ခေတ်ပျက်ကြီးမှာ လူလိမ်တွေက အများသာ။
တနေ့က ကျွန်တော့်ဖုန်းကို မက်ဆေ့ ပိုလာသည်။
Atom မှ ငါးနှစ်ပြည့် ကံစမ်းမဲပေါက်ပါသည်။
Wave Money 700000 ကျပ်ကို ထုတ်ယူရန်
ဖုန်းနံပါတ်ကို ဆက်သွယ်ပေးပါဟု ဆက်သွယ်
လာသည်။
ပထမတော့ ပျော်သလိုလိုဖြစ်ပြီး နောက်မှ
အင်း လူလိမ်တွေက အများသာဟုတွေးကာ
လောဘကို ဘရိတ်အုပ်လိုက်သည်။
Wave Money လည်းကိုယ့်မှာ မရှိတော့။
တနေ့က ဖုန်းစတိုးပြည့်၍ အသုံးမပြုသဖြင့်
ထိုဆော့ဝဲလ်က်ု ဖျက်လိုက်သည်။
သို့ပေသိ လူ့စိတ်က အခက်သား။
ကိုယ့်ကို လာလိမ်နေမှန်သိသော်လည်း
သူဆက်သွယ်လာသော ဖုန်းနံပါတ်သို့
ဆက်သွယ်ကြည့်မည်ဟု စိတ်ကူးသည်။
ကိုယ့်အတွက် ပိုစ့်ရေးဖို့ ကုန်ကြမ်းရတာပေါ့
ဟု အတွေးနဲ့ဖြစ်သည်။
သို့ပေသိ ဖုန်းဆက်မှ ပေါက်ကရတွေပြော
ဖြစ်ရင် ပြဿနာဖြစ်မည်ဟု တွေးကာ
ဖုန်းဆက်ဖို့ စိတ်ကူးကို လက်လျော့လိုက်သည်။
ကိုယ်က ဘုဂွသမား စိတ်မထင်လျှင်
မထင်သလို ပြောမိမည်။ လောဘနှင့်
မျှားခေါ်ပါက အများအားဖြင့် လောဘ
နောက်သို့ လိုက်မိကြသူများသည်။
လူလိမ် လူညာတွေများတဲ့ခေတ်ကြီး။
လူဆိုး ဂျပိုး သူခိုးတွေ များတဲ့ ခေတ်ကြီး။
ဖြတ်လမ်း အလွယ်လိုက်တဲ့သူတွေ များလာတဲ့
ခေတ်ကြီး။ လောင်းကစားတွေ များပြားတဲ့
ခေတ်ကြီးထဲမှာ လောဘတွေကို ထိန်သိမ်း
နိုင်မှ တော်ကာကျပေမည်။
ခေတ်ပျက်တော့ မခံနိုင်သူ လူတွေလည်း
ပျက်ကုန်ကြတာပ။ ဒီတော့ ခေတ်ပျက်ရယ်
လူပျက်တွေရယ် ရှုပ်ရှက်ခပ်နေတဲ့ ခေတ်မှာ
အဲ့ အပျက် အရှုပ်တွေနဲ့ ကင်းဝေးအောင်
နေနိုင်အောင် ကြိုးစားကြရပေအုံးမည်။
ဥစ္စာ ကံစောင့်
အသက် ဉာဏ်စောင့် ရှေးဆိုရိုးရှိသည်။
ဆိုရိုးစကားနှင့်အညီ လောဘကို
ထိန်းကျောင်း နိုင်ကြပါစေ။
@htwegyi
July 4, 2024