ညက်ညောစွာ မိုက်သူ။

in HIVE-MYANMAR20 days ago (edited)

ကျွန်တော့်အစ်ကို တဝမ်းကွဲတယောက်အကြောင်
ရေးပြရပါအုံးမည်။ သူ့အကြောင်းကို ဟိုးယခင်
ကလည်း ရေးသားဖူးသည်ထင်ပါသည်။
မနေ့က အစ်ကို စနေတာယာပွကြီးရဲ့ ပြောကြား
ချက်အရ ဆက်လက်ရေးပြရပါအုံးမည်။

အစ်ကိုဝမ်းကွဲဖြစ်သူတို့၏ မိသားစုက
ငွေကြေးချမ်းသာကြသည်။ အထူးသဖြင့်
သူ့ကို မွေးစဉ်က အိမ်စီးပွားရေးတိုးတက်သည်ဟု
ဆိုကာ သူ့အဖေ အမေက အလိုလိုက်ထားသည်။
သူကလည်း စကားပြောရာတွင် ညက်ညော
ပြေပြစ်သူတဦးဖြစ်သည်။

သို့ပေသိ သူက စကားပြောညက်ညောသလို
မိုက်သည်ကလည်း ညက်ညောသည်ဟု ပြောရမလား။
လူက ရုပ်က မျက်နှာမြင် ချစ်ခင်ပါစေဆိုသည်နှင့်
ဆုတောင်းပြည့်သူဖြစ်သည်။ ဒါတင် ဘယ်ဟုတ်
မလဲ မိတ်ဆွေ သူငယ်ချင်းများကိုလည်း
အကြွေးအမွေးရက်ရောသူဖြစ်သည်။

ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝက
မုန့်ဖိုး တမတ်ရသည်။ သူက ထိုစဉ်ကကပင်
ငါးကျပ်၊ တဆယ်ကျပ်တန်းများကို ကျောင်း
မုန့်ဈေးတန်းမှာသုံးဖြုန်းနိုင်သူဖြစ်သည်။
သုံးဖြုန်းဆို မနက်ကျောင်းမတက်ခင်
မနက်စောစောမှာ သူ့မိဘ၏ ဈေးဆိုင်မှာ
မိဘများမရောက်လာခင် ဈေးရောင်း
ကူပေးသည်။ ထို ဈေးဆိုင်မှ မိဘမသိအောင်
တမျိုး၊ သိအောင်တမျိုး ငွေကိုယူလာသည်။
ကျောင်းမှာ မိန်ကလေးများကလည်း သူကို
ဝိုင်းဝိုင်လည်သည့်အပြင်၊ ယောင်္ကျားလေး
သူငယ်ချင်းများကလည်း အလုအယက်
ခင်မင်ကြသည်။

ဆယ်တန်းရောက်သည့်အခါမှာလည်း
သူ့ကို ကျောင်းအိပ်၊ ကျောင်းစားဘော်ဒါ
ထားသည်။ အဲ့ ဘော်ဒါမှာပင် သူရဲ့
စွမ်းဆောင်ချက်က ဆရာဖြစ်သူကိုပင်
စည်းရုံးနိုင်ကာ ယမကာ အတူတူ သောက်ခဲ့သူ
ဖြစ်သည်။ အရွယ်မရောက်မှီကပင် ယမကာ
နှင့် လောင်းကစားကို ဆရာကြီးတဆူ‌ဖြစ်နေသည်။

မူးယစ်ဆေးဝါးကိုပင် မှီဝဲခဲ့သလား မသိပေ။
သူက အကုန်နှံ့စပ်ခဲ့သူဖြစ်သည်။ သူတို့အိမ်က
လက်မှုလုပ်ငန်းလုပ်ကိုင်သည်။ တခါက
အမေဖြစ်သူက သူ့သား အိမ်ကပ်ပါစေဟု
သဘောဖြင့် တယ်လီဗေးရှင်းတလုံးဝယ်ပေး
သည်။ ထိုတီဗီက အလုပ်သမားများနှင့်သူ့သား
ကြည့်ရန်အတွက် အလုပ်ရုံမှာဝယ်ပေးထားသည်။
ထိုခေတ်က အိမ်တိုင်းမှာ တီဗီမရှိသေးပါ။

အမေလုပ်သူက တပတ်မှာ တခါနှစ်ခါ
အလုပ်ရုံသို့လာသည်။ အလုပ်သမားများကို
လုပ်အားခပေးရင်း သူ့သားကိုလည်းလာကြည့်
သည်။ တခါမှာ ကမ္ဘာ့ဖလားဘော်လုံးပွဲအချိန်
ဖြစ်သည်။ သူသည် တီဗီကို အပေါင်၍ထား၍
ဘောလုံးလောင်းလေသည်။ အမေဖြစ်သူ
ရောက်လာသည့်အခါ တီဗီမတွေ့၍ အလုပ်သမား
များကို မေးလေသည်။

အလုပ်သမားများကလည်း အင်း အဲ ဖြစ်နေစဉ်
သူက ဝင်ရောက်လာကာ။

" အမေရေ တီဗီက ရုပ်ထွက်မကြည့်လို့
ပြင်တဲ့ဆိုင် ပို့ထားတယ်"

ဒီလိုနဲ့ နောက်တပတ်ရောက်လာတဲ့အခါမှာလည်း
တီဗီကို မတွေ့၍ အမေက မေးပြန်သည်။
ဒီတခါမှာ တော့ အလုပ်သမားလေးများက
သူ့သားပြောထားတဲ့အတိုင်း ပြင်ဖို့ ပစ္စည်းက
မရသေးလို့ ပြောကြရသည်။ ဒီလိုနဲ့ နှစ်ပတ်
သုံးပတ်အကြာမှာ အမေဖြစ်သူက သူ့သား
အကြောင်းသိ၍ အလုပ်သမားတဦးကို
ငေါက်၍ မေးပါလေသည်။

"ဟဲ့ မောင်ဌေး ငါ့ကို အမှန်တိုင်း ပြောစမ်း
တီဗီက ဘယ်ရောက်သွားတာလဲ"

"ဟိုး ဟိုး ဒေါ်‌ဒေါ် ကိုလေးက အပေါင်ဆိုင်
ပို့ထားတာ"

"မသာတွေ ငါလုပ်လိုက်ရ သွားယူချေ၊
ဘယ်လောက်နဲ့ ပေါင်ထားတာလဲ။ လာဘ်မရှိဘူး
ရော့ သွားရွေးချေ"

ဟု အဒေါ်က သူ့သားမနိုင်သဖြင့် အလုပ်သမား
လေးများကို သွား၍ ရွေးခိုင်းလေသည်။
ကျွန်တော့်အကို စနေသားကလည်း ထိုအလုပ်ရုံမှာ
အလုပ်လုပ်သူဖြစ်သည်။
ဖော်ပြပါအကြောင်းကို အစ်ကိုစနေသားက
ယမကာထွေထွေဖြင့် သူ့ညီ အကြောင်း
ရှေးဖြစ်ဟောင်းကို ဖက်ကြမ်းဆေးလိပ်ခဲရင်းဖြင့်
ပြောပြခြင်းဖြစ်ပါသည်။

@htwegyi
November 2, 2024

Sort:  

!hiqvote

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !COFFEE from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻