အတိတ်

in HIVE-MYANMARlast year

ဘာလိုလိုနဲ့ Futsal ကို ညနေအစား မနက် ပြောင်းကန်လာခဲ့တာ ဘာလိုလိုနဲ့ နှစ်ပတ် (၄ ပွဲပင်) ရှိခဲ့ပြီ။ တယောက်စ၊ နှစ်ယောက်စ မလာနိုင်တာကလွဲလို့ လူတော့ စုံ၏။ ညနေဘက်ကိုက ၆ နာရီအစား ၄ နာရီ သို့မဟုတ် ၅ နာရီ ပြောင်းကန်ရင်လည်း အဆင်ပြေပါ၏။ သို့ပေမယ့် ထိုအချိန်က မအားသူ များ၏။ ကိုယ်တွေလို အားနေသူတွေက ကိစ္စမရှိသော်လည်း ရုံး၊ ကုမ္ပဏီ စသည်ဖြင့် လုပ်ငန်း တာဝန် ရှိသူတွေအဖို့ အဆင်မပြေပေ။

ခေတ်ကောင်းစဉ်ကဆို ည ၇ နာရီမှ ကန်၏။ ကျနော်တို့က နောက်ဆုံး မဟုတ်၊ ကျနော်တို့နောက်မှာ ကန်တဲ့သူတွေ ရှိသေး၏။ ည ၉ နာရီကနေ ည ၁၁ လောက်ထိ ကန်သူတွေ ရှိသေး၏။ ကျနော်တို့ အဖွဲ့က ကန်ပြီး ခဏနား ရေချိုး။ ထို့နောက် မြို့မဈေး အနီးက ညဈေးတန်းမှာ ညစာ စားကြ စကားပြောကြ ငြင်းခုန်ကြနဲ့ ညကြီး မိုးချုပ်မှ ပြန်ဖြစ်၏။ အတော်လေးလည်း ပျော်ဖို့ကောင်းလှ၏။ ပြောနေရင်းကကို ပြန်လွမ်းမိ၏။

ထို့နောက် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ည ၇ နာရီအစား ၆ နာရီပြောင်းကန်ကြ၏။ ၆ နာရီကလည်း ခု နောက်ပိုင်းမှာ အဆင် မပြေလာတော့ပေ။ ခုက ညရေး ညတာမှာ သူခိုး ဓါးပြကော ပြီး သူခိုး ဓါးပြတွေကောနှင့်ဆိုတော့ ညမိုးချုပ်ထိ မနေသင့်ပေ။ ထို့ကြောင့် အားလုံး တိုင်ပင်ပြီး မနက်ပိုင်း ပြောင်းကန်လိုက်ကြခြင်း ဖြစ်၏။

စစဦးဆုံး မနက်ပိုင်းကန်တော့ အတော်လေး ရယ်ရ၏။ အားလုံးက မနက်ခင်း ကန်နေကြ မဟုတ်သေးတော့ ယောင်တောင်တောင်၊ ကြောင်တောင်တောင်တွေ ဖြစ်နေ၏။ ပြီး ပိုလည်း မောသလို ခံစားရ၏။ ညနေဘက်ကန်ရင် သွေးပူမလုပ်ဖြစ်ဘဲ ကန်မိရင်တောင် ကိုယ်လက်တွေ သိပ်ပြီး ကိုက်ခဲလေ့ မရှိပေ။ မနက်ဘက်မှာက သွေးပူလုပ် အကြောလျော့ပြီးမှ ကန်တာကိုတောင် ကိုယ်လက်တွေ နာနေလေ့ ရှိ၏။ တဖြည်းဖြည်းတော့ အဆင်ပြေသွားပေလိမ့်မည်။

တပတ်ကြိ မနက် ၂ ပွဲအပြင် ညနေဘက်ကိုပါ ၁ ပွဲ ထပ်ကန် ဖြစ်၏။ ညနေပွဲကတော့ ချိန်းပွဲ ဖြစ်၏။ ညနေ ၄ နာရီ သို့မဟုတ် ညနေ ၅ နာရီ ကန်ပေါ့။ ဟိုးယခင် ည ၁၁ ခွဲ ၁၂ နာရီလောက်မှ ပြန်ရာကနေ ည ၉ ခွဲ ၁၀ နာရီလောက် ပြန်၏။ ထိုမှတဆင့် ည ၈ နာရီမကျော်ခင် အိမ်ရောက်အောင် ပြန်၏။

မတော်တဆ တွေ့ရင် စစ်ဆေး စကားပြောနေရပေလိမ့်မည်။ ထိုထက်ပိုပြီး ငွေညှစ် ဘာညာ လုပ်ခံရရင် သာပြီး ဆိုးနေပေလိမ့်မည်။ ခု ထုတ်လိုက်သည့် ဥပဒေကလည်း ပေါ်တင် ငွေညှစ်လို့ရသည့် ဥပဒေ တခုအလားပင်။

မည်သို့ပင် ဆိုစေ ခေတ်ဆိုး ခေတ်ပျက်ကြီးထဲ အဆင်ပြေအောင်၊ မပျော်လည်း ပျော်အောင် နေထိုင်ရင်း ‌ဒီလိုပဲ နေ့ရက်တွေကို ဖြတ်သန်းနေရ၏။ ပန်းတိုင် မြန်မြန် ရောက်ဖို့ နိုင်ရာ တာဝန်များကို ထမ်းဆောင်ပေးဖို့တော့ လိုမည် ဖြစ်၏။

Sort:  

!hiqvote

အတိတ်ကို အတိတ်မှာပဲ ထားခဲ့ချင်ပြီ !PIZZA

ပြီးခဲ့သော ၃ နှစ်တာ အတိတ်ကိုတော့ တကယ်ကို ထားပစ်ချင်မိပါ၏။
!pizza

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
kachinhenry tipped donjaun

အတိတ်ကိုပြန်လို မြင်ယောင်မိရင်
လွမ်းလွန်လွန်းလို့ပါလေ။
!PIZZA
!MEME

ဟုတ်ပါ့။
!pizza

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻