မြန်မာပြည် အတန်းရှည်။

in HIVE-MYANMARlast year

စာရေးဖို့ ပျင်းပါတယ်ဆို မနေ့က ပိုစ့်တင်မည့်ရက်
မိတ်ဆွေအိမ်အလည်သွား၍ ပိုစ့်မတင်ဖြစ်ပေ။
Hive ဈေးကကျတော့ စာရေးဖို့ ကိုယ့်ကိုယ်ကိုအတော်ကို
တွန်းအားပေးရသည်။ Hive ဈေး
ကျချိန် ဝယ်ထားပါက ကောင်းပေမည်။
ကိုယ်တွေဘဝက ဝယ်ထားဖို့အသာထား၊
ကိုယ့်မှာရှိသော Hive များပင် မရောင်းရအောင်
စိတ်ထိန်းထားရသည်။

ဆန်၊ ဆီဈေးများက ကြောက်စရာကောင်းသည့်
ထက်ပင် ပိုမိုကာ ဈေးတက်နေသည်။
ကိုယ့်မှာ ရှိသော ငွေကြေး လေးများက
တဖြည်းဖြည်းနှင့် တန်ဘိုးကျလာသည်။
ငွေကြေးဆိုသည်က လည်ပတ်နေမှသာ
ကောင်းသည်။ ထိုသို့ ငွေကြေးကို မလည်ပတ်နိုင်
သော ကိုယ်တွေအဖို့ မိအေးနှစ်ခါနာရသည်။

ယနေ့ ကျွန်တော်ဝယ်နေကျ ဈေးမှာ
ဈေးပွဲတော်ပြုလုပ်သည်။ ဝက်သား၊ ဆိတ်သား
ဈေးသည်များရောင်းသည်။ ကြက်ဥဆယ်လုံး
နှစ်ထောင့်ရှစ်ရာရောင်းသည်။ ပုံမှန်ဆို ဈေးထဲမှာ
ကြက်ဥတလုံးသုံးရာဖြစ်သည်။ ကြက်ဥဝယ်ယူသူ
အနည်းငယ်ရှိသည်။

ဝက်သားရောင်းသူထံ လူများဝိုင်အုံး၍
ဝယ်နေကြသည်။ ဝက်သားဈေး မည်မျှ
ရှိသည်ကိုမသိပေ။ ကျွန်တော်က ဈေးထဲပုံမှန်
ဝက်သားရောင်းသူထံမှ ဝယ်နေကြ
ဝက်အဆီအခေါက် နှစ်ထောင်ဖိုးသာဝယ်သည်။
ဈေးရောင်းပွဲတော်ရှိ ဆိတ်သားသည်ထံမှ
ဆိတ်ရိုး ဝယ်မည်ဟု စိတ်ကူးသည်။

ဆိတ်ရိုးအစိတ်သား နှစ်ထောင်ဟုပြောသည်။
အရိုးကို နှစ်ထောင်ပေး၍ ဝယ်မဖြစ်သေး။
ထိုအရိုးနှင့် ရောရန်အတွက် ဝယ်ရအုံးမည်။
ဒီတော့ အရိုးချင်းတူတူ ဆိတ်ရိုးထက် ဈေးသက်သာသော
ဝက်ရိုးကိုသာ ဝယ်ရသည်။ ဝက်ရိုး
တထောင်ဖိုးဝယ်၍ ဘူးသီးဖြင့်ရောရန်စိတ်ကူးသည်။
အိမ်မှာရှိသော ပဲချဉ်ပေါင်‌ကို သတိရ၍ ဝက်ရိုးနှင့်
ပဲချဉ်ပေါင် ရောကျိုရန် စိတ်ကူးရသည်။

ဈေးပွဲတော်မှ ဝက်သား၊ ဆိတ်သားဈေးသည်များအနီးမှ
ကျော်ဖြတ်၍ ဆီရောင်းသောနေရာသို့
ရောက်ရှိခဲ့သည်။ ဈေးသက်သာသော စားအုန်းဆီ
လေးနှင့် ရောချက်ရန်စိတ်ကူးသည်။
ဆီရောင်းချသည့်နေရာသို့ရောက်သောအခါ
လူတန်းရှည်ကြီးကို တွေ့ရသည်။

လူတန်းကိုကြည့်၍ လူအနည်းငယ်သာရှိသည်
သွားတန်းရန်စိတ်ကူးဖြင့် လူတန်း၏နောက်ဆုံးကို
သွားကြည့်ရာမှာတော့ အားပါးပါးဟု တမိသည်။
ကျွန်တော်ကြည့်မိသည့် လူတန်းက ကိုယ်တွေ
မျက်စိတဆုံးသာဖြစ်သည်။ လူတန်းက
မျက်စိတဆုံးအပြီးမှာ ဘေးသို့ ချိုးကွေ့ကာ
နည်းနည်းနောနော လူတန်းရှည်ကြီးဖြစ်နေလေသည်။

ထိုနောက် ဆီရောင်းသည့်နေရာ ခဏရပ်ကြည့်မိ
သည့်အချိန်မှာပင် သူတို့လူ သူတို့ပြန်ရောင်းချနေသလား
ထင်ရပေတော့သည်။ ဆီရောင်းသူ
စည်ပင်ဝန်ထမ်းက သူ့အမျိုးရှိရှိသမျှကို
ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်ဈေးမှာ ဆီရောင်း
မည်ဟု ပြောထားလေသလားမသိပေ။
မနက်မိုးမလင်းမှီကပင် ‌ဆီဝယ်ရန်ရောက်ရှိ
နေကြသည်ဟု သိရပေသည်။ ဆီတန်း၊ ဆန်တန်း
ဖြင့် အတန်းရှည်နေသော အမိမြန်မာပြည်ကြီး
ပါလေ။

@htwegyi
June 26, 2024

Sort:  

!hiqvote

သာလိစွပါ
!lolz
!pizza

သာလိစွပါပဲ။

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !WEED from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

@htwegyi!

@hiq.smartbot passed you the virtual joint!
If you do not want to receive these comments, please reply with !STOP
 11 months ago Reveal Comment