I'll try again (နောက်ထပ်တစ်ကြိမ် ကြိုးစားကြည့်မယ်)

in #myanmar16 days ago

Hello everyone
It's been a long time since I've written. It's been over two years in terms of time.
Time hasn't stopped. It's just been passing by. I've always been carefree.
Has time really flown by?

I really didn't think it would take this long. I thought it was so recent.
When I looked back at my last post, it was over two years ago.

I always insisted on writing again, but it never happened in reality.

I just moved on and reached two years as time went by.
Tonight I finally did it. I'll write again.

Since I've been away for so long, I'll have to relearn a lot of the changes on the Hive platform.
I'll have to take some time to understand some things.

Since I've been away for so long, even pressing the keys on the keyboard is not as comfortable.
My typing isn't as smooth as it used to be,
I'm trying to type slowly. I couldn't think of much to write about.
I definitely want to write again.
I'll try again on the Hive platform.

This is my first new post.
I'll try to make it better in the next few days.
Have a nice day.

@mahar26
February 7, 2025

နောက်ထပ်တစ်ကြိမ် ကြိုးစားကြည့်မယ်

အားလုံးဘဲ မင်္ဂလာပါ
စာမရေးဖြစ်တာ အတော်ကို ကြာသွားပါပြီ။ အချိန်အားဖြင့် နှစ်ကာလအလွန်သို့ပင် ရောက်ရှိနေခဲ့ပြီပေါ့။
အချိန်တွေက ရပ်မနေခဲ့ပါ။ တရွေ့ရွေ့ ကုန်ဆုံးလျှက်သာ။ စိတ်အစဉ်မှာတော့ အမှုမဲ့ အမှတ်မဲ့ အဖြစ်ရှိနေခဲ့။
အချိန်တွေက အကုန်မြန်နေခဲ့လေသလား

တကယ်တော့ အခုလို နှစ်ကာလတွေကြာသွားလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ စိတ်ထဲမှာလည်း ဒီလောက်မကြာသေးလို့သာ ထင်မိတယ်။
နောက်ဆုံးတင်ခဲ့တဲ့ ပို့စ်ကိုပြန်ကြည့်မိတော့ လွန်ခဲ့သော 2နှစ်အလွန်ကာလ ဟုတ်ပါတယ်။

စာတွေပြန်ရေးမယ်လို့ အမြဲအားတင်းမိပေမယ့် တကယ့်လက်တွေ့မှာ ဖြစ်မလာခဲ့ပါ
အချိန်တွေကို ရွေ့နေရင်းနဲ့ နှစ်ကာလသို့ ရောက်လာခဲ့သည်သာ။
ဒီနေ့ညတော့ ဒါကို အဆုံးသက်နိုင်ခဲ့ပြီ။ စာတွေပြန်ရေးမယ်လေ။

စာမရေးဖြစ်တာကြာသွားတဲ့အတွက် Hive platform ပေါ်က ပြောင်းလဲမှုတွေကို အများကြီးပြန်လည်လေ့လာရပါဉီးမည်။
တစ်ချို့အရာတွေကိုနားလည်ရန် အချိန်ပေးရပါဉီးမည်။

စာမရေးဖြစ်တာကြာတော့ ကီးဘုတ်က ခလုတ်လေးတွေ နှိပ်ရတာကိုပင် သိပ်အဆင်မပြေတော့ပါ။
စာရိုက်ရတာ အရင်လို သွက်လက်မှုမရှိတော့
ဖြေးဖြေးချင်း ကြိုးစားရိုက်နေရသည်။ အကြောင်းအရာတွေကိုလည်း အများကြီးတွေးမရနိုင်ခဲ့။
သေချာတာတော့ ကျွန်တော် စာပြန်ရေးချင်နေပါပြီ။
Hive platform ပေါ်မှာ နောက်တစ်ကြိမ် ထပ်ပြီးကြိုးစားကြည့်ပါဉီးမည်။

ဒါက ကျွန်တော့်ရဲ့ ပထမဆုံးသော ပို့စ်အသစ်ဖြစ်ပါတယ်။
နောက်ရက်တွေမှာ ပိုမိုကောင်းမွန်တဲ့ အခြေအနေဖြစ်အောင် ကြိုးစားပြီး ပြန်လာခဲ့ပါမယ်။
ကောင်းသောနေ့လေးဖြစ်ကြပါစေ။

@mahar26
February 7, 2025