33 Times My Cleanplanet activities for Super Sunday. (30-6-2024)

in CLEAN PLANET7 months ago

ယနေ့သည် သုံးဆယ့်သုံးကြိမ်မြောက်
အမှိုက်ကောက်ခြင်းဖြစ်သည်။
ကျွန်တော်သည် ခြံဘေးပတ်ဝန်းကျင်ရှိ
အမှိုက်များကောက်ယူနေစဉ် ဘေးအိမ်မှ
ကလေးရောက်လာသည်။ ထိုကလေးက
ကျွန်တော့်တူမ စာပြနေသည့်ကလေဖြစ်သည်။

Grade-2 ကျောင်းသားဖြစ်သည်။
ကျွန်တော်တို့ခေတ်အရ ဆိုပါလျှင်
ဒုတိယတန်း၊ နှစ်တန်း ကျောင်းသားဖြစ်သည်။
ကလေးတို့သဘာဝ အမေးအမြန်ထူးသည်။
သို့ပေသိ ထိုကလေးသည်က ဘာသာ ဘာဝ
ထက် ပို၍ အမေးအမြန်းထူသူ ကလေး
တဦးဖြစ်သည်။

ကျွန်တော် အမှိုက်များကောက်နေစဉ်
သူက လာ၍ မေးမြန်းပါလေသည်။

"ဘာတွေလုပ်နေတာလဲ"

"အမှိုက်တွေကောက်နေတာ"

"ဘာလို့ ကောက်တာလဲ"

"သန့်ရှင်းအောင် ကောက်တာပေါ့၊
ပြီးတော့ ဒီကြွတ်ကြွတ်အိတ်တွေက
မြေကြီးထဲ ရောက်သွားရင် သစ်ပင်လေး
တွေပေါက်ဖို့ ခက်ခဲသွားမှာ"

"ဟုတ်လား သားလည် ကောက်ပေးမယ်"

"ဟော့ဒီမှာ ဒီပလပ်စတစ်အိတ်က ဦးဦးအောင်
ကွမ်းစားပြီး ပစ်သွားတာ သားတွေ့တယ်"

သူ့ဦးလေး ကွမ်းစားပြီး ပစ်ချထားသည့်
ကွမ်းထဲ့သော ပလပ်စတစ်အိတ်ကလေးကို
ပြခြင်းဖြစ်သည်။

"ဟုတ်သလား ကောက်ပြီး အမှိုက်ပုံမှာ
ထည့်ကြတာ‌ ပေါ့ကွာ"

"ကွမ်းစားတာ အရသာရှိလို့လားမသိဘူး၊
သားမေမေလည်း ကွမ်းတွေစားတယ်"

"သား ချိုချဉ်စားသလို သူတို့လည်း
စားတာနေမှာပေါ့"

ကွမ်းမစားသော ကျွန်တော်က ကလေးကို
ထိုသို့ပြောပြရသည်။

"မနက်ဖန်လည်း အမှိုက်ကောက်အုံးမှာလား"

"မကောက်ပါဘူးကွာ ငါက တနင်္ဂနွေနေ့မှသာ
အမှိုက်ကောက်တာ"

"ဟုတ်လား ဘာပြုလို့လဲ"

"တနင်္ဂနွေ နေ့တိုင်း အမှိုက်ကောက်ပြီး
အင်တာနက်ပေါ် တင်တာကွ"

"အော်"

အော် ဟု အသံပြုပြီး နောက်ထပ် မေးမြန်းခြင်း
မပြုတော့၍ တော်ပေသေးသည်။ နို့မို့
သူ့အမေးများကို ဖြေရှင်းဖို့ အတော်ကို
စိတ်ရှည်ရပေမည်။ သို့ပေသိ ကလေးများနှင့်
ကျွန်တော်က အတိုင်အဖောက်ညီပါသည်။
ကလေးအများစုက ကျွန်တော်နှင့် တည့်သည်ဟု
ပြောရမည်။ ကလေးများနှင့် တည့်အောင်လည်း
သူတို့မေးသမျှ စိတ်ရှည်ကာ ပြောပြ၊ ရှင်းပြ
ရပါသည်။

ယခုအပတ် အမှိုက်ကောက်တာ အဖော်အပေါင်းနဲ့
အမှိုက်ကောက်ခဲ့သည်။ Cleanplanet
မှာ အမှိုက်ကောက်ခြင်းအတွက် post
တင်သည့်အခါ လာရောက် vote ပေးရန်
Delegate လုပ်ထားရန်လိုသည်ဟုထင်မိသည်။
အဘယ်ကြောင့် ဆိုသော် တနေ့က
Cleanplanet ၏ ပိုစ့်တခုတွင် Delegate
ပြုလုပ်ရန်တင်ထားသည်ကို တွေ့ရသည်။
ဒီတော့ ထိုပိုစ့်မှာပါသော Delegate
ပြုလုပ်ရမည့် အမည်များကို သွား၍ dele
ပြုလုပ်ပါအုံးမည်။

@htwegyi
June 30, 2024

Sort:  
Loading...