My Cleanplanet activities for Super Sunday. (12-5-2024)

in CLEAN PLANET9 months ago

Hello friends.
I am every Sunday
Garbage from around the house
Collected.
Today (12-5-2024) is Sunday
Twenty-Seven garbage collection
It is.

ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း
အိမ်အနီးပတ်ဝန်းကျင်မှ အမှိုက်များကို
ကောက်ယူပါသည်။
ယနေ့ (12-5-2024) တနင်္ဂနွေနေ့သည်
နှစ်ဆယ့်ခုနှစ်ကြိမ်မြောက် အမှိုက်ကောက်
ယူခြင်းဖြစ်ပါသည်။

ရာသီဥတုက ပူသည်။ အပူချိန်သည်
ကမ္ဘာတဝှမ်း ဒေသများကိုလည်း ပူစေသည်။
ဆင်းရဲသော ကိုယ်တွေနိုင်ငံက ပို၍ပူသည်။
နိုင်ငံသည် သစ်ပင်စိုက်သူနည်းသော်လည်
သစ်ပင်ခုတ်သူ ပေါများသည်။ ထိုကြောင့်
သူများတကာထက်ပို၍ ပူသည်။

အပူရာသီရောက်ပါမှ သစ်ပင်စိုက်ဖို့
သတိရကြသည်။ နေပူရှိန်ကို ကာကွယ်ရန်
သစ်ပင်အရိပ်ကို ရှာကြသည်။ အထူးသဖြင့်
မြို့ကြီး ပြကြီးများမှာ သစ်ပင်နည်းပါးလာသည်။
မြို့ပြ၏ မြေဈေးက ကြောက်မက်ဖွယ်ဖြစ်သည်။

မြေဈေးကြီး၍ သစ်ပင်နေရာအတွက်ပင်
မချန်ချင်ပေ။ ကိုယ့်အိမ်ဝိုင်းအတွင်း အိမ်နှင့်
မလွတ်ကင်းသော သစ်ပင်ကို ခုတ်ကြသည်။
သစ်ပင်ခုတ်ခက ဈေးကြီးသည်။ ထိုကြောင့်
မြို့နေလူထုသည် သစ်ပင်စိုက်ချင်သော်လည်း
မြေနေရာမရှိပေ။ ရှိပြီးသစ်ပင်ကို အိမ်၊ ခြံနှင့်
မလွတ်ကင်းသော အခါ ခုတ်ရသည်။ ထိုသို
သစ်ပင်ခုတ်ရာတွင် သစ်ပင်ခုတ်ခပေးရသည်။

ခြံနှစ်ခြံကြား သစ်ပင်ရှိပါမူ ထိုခြံနှစ်ခြံသည်
သစ်ပင်အတွက် စကားအခြေအတင်ပြောရသည်။
ထိုကြောင့် သစ်ပင်စိုက်ဖို့ ပျင်းကြသည့်အထဲ
ထိုသို့အဖြစ်အပျက်များ ရှိ၍ ပို၍ ခက်ခဲသည်။

အမှိုက်ကောက်ဖို့ ပိုစ့်မှာ သစ်ပင်စိုက်ခြင်းနှင့်
ပြည့်နေသည်။ အမှိုက်ကိုလည်း စနစ်တကျ
ပစ်ဖို့ ကျွန်တော်တို့နိုင်ငံသူ/သားများက
အတော်လေ့ကျင့်ရပေအုံးမည်။ ဟိုတလော
ငါးနှစ်သား အစိုးရလက်ထက်မှာ အတန်အသင့်
အမှိုက်ပစ်ဖို့ စည်ကမ်းရှိလာသည်။

စည်းကမ်းအရှိန်လေး ရလာပါသော်လည်း
လောဘသား လူတစုကြောင့် အလုံးစုံပျက်သုဉ်း
ခြင်းသို့ ရောက်ခဲ့ရသည်။ ကျွန်တော်တို့
လူမျိုးက ရှေ့ဆောင်လမ်းပြ ကောင်းပါမူ
နောက်ကလိုက်ဖို့ ဝန်မလေးသူများသည်။
ထိုကြောင့် လမ်းပြကောင်းသူ ခေါင်းဆောင်များ
အမြန်ဆုံး ထွက်‌ပေါ်လာပါစေကြောင်း
ဆုတောင်းရပါသည်။

@htwegyi
May 12, 2024

Sort:  

!hiqvote

@htwegyi, the HiQ Smart Bot has recognized your request (1/1) but the mana is too low. Try again later.

As a consolation, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

!pizza
!hug
!meme

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @golden.future.
(3/3)

 9 months ago Reveal Comment