3D Drawing Standing Pencil on Paper

in HIVE-MYANMAR4 months ago

ဒီနေ့ 3D ပုံတစ်ပုံကို ဆွဲထားပါတယ်။ အခုရက်တွေအတွင်း 3D ပုံတွေ ဆွဲဖြစ်နေပါတယ်။ ထိုပုံက ထူးခြားပြီး ထိုပုံကိုဆွဲရတာ အရမ်းမရှုပ်ထွေးပါဘူး။ ဘယ်လိုဆွဲရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့်ဖော်ပြထားပါတယ်။

ပထမအဆင့်မှာ ခဲတံတစ်ချောင်းကိုဆွဲ၍ နောက်တစ်ဆင့်မှာ စာရွက်တစ်ခုကို ပုံအတိုင်းဆွဲပါတယ်။ ခဲတံရဲ့မလိုတဲ့ အပိုင်းများကို ဖျက်ရမှာပါ။

စာရွက်ပေါ်မှာ မျဥ်းများကိုဆွဲ၍ ခဲတံကို ဆေးခြယ်ပါတယ်။ ခဲတံနဲ့ စာရွက်ရဲ့ အရိပ်ကိုလည်းဆွဲပါတယ်။

ဒီအဆင့်မှာ မလိုတဲ့စက္ကူအပိုင်းများကိုဖယ်ရှားပါတယ်။

ထိုပုံက နှစ်သက်စရာကောင်း၍ ထူးခြားတယ်လို့ထင်ပါတယ်။ အခြား 3D ပုံတွေကိုလည်း ဆက်လက်ဆွဲပါဦးမယ်။

@asterkame
March 11, 2026