သီချင်းများနဲ့ ခရီး။

in HIVE-MYANMARlast month

ယနေ့ လကုန်ရက်ဖြစ်သည်။ ဩဂုတ်လ သုံးဆယ့်တစ်ရက်
လကုန်ဖြစ်သည်။ လကုန်ရက်မို့ အခက်ကြုံရပြီနော်
သီချင်း သတိရမိသည်။

"စာရေးကြီးလို့ အဝေးအနီးကခေါ်
သွေးမကြီးနိုင် ပါနော်
ကလေးအနှီး ထိုင်ကာလျှော်"

ကျွန်တော်တို့ ငယ်စဉ်က အောင်မြင်ခဲ့သော သီချင်း
ဖြစ်သည်။ ငယ်စဉ်က ထိုသီချင်းသံကြားတိုင်း
ဘေးအိမ်က စာရေးမ အန်တီကြီးကို မြင်ကာ
ပြုံးမိသည်။ ငယ်စဉ်ကတော့ ထိုသီချင်း၏
စားသားအားလုံးကို သေချာ သတိမထားမိပေ။
ကိုယ်တွေ ဝန်ထမ်းစားရေးဘဝ ရောက်ပါမှ
ထိုသီချင်း၏ စာသား အဓိပ္ပါယ်များကို တစေ့စေ့
တွေး၍ တရေးရေး သဘောကျမိသည်။

မည်သူရေး၍ မည်သူ ဆိုထားသည်ကို မသိပေ။
သို့ပေသိ လွန်ခဲ့သော နှစ်များက ထိုသီချင်းကို
အရိုင်းက သရုပ်ဆောင်ထားသည်ကို မြင်ခဲ့ဖူး
သည်။ ထိုစဉ်ကလည်း သဘောကျသည်။
ကျွန်တော်က သီချင်းများကို အင်မတန်သဘောကျ
သူဖြစ်သည်။ သီချင်းတပုဒ်ကိုတော့ ပီပီပြင်ပြင်
အစ အလယ် အဆုံး တခါမျှ ဟုတ်တိ ပတ်တိ
မဆိုနိုင်ပေ။ ကိုယ်ကြိုက်သော သီချင်းသံကြားပါမူ
အစမှ လိုက်ဆိုသလို။ အလယ်မှလည်း လိုက်ဆိုသည်။
ကိုယ်ရသော နေရာ စာသားများကို အဆိုတော်နဲ့
အပြိုင် လိုက်ဆိုသည်။


Image Credit.

သီချင်းဆိုခြင်းသည် လူ၏ စိတ်နေစိတ်ထားကို
အလွယ်တကူ သိရသည်။ သီချင်း ညည်းနေသူ
တဦး၏ စိတ်သည် ပေါ့ပါး လွတ်လပ်ပျော်ရွှင်နေသည်ဟု
အကြမ်းမျဉ်း ခန့်မှန်းနိုင်ပေသည်။
အနုပညာ ဆိုသည်က လူ၏ စိတ်ကို နူးညံ့စေသလို။
စိတ်ကို အမျိုမျိုး ဖန်တီးပေးနိုင်သော အရာလည်း
ဖြစ်သည်။ သီချင်းနှင့် ဂီတသည်က လူအများ၏
စိတ်ကို ဖမ်းစားနိုင်သည့် မှော်အတတ်လည်း ပါရှိသည်။

လကုန်ရက်ကို ပြန်ဆက်ရသော် ယခင်လကုန်ရက်
များနဲ့ ယခု လကုန်ရက်တို့က အကွာကြီးကွာခြား
ခဲ့သည်။ သေဆုံးသွားလေသူ မင်းသား ဒွေး ၏
သီချင်း အတိုင်း "ဘယ်တော့မှာ မမေ့ဘူး"
အတိတ်က လကုန်ရက်များက ကိုယ်တွေအတွက်
ဝင်ငွေဆိုသည်အရာ ရှိခဲ့သည်။ ယခု လကုန်ရက်များ
သည်က ကိုယ်တွေအတွက် အဓိပ္ပါယ်မဲ့နေသည့်အပြင်
ရင်တုန်စေသော ရက်ဖြစ်သည်။

ဝင်ငွေ ထွက်ငွေ များအတွက် ရင်မောရစေသော
လကုန်ချိန်ရက်ဖြစ်သည်။ ဝင်ငွေနည်းနည်း
ထွက်ငွေများများ အိုး ဘာတဲ့ နင်လားဟဲ့ ကုန်ဈေး
နှုန်း။ မလိုအပ်သော အသုံးများကို လျှော့။
မရှိမဖြစ် အရာများကိုသာ ခြိုးချမ်းချွေးတာရင်း
ဤခရီး နီးသလား ဝေးသေးလားဆိုတာ။
အားလုံး တူတူညီညီ ဖြေဆိုပေးကြပါရင်ဖြင့်
ဤခရီး နီးပါပြီလေ။

@htwegyi
August 31, 2025

Sort:  

ဝင်ငွေ ထွက်ငွေ ဘယ်တော့မှ မမျှ။
Hive ဈေးတက်မှပဲ ကော်တော့မည်။
😅

ဟုတ်သပ အဝင် အထွက်များ ဗိုက်ထဲကို
ဝင်ပြီး ထွက်တဲ့ ဟာတွေတောင် မညီမျှဘူး။