ဒီနေ့ အရမ်းလှတဲ့ပုံတစ်ပုံကို ခဲတံနဲ့ watercolor ကိုအသုံးပြု၍ ဆွဲထားပါတယ်။ ထိုပုံထဲမှာ ပုလင်းတစ်လုံး၊ လိမ္မော်သီးနဲ့ စပျစ်သီးလေးတွေပါဝင်ပါတယ်။ ထိုပုံက ရိုးရှင်း၍ နှစ်သက်စရာလည်းကောင်းတယ်လို့ထင်ပါတယ်။





ပထမအဆင့်မှာ ပုလင်း၊လိမ္မော်သီးနဲ့ စပျစ်သီးများကို ခဲတံဖြင့်ဆွဲပါတယ်။ ပြီးနောက်ပုလင်းကို mahogany color ဖြင့် ပုံအတိုင်းဆေးခြယ်၍ လိမ္မော်သီးကို လိမ္မော်ရောင်ဖြင့်ဆက်လက်ဆေးခြယ်ပါတယ်။ ဒီအဆင့်မှာ စပျစ်သီးများကို အနီရောင်ဖြင့် ပုံအတိုင်းဆေးခြယ်၍ သူတို့အပေါ်မှာ အဖြူရောင်များကို ဆက်လက်ပေါင်းထည့်ပါတယ်။






စားပွဲပုံစံကို dark brown, black, yellow နဲ့ yellow ochre colors ဖြင့်ဆေးခြယ်ပါတယ်။လိမ္မော်သီးနဲ့ စပျစ်သီးတို့ရဲ့ အရိပ်များကိုလည်း ဆက်လက်ပေါင်းထည့်ပါတယ်။

ထိုပုံကိုဆွဲပြီးနောက် တကယ့်ကို နှစ်သက်ပါတယ်။

July 10, 2025

