Flower Vase Pencil Drawing

in HIVE-MYANMAR2 years ago

ဒီနေ့ပန်းအိုးပုံစံကို ခဲတံဖြင့်ဆွဲထားပါတယ်။ ပန်းအိုးထဲမှာ ပန်းငါးပွင့်နဲ့ သစ်ရွက်များဆွဲထားပြီး ပန်းအိုးရဲ့ အောက်ခြေမှာလည်း ပန်းတစ်ပွင့်နဲ့သစ်ရွက်များဆွဲထားပါတယ်။ ထိုပန်းတွေကိုဆွဲရတာ အရမ်းမခက်ခဲပါဘူး။ ဒါပေမဲ့ ထိုပန်းအိုးကိုပို၍လှပြီး သဘာဝကျစေရန် အချိန်ယူရပါတယ်။ ဒါကိုအဖြူရောင်စက္ကူပေါ်မှာ ခဲတံဖြင့် ဆွဲထားပါတယ်။

ပန်းအိုးပုံစံကို စတင်ဆွဲရမှာပါ။ မျဥ်းနှစ်ကြောင်းကိုပထမဆုံးဆွဲ၍ ပန်းအိုးပုံစံဖြစ်ရန် ပုံအတိုင်း အဆင့်ဆင့်ထပ်မံဆွဲပါတယ်။

ပန်းများအတွက်မျဥ်းတွေကိုပုံအတိုင်းဆွဲပြီး ထိုမျဥ်းများကိုဆက်၍ ပွင့်ဖတ်ပုံစံများပြုလုပ်ပါတယ်။ သစ်ရွက်များကိုလည်း ထပ်မံဆွဲပါတယ်။

ဒီအဆင့်မှာ ပန်းများနဲ့ သစ်ရွက်တွေမှာ shade တွေထည့်ပါတယ်။ ပန်းအိုးပေါ်မှာလည်း shade တွေဆွဲရမှာပါ။

ထိုပန်းအိုးကို လှပပြီး သဘာဝကျစေရန် ကြိုးစားထားပါတယ်။ နောက်ထပ်လှပပြီး နှစ်သက်စရာကောင်းတဲ့ ပုံလေးတွေကို ဆက်လက်ဆွဲပါဦးမယ်။

September 24, 2024