Binance က စိတ်ဓာတ်ပဲ၊ အတိုးရယ်။

in HIVE-MYANMAR8 days ago

တစ်ရက် တစ်ရက် ကုန်သွားတာ မြန်သည်။
တစ်လ တစ်လ ကုန်သွားသည်မှာ ခဏဟုထင်သည်။
တစ်နှစ်ဆိုသည်က မေ့မေ့ ပျောက်ပျောက်နဲ့
ရောက်လာသည်။ ရက်၊ လ၊ နှစ်တို့က ထုံးစံအတိုင်း
ရွေ့လျားသွားနေသည်။ သို့ပေသိ ထိုအချိန်ကာလ
များကို မြန်သည်ဟု ထင်သူက ထင်ကြသလို။
ကြာလိုက်တာဟု ထင်သူများလည်း ရှိကြပေသည်။

တခါတရံ တစ်စက္ကန့်၊ တစ်မိနစ် အချိန်ကလေးကိုပင်
ကြာလိုက်ထာဟု မြည်တွန်းမိသူများရှိသလို။
တနှစ်ဆိုသည့်အချိန်ကိုလည်း ခဏလေးပါလားဟု
ဟု ဆိုသူများလည်း ရှိကြပေမည်။ လူ့အလို
နတ်မလိုက်နိုင်ဆိုသလို။ လူတို့၏ လောဘကလည်း
အောချရပေသည်။ ထိုလောဘသားများတွင်
ကျွန်တော်လည်း ပါဝင်ပေသည်။ တနေ့က
Binance မှ 8 နှစ်မြောက် အထိမ်းအမှတ်
အနေဖြင့် သူရဲ့အဖွဲ့ဝင်များကို ကံစမ်းမဲများပေးသည်။

ကံစမ်းမဲဆိုသဖြင့် ကိုယ်တွေလည်း အပြေးအလွှား
သွားယူသည်။ ကံစမ်းမဲ ဆိုသည်က ရောင်းချသူ
များက ဝယ်ယူသူများကို မက်လုံးပေးသည့်အရာ
ဖြစ်သည်။ မိမိ၏ ရောင်းကုန်ပစ္စည်းကို ဝယ်သူများ
စိတ်ပါဝင်စားအောင် မြူဆွယ်သည့် သဘောဖြစ်သည်။
ထိုအရာကို ကျွန်တော်တို့ မြန်မာပြည်သူ
များက အလွန်သဘောကျသည်။ အခြားနိုင်ငံသား
များလည်း သဘောကျသလားမသိပေ။

မြန်မာပြည်၌ ကုန်ပစ္စည်းများကို ကံစမ်းမဲများ၊ လက်ဆောင်များပေး၍ ရောင်းချပါမူ အင်မတန်
ရောင်းရပေသည်။ မြန်မာပြည်သူတို့က အပို၊
အဆစ် စသည်တို့ကို တောင်းယူသော
ဝါသနာများ ရှိကြသည်။ ထိုကြောင့် ထိုသို့ လက်ဆောင်များ
ပေး၍ ရောင်းချပါမူ
အင်မတန်သဘောကျသည်။ ထိုရောင်းကုန်လည်း
အရောင်းသွက်လှသည်။ ကုန်ပစ္စည်းက
မည်မျှဈေးတင်ထားသည် မသိပေသိ လက်ဆောင်များရပါမူ ‌သဘောကျကြသည်။

အဲ သို့ပေသိ လက်ဆောင်တွေပေးနေသော်လည်း
မယူနိုင်သူများလည်း ရှိပေသည်။ ထိုသူများတွင်
ကျွန်တော်လည်း ပါဝင်သည်။ Binance ကို
အသုံးပြုနေသော ကျွန်တော်သည် သူက ပေး
သော လက်ဆောင်များကို ယူရမှန်း မသိပေ။
လက်ဆောင်ယူရမှန်း သိသည့်အခါမှာလည်း
မယူနိုင်ပေ။ ဟယ် နင့်ဟာက ရှုပ်နေတာပဲ။
ဂလိုဗျာ သူပေးထားတဲ့ လက်ဆောင်တွေက
သူ့အိတ်ချိန်မှာ Trade ပါမှ ရမည့်ဟာတွေ။

အဲ့သည့် Trade မှ ရမည့်ဟာတွေကလည်း
ကိုယ်တွေ Trade တတ်သော Spot မှာ ပေးသည်
မဟုတ်။ ဘာတဲ့ Futures ဆိုသောဟာမှာ
သွား Trade မှ ရမယ်တဲ့။ အဲ့သည့် Futures
ဆိုသည့် ဟာကြီးက မထရိတ်တတ်ရင် အန္တရာယ်
ရှိသည်ဆိုပဲ။ သို့ပါသောကြောင့် သူ့ထံမှ မရလည်း
နေပါစေ။ ကိုယ့်ဆီက မပေးရတာက ကောင်းပါတယ်။
ကိုယ်တွေက အဲ့သလို ကပ်စေးနည်းပေသည်။

ဟော့ တနေ့က Binance မှ 8 နှစ်မြောက်အတွက်
လက်ဆောင်ရသည်။ Binance နဲ့ကွယ် ကိုယ်တွေမှ
မကျွမ်းကျင်ပါဘူးဆိုမင့်။ လက်ဆောင်ပေးတာကို
သူများတွေ ပေးသလို။ ရော့ အင့် ဘယ်နှစ်ပြားတန်
တိုကင် အစသဖြင့် ပေးပါရောလား။ ကျုပ် ကို
ပေးတဲ့ဟာက ဘာတဲ့ 288 LISTA တဲ့။ 288 LISTA ဆိုတော့ ဒေါ်လာဘယ်လောက်များလဲပေါ့။ ကွိုင်မားကတ်မှာ အပြေးသွားကြည့်။ ပြားနှစ်ဆယ်ကျော်သဟ။ မှန်း မြောက်ကြည့်တော့ အံမယ် ဒေါ်လာခြောက်ဆယ်နီးပါးကြီးများတောင်။

ဟုတ်သေးဘူးနော့ သိရသလောက် $4, 3$
လောက်သာ ပေးသတဲ့။ သူ့ဟာကလေ ကိုယ်တွေအတွက်
ရတာလိုလို။ မရတာလိုလို။
Binance ကလည်း စိတ်ဓာတ်ပဲ။ သို့နှင့် မက်စင်ဂျာ
ဂရုမှာ သွားမေးမှ သိရတာက။ ရသလိုလို။
မရသလိုလို။ အတိုးရမှာတဲ့လေ။ သေချာ
လေ့လာမိသမှ ရမည့်အတိုးက လေးရက်စာ
ဆိုသလား။ အော် အတိုး အတိုး။ ငယ်ကျွမ်းဆွေရဲ့
အမည်လိုလိုပါလာလေ။

@htwegyi
July 14, 2025

Sort:  

ကျုပ်မှာတော့ 8 HAEDAL ရတယ် တန်ဖိုးက ၁.၅$ ဖိုး တိုက်ရိုက်ရတယ်။
!LUV
!LOLZ

My girlfriend broke up with me because I quote Linkin Park too much.
But in the end, it doesn’t even matter.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future

(1/10)

PLAY & EARN $DOOM

မိုက်ထာဗျို့။

သူများတွေများကံကောင်းလိုက်တာ ကိုယ်တွေက 8 Haedal ပဲရတယ်

အက်လယ် ကံကောင်းတယ်လား။