ခြံအတွင်းမှ အပင်များ။

in HIVE-MYANMAR25 days ago

မနေ့က Facebook မကြည့်ပဲ စာအုပ်ဖတ်ဖြစ်သည်။
စာအုပ် မဖတ်တာကြာတော့
စာဖတ်လို့ကောင်းသည်။ ဖတ်ကောင်းဆို ဖတ်သည့်
စာကလည်း စိတ်ဝင်စားဖို့ကောင်းသည်။
ဟစ်တလာခေတ် ဂျူးလူမျိုး ရုပ်သေးဆရာ
လူငယ်လေးတဦး အကြောင်းရေးဖွဲ့ထားသည်။
စာဖတ်သည့်ဆိုတော့ အရိပ်ကောင်းတဲ့နေရာမှာ
ဖတ်ဖြစ်သည်။

ခြံအတွင်းမှာ ပဲစင်ရှိသည်။ ထိုပဲပင် အောက်မှာ
စာအုပ်ဖတ်ဖို့သွားသည်။ ခဏတော့ဖတ်ကောင်း
သည် ခဏကြာတော့ ခြင်ကိုက်လာသည်။
ပုရွက်ဆိတ်လေးများလည်းတက်လာသည်။
သို့နှင့် အိမ်အောက်သို့ ပြောင်းရွေ့ကာ ဖတ်ရသည်။

ပဲပင်က ယခင်နှစ်ကလည်း စိုက်ပျိုးခဲ့သည်။
ထိုပဲပင်မှ ပဲစေ့များကျ၍ မျိုးပွားကာ ယခုနှစ်
မှာတော့ ပဲပင်လေးငါးပင် ပေါက်သည်။ ပဲပင်
တစ်ပင်သည်ပင် ပဲသီးများ များစွာစားရသည်။
ယခုပဲပင် လေးငါးပင်ဆိုတော့ ပုံမှာ မြင်တဲ့အတိုင်း
ခြံအတွင်းကို ဖုန်းအုပ်နေသည်။ ပဲပင်မှ
ပဲနွယ်များက အားကောင်းပါသည်ဆိုမှ ပဲစင်ပေါ်သို့
ကျောက်ဖရုံပင်က လုတက်နေပြန်သည်။

ပဲစင်ပေါ်မှာ ပဲပင်က ပဲသီး မသီးသေးသော်လည်း
ကျေက်ဖရုံပင်က ဦးစွာ သီးနေသည်။ ကျောက်ဖရုံ
ပင်သည် ပထမဦးစွာ ခြံအရှေ့တောင်ဒေါင့်မှာ
ပေါက်သေးသည်။ ထိုစဉ်ကလည်း ကျောက်ဖရုံသီး
ဆယ်လုံးသီးသည်။ ယခုထိ တလုံးကျန်သေးသည်။
ထိုကျောက်ဖရုံသီးများကို အိမ်နီးချင်းများနှင့်
မိတ်ဆွေများထံ ဝေပေးခဲ့သည်။

ကျောက်ဖရုံသီးက ခန္ဓာကိုယ်မှ အညစ်အကြေး
များကို ဖယ်ရှားပေးသည်။ ထိုအပြင် ခန္ဓာကိုယ်မှ
အနံ့ဆိုးများကိုလည်း ပျောက်ကင်းစေသည်။
သုမောင် ရေးသားထားသောစာတွင် သူ့အိမ်မှ
အိမ်အကူကောင်မလေး ဂျိုင်းနံ့ပြင်း၍
ဖရုံသီးနှင့် ဖရုံယိုများကြွေးသဖြင့် အနံ့သက်သာ
သွားသည်ဟု ဖတ်ရဖူးသည်။

ကျောက်ဖရုံသည် ခံတွင်းနံ့ နံ့သူများအတွက်လည်း
အနံ့သက်သာစေသည်။ ဒီတော့ ခြံအတွင်းမှာ
သီးသော ကျောက်ဖရုံသီးများကို နေ့စဥ်မဟုတ်‌
တောင် ရက်ခြားကာ ချက်စားသည်။ ချက်စား
ရာမှာလည်း ဈေးသက်သာသော ဝက်ရိုးများဖြင့်
ဟင်းရည် (သားပြွန်း) ချက်စားသည်။
အတော်ကောင်းတာဗျို့။ ဝက်ရိုးကျောက်ဖရုံ
ဟင်းရည်၊ ပဲပြုတ်နဲ့ ငပိပုစွန်‌ခြောက်ကြော်လေးနဲ့
ဆိုတော့ ဘာပြောကောင်းမလဲ ခေါင်းမဖော်စတမ်းပေါ့။
အဲ ကျန်နေသေးဗျို့ ခြံအနောက်ဖက်မှာ
ပေါက်နေတဲ့ ကတက်ပင်က ကတက်ရွက်လေးတွေကို
အချဉ်တည်ထားပြီး အချဉ်သုပ်ကလေးရော
ထပ်‌ဖြည့်လိုက်တော့ လွတ်ကောင်းတာပေါ့။

တန်ဆောင်မုန်း၊ နတ်တော်ဆိုပါရင် ပဲပုစွန်သီး
များက သီးပါတော့မည်။ ‌နွေပဲသီးဟုလည်း
ခေါ်ကြသည်။ ထိုပဲသီးများကို ပုစွန်ခြောက်
သို့မဟုတ် ကြိုက်နှစ်သက်ရာ အသားလေးနဲ့
ရောချက်စားပါကလည်း အလွန်ကောင်းသည်။
အချို့က ချဉ်ရည်ချက်စားသည်။ ကျွန်တော်က
ပြုတ်၍ သုပ်စားသည်။ ပဲသီးနုလေးများကို
ပြုတ်ပြီး ငံပြာရည်ချက်ဖြင့် စားပါကလည်း
အတော်စားကောင်းသည်။ ဒီတော့ဗျာ
မိတ်ဆွေတို့လည်း ခြံအတွင်း မြေအနည်းငယ်
လေးရှိပါရင် စားပင်လေး တခုခုစိုက်ပြီး
ကျွန်တော့်လို ကြွားပိုစ့်လေး ရေးတင်ကြပါလေ။

@htwegyi
October 29, 2024

Sort:  

!hiqvote

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !WEED from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

ကျောက်ဖရုံသီး ဘေး ထား အိပ်ပါ
!LUV
!LOLZ

@htwegyi, @golden.future(1/10) sent you LUV. | tools | discord | community | HiveWiki | <>< daily

Made with LUV by crrdlx

I slept like a baby last night.
I woke every two hours and cried.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future

(2/10)

PLAY & EARN $DOOM