Painting of Glass Vase and Beach

in HIVE-MYANMAR14 days ago

ဒီနေ့ ပုံတစ်ပုံကို watercolors ဖြင့်ဆွဲထားပါတယ်။ ထိုပုံက နေဝင်ချိန်ရဲ့ကမ်းခြေတစ်ခုနဲ့ ဖန်ပန်းအိုးတစ်လုံးကိုဆွဲထားတာပါ။ background ကိုတောက်ပတဲ့ အရောင်များဖြင့်ဆွဲထားပြီး၊ ဖန်ပန်းအိုးကို အနက်ရောင်ဖြင့်ဆွဲထားတာပါ။ ထိုပုံက ရိုးရှင်း၍ လှတယ်လို့ထင်ပါတယ်။

ပထမအဆင့်မှာ background ကို ခရမ်း၊ အနီ၊အဝါ၊ အစိမ်းနဲ့အပြာရောင်များဖြင့် ဆေးခြယ်တယ်။ ဖန်ပုလင်းကို အနက်ရောင်ဖြင့်ဆွဲ၍ ပုလင်းအတွင်းမှ ရေပူဖောင်းတွေကို အနက်နဲ့ အဖြူရောင်ဖြင့်ဆွဲပါတယ်။

ဒီအဆင့်မှာ အနီရောင်ပန်းတစ်ပွင့်ကိုဆွဲ၍ ရေပြင်ပေါ်မှာ ပုလင်းရဲ့အရိပ်ပုံစံကို အနက်ရောင်ဖြင့် ခြယ်ပါတယ်။ရေပြင်ပေါ်မှာ အနက်ရောင်ကို ထပ်မံဆွဲ၍ အဖြူရောင်ကိုလည်း ပုံအတိုင်းဆက်လက်ပေါင်းထည့်ပါတယ်။

ထိုပုံကို ဆွဲပြီးနောက် အရမ်းနှစ်သက်ပါတယ်။

September 25, 2025