ကျွန်တော်၏ Crypto အစက အတော်ကို
အသည်းအသန်ဖြစ်ခဲ့သည်ဟု ဆိုရမည်။
ကိုယ့်ဟာနဲ့ ကိုယ်တော့ အသည်းအသန်ဟု
ပြောရမည်။ အချို့ကတော့ ပြုံးကြပေမည်။
Crypto အစ မှတ်မှတ်ရရ အမှတ်ရများလည်
များစွာရှိခဲ့သည်။
Crypto ဆိုသည်ကလည်း ကိုယ်က ငွေရင်း
စိုက်ပါမှ ထိုငွေ၏ ဆတိုးနှင့် ကိုယ့်စွမ်းအားပေါ်
မူတည်၍ ငွေရမည်ဟု ထင်ပါသည်။ ကျွန်တော်
လျှောက်လှမ်းခဲ့သော Crypto သည်က ဖရီး
က များသည်။ ဒီတော့ ရသည်ဟာက ရ။ မရ
သည့်ဟာက မရ ဆိုတော့ မရသည်က များခဲ့
သည်။ ထိုကြောင့် အချိန်ကုန် မျက်စိညောင်း၍
မျက်စိ ပါဝါများ တိုးခဲ့သည်။
သို့ပေသိ ဟိုးယခင် ကျွန်တော် ပြုလုပ်ခဲ့သည့်
နှင့် ယနေ့ခေတ်ကတော့ အတော်ကွာခြားသွားသည်။
ယခုကမူ ကိုယ်၏ ဉာဏ်စွမ်းရှိသလောက်
ငွေဝင်ကြသည်။ ကျွန်တော်သည်က တကိုယ်တည်း
ဟိုစမ်း ဒီစမ်းဖြင့် စမ်းတဝါးဝါးပြုလုပ်ခဲ့သည်။
အင်တာနက်မှ တွေ့ရှိသည်ကို စမ်းတဝါးဝါပြု
လုပ်ခဲ့ရသည်။ တိုင်ပင်ဖော်၊ ဆရာသမားများ
ရှိခဲ့ပါမူ အဆင်ပြေပေမည်။
ထိုအပြင် ကျွန်တော် ပြုလုပ်စဉ်က အင်တာနက်
သည် ယခုကဲ့သို့ အလွယ်တကူ အသုံးပြု၍
မရသေးပါ။ ဝိုင်ဖိုင်များကို အားကိုးခဲ့ရသည်။
ရုံးမှ ရတချက်၊ မရတချက် ဝိုင်ဖိုင်ဖြင့် အသုံးပြု
ရသည်။ တဖန် ရပ်ကွက်ရှိ ဟိုတယ်တခု၏
ဝိုင်ဖိုင်ကို ထိုဟိုတယ် အလုပ်သမားလေးများနှင့်
မိတ်ဆွေဖွဲ့၍ အသုံးပြုရသည်။
ထိုဟိုတယ်မှ ဝိုင်ဖိုင်ကို အသုံးပြုခဲ့စဉ်က
အမှတ်တရ ptc တခုရှိခဲ့သည်။ ထို ptc
ဆိုက်က မြန်မာ ptc ဆိုက်ဖြစ်သည်။
နေ့စဉ် ဝင်ရောက်နှိပ်ရသည်။ တခါဝင်ရောက်
နှိပ်သည့်အခါ ပြားသုံးဆယ်၊ ပြားငါးဆယ်နှင့်
တကျပ်ဟု မြန်မာငွေများပေးထားသည်။
နှစ်ထောင်ကျပ်လား၊ သုံးထောင်ကျပ်လားရပါမှ
ငွေထုတ်ပေးသည်။
ထို ဆိုက်ကို ပြုလုပ်သည့်အခါ ရုံးမှ သူငယ်ချင်း
များကိုလည်း နှိပ်စေရန် မဲဆွယ်ခဲ့သည်။
ထိုကြောင့် ကျွန်တော်သည် ထိုဆိုက်မှ
နှစ်ကြိမ်ခန့် ငွေထုတ်ယူနိုင်ခဲ့သည်။
ထိုဆိုက်ကို နှိပ်ရန်အတွက် ရုံးမှ ဝိုင်ဖိုင်အပြင်
ရုံးပိတ်ရက်တွင် ရက်ကွက်မှ ဟိုတယ်ဝိုင်ဖိုင်ကိုပါ
အသုံးပြုခဲ့သည်။
ကျွန်တော်တို့ မီးရထားတိုက်တန်းနှင့်
မျက်နှာချင်းဆိုင်းရှိ ရပ်ကွက်ကဟိုတယ်
ဖြစ်သည်။ ထိုဟိုတယ်မှ ဝိုင်ဖိုင်ရရန် တိုင်တန်း၏
လေးထပ်မြောက်အပေါ်ဆုံး အထပ်သို့တက်ကာ
ဝိုင်ဖိုင် ဖမ်းယူရသည်။ ရုံးပိတ်ရက်များ၌
နေ့လယ်ခင်း ထမင်းစားပြီးပါက သူများတွေလို
တရေးတမော မအိပ်ပဲ ဖုန်းလေးယူကာ
လေးထပ်မြောက် အပေါ်ဆုံးအထပ်သို့
တက်ခဲ့သည်။ တိုက်အစွန်းဖက် အပေါ်ဆုံး
ခေါင်းမိုးပေါ်တက်သည့် လှေကားမှာ အကျအန
ထိုင်၍ ဟိုတယ်ဝယ်ဝိုင်ဖိုင်ကို သုံးပြီး ptc များ
နှိပ်ခဲ့သည်။
ဘာရယ်မဟုတ်ပါဘူးလေ။ Hive ဈေးကျတော့
ဟိုးယခင် ကိုယ်တွေရဲ့ Crypto အစ ဘဝလေးကို
ပြန်လည်မြင်ရောင်မိတာပါ။ ယခု Crypto
ရှာသူများကတော့ ကိုယ်အိမ်မှာ အေးအေးဆေးဆေး
ရှာဖွေနိုင်ကြသည်။ ကိုယ်ကျွမ်းကျင် ကျွမ်းကျင်
သလို ပိုင်ပိုင်နိုင်နိုင် ပြုလုပ်နိုင်ကြသည်။
ကံကောင်းကြပေစွ။
@htwegyi
July 11, 2024