4 နှစ် အတွင်း

in HIVE-MYANMAR11 months ago

2020 ခုနှစ်ကနေ 2023 ခုနှစ်အထိ crypto project တွေရဲ့ airdrop ချနှုန်းဟာ $26.6 billion အထိ ရှိခဲ့ကြောင်း CoinGecko က ဖော်ပြလာပါတယ်။ ဒီ project တွေထဲမှာ DEX (Decentralized Exchange) တစ်ခုဖြစ်တဲ့ Uniswap က အကြမ်းဆုံးဖြစ်ပြီး 2020 ခုနှစ် September လ 16 ရက်နေ့မှာ $6.43 billion ဖိုးအထိ UNI token airdrop ချခဲ့ပါတယ်။ Uniswap ဟာ ဒီ airdrop နဲ့အတူ DeFi (Decentralized Finance) အပေါ် လူစိတ်ဝင်စားမှုနှုန်းကို ဆွဲတင်နိုင်ခဲ့သလို နောက်ထပ် crypto project တွေအတွက်လည်း airdrop ကနေတဆင့် community တည်ဆောက်နိုင်ဖို့အတွက်ကို နမူနာဖြစ်စေခဲ့ပါတယ်။

2021 ခုနှစ်အတွင်းမှာတော့ crypto project တွေ အတော်များများဟာ သူတို့ရဲ့ product အကြောင်း၊ ecosystem အကြောင်းကို လူသိများစေနိုင်ဖို့၊ community တည်ဆောက်နိုင်ဖို့အတွက် airdrop စနစ်ကို အတော်များများကျင့်သုံးခဲ့ကြပြီး ဒီ project တွေထဲမှာ DYDX (dYdX) ကတော့ $2 billion ဖိုးအထိ token airdrop ချခဲ့ပြီး 4 နှစ်တာကာလအတွင်း တန်ဖိုးအကြီးဆုံး airdrop တွေရဲ့ တတိယအများဆုံးနေရာမှာ ရပ်တည်နေပါတယ်။

2021 ခုနှစ် bull market အပြီး bear market အစပျိုးချိန် 2022 ခုနှစ်အတွင်းမှာတော့ BAYC (Bored Ape Yacht Club) ဖန်တီးရှင် Yuga Labs ရဲ့ APE airdrop ဟာ $3.54 billion အထိ တန်ကြေးရှိခဲ့ပါတယ်။ 2022 ခုနှစ်ကနေ 2023 ခုနှစ်ထဲမှာတော့ bear market ရဲ့ နှိပ်စက်မှုတွေကြောင့် Arbitrum ရဲ့ $1.9 billion တန် airdrop ကလွဲလို့ တခြား $ billion နဲ့ချီ တန်ကြေးရှိ airdrop တွေ သိပ်မထွက်လာနိုင်ခဲ့ပါဘူး။

ဒါပေမယ့်လည်း အခု 2024 ခုနှစ် ပထမ 3 လပတ်အတွင်းမှာတော့ crypto project အတော်များများရဲ့ airdrop တွေ ထပ်ထွက်လာဖို့ ရှိနေပြီး အားလုံးမျှော်မှန်းထားကြတဲ့ bull market နဲ့အတူ ပုံစံတွေဆန်းသစ်လာတဲ့ crypto airdrop ကဏ္ဍဟာလည်း 2020 နှစ်ပိုင်းတွေကလို တစ်ခေတ်ပြန်ထလာတော့မလားဆိုတာ စောင့်ကြည့်ကြရမှာပါ။

Reference Link: https://cryptopotato.com/coingecko-analysis-reveals-26-6-billion-in-crypto-airdrops-over-4-years/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

Airdrop လေးတွေ လိုချင်မိပါ၏ !PIZZA