(Photo from Manchester United Women Facebook Page)
Yesterday there are both Manchester United Men and Women Teams matches played. Women Team match is FA Cup (Women) and Men Team is EPL. Women Team won New Castle Women Team with 5-0 but Men Team draw Tottenham Hotspur with 2-2.
Women Team attempt to next Round (Round of 16). What a great performance and playing style. Now Women Team make more happiness than Men Team for fans and supporters.
At men Team draw match, we score first twice but Tottenham refutes that two goals back. Unfortunately we only get 1 point from Tottenham. Match is great but we can't happy 100%. Because of draw result both teams still at their places like EPL Week 20. Tottenham at 5 th place and United at 7 th place.
Another best match is Spain Super Cup Final, Real Madrid vs Barcelona at Al Awal Park, King Saud University, Ar-Riyäd (Riyadh), Saudi Arabia. Real Madrid won 4-1 with Barcelona. Vinicius Junior scores hat-trick and also the player of the match. He celebrates like his idol CR7 celebration after goal scored.
By the way there are Asian Cup and Africa Cup of Nations playing. Let enjoy your favorite football matches. See you tomorrow guys. Have a great time.
(Photo from Manchester United Women Facebook Page)
မနေ့က မန်ယူနိုက်တက် အမျိုးသားအသင်း၊ အမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွေ ကစား၏။ အမျိုးသမီးအသင်းကတော့ နယူးကာဆယ် အမျိုးသမီးအသင်းကို 5 ဂိုးပြတ်ဖြင့် အနိုင်ရပြီး FA Cup (Women)16 သင်း အဆင့်သို့ တက်လှမ်း သွားပြီ ဖြစ်၏။ အမျိုးသားအသင်းကတော့ အိမ်ကွင်းမှာ စပါး အသင်းနှင့် သရေကျခဲ့၏။ ဦးဆောင်ဂိုးတွေ အရင် သွင်းခဲ့ပေမယ့် စပါးအသင်းက ချေပဂိုးတွေ တဖန်ပြန် သွင်းယူခဲ့သဖြင့် တဖက် 2 ဂိုးစီ သရေရလဒ်ဖြင့်သာ ပွဲပြီးသွားခဲ့၏။
သရေ ရလဒ်ကြောင့် စပါးကော၊ မန်ယူကော အမှတ်ပေးဇယား၏ နဂို နေရာတွေမှာပဲ ဆက်လက် ရပ်တည်နေခဲ့၏။ စပါးက အဆင့် 5 မန်ယူက အဆင့် 7 နေရာမှာပဲ ဆက်လက် ရပ်တည်နေ၏။ လက်ရှိမှာ ယူနိုက်တက် အမျိုးသားအသင်းထက်စာရင် အမျိုးသမီးအသင်းကတောင် စိတ်ကျေနပ်မှု ပိုပေးနိုင်နေသလိုပင်။ ပရိတ်သတ်တွေကိုလည်း ပိုပြီး ပျော်ရွှင်မှု ပေးနိုင်နေ၏။
ဇယားထိပ်ပိုင်းနားမှာ ရပ်တည်နေသည့် အက်စတုန်ဗီလာ အသင်းသည်လည်း အဲဗာတန် အသင်းနှင့် အဝေးကွင်းမှာ ဂိုးမရှိ သရေကျခဲ့၏။ အက်စတုန်ဗီလာသာ အနိုင်ရခဲ့ရင် မန်စီးတီးကို ကျော်လွန်ပြီး အဆင့် 2 နေရာကို တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် သရေကျသွားလို့ အဆင့် 3 နေရာမှာပဲ ဆက်လက် ရပ်တည်နေ၏။
နောက်ထပ် ပြောစမှတ် တွင်ရမည့် ပွဲတပွဲက စပိန် စူပါဖလား ဗိုလ်လုပွဲ ဖြစ်၏။ ရီးရဲမက်ဒရစ်တို့ ဘာစီလိုနာကို 4-1 ဂိုး ဂိုးပြတ် အနိုင်ယူပြီး ဖလား သိမ်းသွားခဲ့၏။ ဗီနီးရှက်၏ ဟက်ထရစ်ဂိုး အပါအဝင် 4 ဂိုးထိ သွင်းပြီး မဟာပြိုင်ဘက်ကြီး ဘာစီလိုနာကို အရှုံးနဲ့ ကြုံတွေ့စေခဲ့၏။
ခုရက်ပိုင်းမှာ လိဂ်ပွဲတွေ အပြင် အာရှဖလား၊ အာဖရိကဖလား ပြိုင်ပွဲတွေ ရှိနေ၏။ ဘောလုံးပွဲတွေ မပြတ်ကြည့်ရမည့် ရက်သတ္တပင်။ ကဲ နက်ဖြန်မှ ပြန်တွေ့ကြတာပေါ့။