Hello
Nice to meet you all. How about you. I hope and wish you both healthy and richly.
After EPL Week 19, there is Week 20 start today. There are 5 matches will play first. Actually there is one more match tonight (late night). So there are 5+1 matches will play. +1 match is our Man United match. They play with Nottm Forest at away game (12:00 AM GMT+5:30). Can United hold their performance as they performed at Aston Villa (EPL Week 19). Nottm Forest haven't won at home in their last 4 matches and United also haven't scored in 3 away matches. On paper facts they are not different. (LoL)
The first (earliest) match, Luton Town vs Chelsea. Luton Town always show better performance at their home Stadium. But Chelsea have won the previous 3 matches against Luton Town. Luton Town need more points to escape from relegation zone. So their meeting is really interesting. Can Chelsea hold their position or Luton Town fight back to escape from relegation zone.
Aston Villa play with Burnley at Villa Park. Aston Villa lose Man United at Week 19 and Burnley also lose Liverpool at Week 19. Aston Villa is unbeaten in 10 home games. So I think Aston Villa will win this game. Another match I want to highlight is Man City vs Sheffield United. Sheffield haven't won an away game in their last 9 matches and Etihad Stadium isn't easy for Sheffield. So Man City take the game to hold their position at Ranking table.
And then I make one transfer for my Fantasy Team. I change Romero (Tottenham) with Gabriel (Arsenal). Let hope to get more points at FPL week 20. See you tomorrow guys. Let enjoy your weekend with EPL.
ပရီးမီးယားလိဂ် ပွဲစဉ် 20 ကတော့ ဒီနေ့ စတင်ကစားမည် ဖြစ်၏။ ဒီနေ့ည အစောပိုင်းမှာ 5 ပွဲ၊ ညနက်ပိုင်း မနက်ခင်း 12 နာရီမှာ 1 ပွဲ ကစားမည် ဖြစ်၏။ အသည်းကျော် မန်ယူနိုက်တက်က ည 12 နာရီမှာ နော်တန်ဟန်ဖောရက်နဲ့ ကစားရမည် ဖြစ်၏။ ဗီလာနဲ့ ပွဲမှာ အကောင်းဆုံး ပြန်လာခဲ့ပေမယ့် သိပ်မယုံရဲသေးပေ။ ကိုယ့်အသင်းအကြောင်း ကိုယ်သာ သိ၏။ တနေ့ရွှေ တနေ့ငွေ မဟုတ်ဘဲ တနေ့ရွှေ တနေ့ မီးသွေး ထထဖြစ်နေတော့ ဘာကိုမှ ယတိပြတ် မပြောရဲပေ။
အဝေးကန်မှာ ကန်ရမယ်၊ နော်တန်ဟန်က အိမ်ကွင်း အကောင်းကြီး မဟုတ်ဘူး ဆိုပေမယ့်လည်း ကိုယ်တွေနဲ့ တွေ့မှ တချိန်က ဥရောပချန်ပီယံဟောင်းတွေက ထပြီး တီးပြနေမှာလည်း စိုးကြောက်ရသေး၏။ ဖာဂီခေတ်အလွန် ယူနိုက်တက် ဖန်တွေ၏ ဒုက္ခကလည်း မသေးလှပေ။ နန်းကျဘုရင် ဘဝက အတော်ဆိုးလှ၏။ ဒီနေ့မှာ မန်ယူ အပြင် ချယ်လ်ဆီး၊ မန်စီးတီးတို့၏ ပွဲစဉ်လေး ရှိနေသေး၏။ ချယ်လ်ဆီးက လူတန်တောင်းနဲ့ အဝေးကွင်း၊ မန်စီးတီးက ရှက်ဖီးနဲ့ အိမ်ကွင်း ဖြစ်၏။
တန်းဆင်းဇုန် အဆင့် 18 က လူတန်တောင်းက အိမ်ကွင်းတော့ စွာ၏။ အဆင့် 18 ဆိုပေမယ့် တန်းဆင်းဇုန် အထက်က အဲဗာတန်နဲ့ တမှတ်သာ ကွာ၏။ ဒါတောင် သူက တပွဲလျော့နေသေး၏။ အိမ်ကွင်းမှာဆို ပုံစံကောင်းတွေပြပြီး အသင်းကြီးတွေကို ဒုက္ခ ပေးတတ်သဖြင့် ချယ်လ်ဆီး အနေနဲ့ အနိုင်ရဖို့ ရုန်းကန်သွားရဖို့ရှိ၏။ တန်းဆင်းဇုန်က လွတ်ဖို့ ရာသီဝက် ကတည်းကနေ စတင်ကြိုးစားထားဖို့ လိုသဖြင့် လူတန်တောင်းတို့ အနေနဲ့လည်း အားကုန်ထုတ် ကစားကြပေလိမ့်မည်။ လူတန်တောင်းကိုတော့ ပို သဘောကျမိ၏။
စီးတီးနဲ့ ရှက်ဖီးမှာတော့ စီးတီးပဲ နိုင်လိမ့်မယ်လို့ ရိုးရိုးလေးသာ ပြောပါရစေ။ ဂိုးပြတ်ရင်လည်း ပြတ်သွားနိုင်၏။ ကဲ နက်ဖြန်မှ ရလဒ်တွေနဲ့ ပြန်လာခဲ့ပါမယ်။