဲ့ ဘေးနှစ်ဘက်မှ အစွန်းများကိုလည်းခေါက်ရမှာပါ။ ထိုနည်းအတိုင်း ပူဖောင်းငါးခု ပြုလုပ်ပါတယ်။
ကြိုးများအတွက်စက္ကူအပိုင်းများဖြတ်၍ ပုံအတိုင်းခွေပြီး အတွင်းဘက်မှအစွန်းကို ဆွဲ၍ ပြုလုပ်ရတာပါ။ ကြိုးငါးခုပြုလုပ်ပြီးနောက် သူတို့ကို ပူဖောင်းများနဲ့အတူတကွကော်ကပ်ရမှာပါ။
paper bow အတွက်အလျားအနံတူညီတဲ့ စက္ကူတစ်ရွက်လိုအပ်ပါတယ်။ ထိုစက္ကူကို တစ်ဝက်စီနှစ်ကြိမ်ခေါက်၍ ပုံအတိုင်းဖြတ်ပါတယ်။ ဘေးဘက်အနားနှစ်ခုကိုလည်း အနည်းငယ်စီဖြတ်၍ အစွန်းလေးခုကို အလယ်သို့ခေါက်၍ ကော်ကပ်ပါတယ်။ အလယ်မှစက္ကူအပိုင်းကို ပုံအတိုင်းချည်၍ကော်ကပ်တယ်။ အခြားစက္ကူအပိုင်းတစ်ခုကိုဖြတ်၍ ကျောဘက်မှာ ထပ်မံကော်ကပ်ပါတယ်။ ဒါကို ပူဖောင်းရဲ့ကြိုးတွေပေါ်မှာ အလှဆင်ပါတယ်။
ဒီတစ်ခုကို wall decor အဖြစ်အသုံးပြုနိုင်မယ်ထင်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။
June 27, 2024
Written by @asterkame
By my photo & made by me