မြန်မာပြည်ခွေး။

in HIVE-MYANMAR4 days ago

ပြောမှ ရတော့မည်။ ပြောမှ ဖြစ်မည်။ မပြောလို့
မရေးလို့ မရတော့ဘူး။ မြန်မာပြည် ခွေးမွေးသူတွေ
ရဲ့အကြောင်းပေါ့။ ခွေးဆိုသည့် သတ္တဝါက တိရစ္ဆာန်
များမှာ သူကအသိတတ်ဆုံးဟု ထင်ပါသည်။
အခြားသတ္တဝါများကတော့ ကိုယ်နဲ့ မနီးစပ်တော့
မသိပါ။ ခွေးဆိုသည့်ကောင်က သူ့သခင်အပေါ်
သိတတ်သည်။ ခွေးနဲ့ ကြောင်ဆိုပါမူ လူနဲ့ အနီးဆုံး
သတ္တဝါများဖြစ်သည်။

ခွေးနှင့် ကြောင် ကို မိတ်ဆွေများအနေဖြင့် မည်သည့်
သတ္တဝါ အပေါ် မေတ္တာပိုနိုင်ပါသနည်း။ ကျုပ်အနေနဲ့
ခွေးကို အနည်းငယ်သာမိသည်။ သို့ပေသိ အိမ်မှာ
မည်သည့် တိရစ္ဆာန်မှ မမွေးပါ။ လမ်းဘေးမှ ခွေး
အချို့ကို အိမ်မှာ ထမင်း၊ ဟင်းကျန်ပါမူ ကျွေးမွေး
တတ်သည်။ ကြောင်ဆိုသည့် သတ္တဝါကိုတော့
ကျုပ်က ခွေးလောက် မေတ္တာမရှိလှပေ။

ကျုပ်အကို တာယာပွကြီးကတော့ ခွေးတစ်ကောင်
မွေးထားဖူးသတဲ့။ မည်သည့်က ရောက်လာမှန်းမသိသော
ခွေးတစ်ကောင်ကို ဒီအတိုင်း ကျွေးမွေးရင်းနဲ့
သံယောဇဉ်ဖြစ်၍ နေသည်။ ခွေးက အရပ်အမောင်း
ကောင်းသည်။ ခွေးထီးဖြစ်သည်။ လူပျိုကြီးကမွေး
မှတော့ အထီးဖြစ်ဖို့များတာပေါ့။ သူ့ခွေးကြီးက
သူသွားလေရာ ဆိုင်ကယ်နောက်သို့ အပြေးလိုက်
တတ်သည်။

အနီးအနား ဘီယာဆိုင်များသို့ သွားပါမူ
သူ့ခွေးကလည်း သူသောက်သည့် ခုံအောက်မှာ
ဝင်၍ သူ့ချကျွေးသော အမြည်းအရိုးများကို စား
သည်။ တနေ့တော့ သူ့နောက် ပြေးလိုက်လာသော
ခွေးကြီးကို ဆန့်ကျင်ဖက်မှလာသော ဆိုင်ကယ်မှ
ကြောက်လန့်၍ ဆိုင်ကယ်လဲကျသည်။ ထိုဆိုင်ကယ်
ကိုစီးလာသူက မိန်ခလေးနှစ်ဦးဖြစ်သည်။
မိန်းခလေးများက ခွေးကိုမြင်၍ သူရို့ဖာသာ
လဲကျသည် ခွေးနှင့် ထိတွေ့မှုလည်းမရှိပေ။

သို့ပေသိ ခွေးပိုင်ရှင် တာယာပွကြီးက သူ့ခွေးကို
ဆူပူ ကြိမ်းမောင်းသည်။ ခွေးသည်က စိတ်ထိခိုက်
သွားသလားမသိပေ။ ထိုနေ့မှ စ၍ ခွေးကြီးကို
မမြင်ရတော့ပေ။ တာယာပွကြီးလည်း သူ့ခွေးကြီးကို
စိတ်မကောင်းစွာဖြင့် သတိရနေပေသည်။
ခွေးပိုင်ရှင် အချို့သည်။ သူတို့၏ ခွေးကြီးများကို
လမ်းပေါ်သို့ ထွက်၍ ခွေးကျောင်းကြသည်။
ထိုသို့ ခွေးကျောင်းရာတွင် ခွေးသေး၊ ခွေးချေး
များလည်း အပြင်မှာ စွန့်ခိုင်းသည်။

ခွေးကျောင်းသူများအနေဖြင့် မိမိခွေးကို
ထိုသို့ အညစ်အကြေးစွန့်သည့်အခါ အခြား
ပတ်ဝန်းကျင်၏ အိမ်ရှေ့ဝင်းပေါက်များမှာ
အညစ်အကြေးစွန့်ခြင်းကို ရှောင်သင့်ပေသည်။
အခြားသင့်တော်သော နေရာများမှာ မိမိခွေးကို
စွန့်ခိုင်းသင့်ပေသည်။ မိမိအိမ်တော့ ခွေးချေး
မရှိစေ။ အခြားသူတွေ နေရာမှာ ခွေးချေး
ရှိစေတာကတော့ အဆင်မပြေပေ။ အခြား
နိုင်ငံများမှာ ခွေးကျောင်းပါမူ မိမိ၏ခွေး အညစ်
အကြေးစွန့်ပါမူ ထိုအညစ်အကြေးကို ကောက်ယူရန်
အိတ်နဲ့ လိုက်ပါသည်ဟု သိရသည်။

မြန်မာပြည်ကြီး၏ ခွေးပိုင်ရှင်များကတော့
လမ်းဘေးခွေးများကိုသနား၍ ကျွေးမွေးသည်။ တော်သလင်းလကျော်၍ ခွေးများသားပေါက်ပါမူ ခွေးသားအုပ်မ၏ ရန်စောင်း ကိုက်ခံရသူများအဖို့ ခွေးရူးကာကွယ် ဆေးထိုးရသည့်ဒုက္ခကို ခံရသည်။ ခွေးကို ရိုက်သည့်အခါ ခွေးပိုင်ရှင်က ရန်ထောင်သည်။ ခွေးကိုက်ခံရသည့်အခါ ခွေးပိုင်ရှင် မရှိတတ်သည်ကိုလည်းတွေ့ရပါသည်။
မြန်မာပြည်၏ခွေးများနဲ့ ခွေးပိုင်ရှင်များအကြောင်းကတော့
ရေးမည်ဆိုပါရင် အ‌တော်ကိုစာရှည်ပေမည်။

@htwegyi
June 18, 2025

Sort:  

တိချစ်သူနဲ့ ခွေးကိုက်ခံကြရသူတွေကြား စကားစစ်ထိုးပွဲတွေကလည်း အများသား။

ဟုတ်ပ ခွေးကိုတော့ ကြည့်ရှောင်သွားရတယ်။