မီတာဈေးတက် ငွေပိုထွက်။

in HIVE-MYANMARlast month

လျှပ်စစ်မီးက တနေ့နှစ်ဆယ့်လေးနာရီမှာ
လေးနာရီလာဖို့ပင် ခက်ခဲသည်။ မီးမလာပေသိ
လျှပ်စစ်ဓာတ်အားခများက တိုး၍ကောက်ခံ
လာသည်။ ကျွန်တော်တို့အိမ်အတွက် လျှပ်စစ်
မီးသည်က ရေတင်ဖို့အတွက် အဓိကဖြစ်သည်။
ကျန်သည့်အရာက ဖုန်းအားသွင်းခြင်းဖြစ်သည်။

အခြားအရာများအတွက် လျှပ်စစ်မီးမသုံးလည်း
အဆင်ပြေသည်။ အခြားအရာဆိုသည်က
အဲယားကွန်း၊ ရေခဲသေတ္တာ စသဖြင့် အရာများက
မသုံးရ၍ ကိုယ်တွေအတွက် ပြဿနာမရှိ။
ပြဿနာမရှိဆို ထိုပစ္စည်းများလည်း အိမ်မှာ
မရှိပါဘူး။ ဒါက ကြွားတာ။ သို့ပေသိ ဒယ်နီအိုးနှင့်
မီးကြွေအိုးများကတော့ မီးအားဆွဲသည်။
ထိုအရာများကတော့ အိမ်တိုင်းနီးပါးရှိကြသည်။

ထိုအရာများကလည်း ကျွန်တော့်အိမ်အတွက်
ပြဿနာမရှိသေးပါ။ အင်္ကျီများကို မီး‌ကြွေထိုး
မဝတ်သည်မှာ သုံးနှစ်ကျော်လာခဲ့သည်။
ဒယ်နီအိုးဆိုသည်ကလည်း မသုံးလည်းရသည်။
ထင်းမီးဖြင့် အိုးများ အိုးမဲပေအောင် သုံးတတ်နေသည်။
ထင်းမီးအတွက် ထင်းကလည်း
ပြဿနာမရှိပေ။ မျက်နှာချင်းဆိုင် တရုတ်တိုက်
က သူတိုက်ဆောက်စဉ်က ဉာဏ်စင်ခဲ့သော
ဝါးပိုးဝါးများ ပေးထားသည်။ ထိုအပြင် သူ့တိုက်နှင့်
မလွတ်ကင်းသော သရက်ပင်မှ သရက်ကိုင်းများ
ခုတ်ထားသည်ကိုလည်း ပေးထားသည်။

ဆိုတော့ ထင်းအတွက် တနှစ်စာကျော်ခန့်
ဖူလုံသည်။ ဟင်းချက်၊ ထမင်းချက်အတွက် လျှပ်စစ်
မီးကို မလိုအပ်ပေ။ ကျွန်တော်တို့အိမ်အတွက်
အဓိက လျှပ်စစ်မီးလိုအပ်ချက်က ရေမော်တာ
ရေတင်ရန်အတွက်ဖြစ်သည်။ ဒုတိယက
ကျွန်တော့်အတွက် ဖုန်းအားသွင်းရန်ဖြစ်သည်။

ယခုအခါ အခြားအိမ်များအတွက်လည်း
လျှပ်စစ်မီးက ပြဿနာမရှိကြတော့ပေ။
အိမ်တိုင်း အထူးသဖြင့် ချမ်းသာသူများ၏
အိမ်တိုင်းမှာ ဆိုလာပြားများတပ်၍ လျှပ်စစ်
ပြဿနာအတွက် သူရို့ဟာ သူရို့ ဖြေရှင်း
နေကြပြီးဖြစ်သည်။ ကျွန်တော်တို့လို
ဟိုမရောက် ဒီမရောက်လူတန်းစားများ
အတွက်သာ လျှပ်စစ်က ပြဿနာဖြစ်နေ
ပေသည်။

ယနေ့ မီတာဘေလ်များ လာပေးသွားသည်။
ကိုးလပိုင်းအတွက်ဖြစ်သည်။ ကိုးလပိုင်းမှစ၍
မီတာခများတက်ပြီးကောက်ခံသည်။ ကျွန်တော့်အိမ်
မီးမသုံးပါဘူးဆိုသည့်တိုင်၊ မီးပုံမှန်မလာသည့်တိုင်
မီတာခ ခုနှစ်ထောင်ကျသည်။ ကျွန်တော့်မိတ်ဆွေအိမ်ကတော့
အဲယားကွန်အသုံးများ၍လားမသိ။
ယခင်လများက မီတာခလျော့ကောက်ယူခဲ့၍
လားမသိပေ။ ကိုးလပိုင်းအတွက် မိတ်ဆွေအိမ်၏
မီတာခက ငါးသိန်းကျပ်ကျသည်။

တလ ငါးသိန်းဆိုသည်က ကျွန်တော်အိမ်၏
တလ အသုံးစရိတ်ထက်ပင်များ‌သေးသည်။
တလငါးသိန်း မီတာဘေလ်က မည်သို့များ အသုံး
ပြု၍ကျသလဲ မသိပေ။ အိမ်သုံးမီတာဘေလ်
ကို ထိုမျှလောက်ကျသည်မှာ တခုခုမှားယွင်း
နေသလားဟု မိတ်ဆွေကို ဖုန်းဖြင့် ဆက်မေးမိ
သည်။ ထိုအခါ မိတ်ဆွေက သူ၏ Kpay မှာ
လစဉ်ဆောင်သည့် ဘေလ်က်ုကြည့်၍ ပြောခြင်း
ဖြစ်သည်ဟု ပြောသည်။

ကျွန်တော်က သေချာလည်းကြည့်ပါအုံးဟု
ပြောသည့်အခါ သူက နောက်တခါ သူ့ဖုန်းမှ Kpay
ကိုဖွင့်၍ ကြည့်သည်။ ထိုသို့ ကြည့်သောအခါ
ငါးသိန်းမှ ငါးသောင်းဖြစ်နေသည်ဟုပြောသည်။
သူအကြည့်မမှားဟုပြောသည်။ ပထမကြည့်စဉ်က
ငါးသိန်းဖြစ်၍ ယခုအခါ ထပ်မံပြန်ကြည့်ပါမှ
ငါးသောင်းဖြစ်သွားသည်ဟု ပြောပါလေသည်။
မည်သို့ပင် ဆိုစေ မီတာဘေလ်မဆောင်ရသေး
၍ တော်ပေသေးဟု ဆိုရပေမည်။ တခါတရံ
အမှားအယွင်းများလည်း ဖြစ်တတ်ပေသည်။

@htwegyi
October 15, 2024

Sort:  

အမယ်မင်း ဟုသာ ဟစ်လိုက်ချင်

အေးပါကွယ်။

!hiqvote

သုံသောင်းကျော်တယ် ဒီတစ်လ။ မီတာက အမြင့်နုန်းထဲ‌ ရောက်ရင် ကြိတ်တော့တာပဲ။

!MEME !LOL !PGM

Why did the melon have to get married in a church?
Because it cantelope.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of princekham

(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP

ဟုတ်ပေ့ဗျို့။