အမှိုက်ပုံများ။ My Cleanplanet activities for Super Sunday. (16-6-2024)

in CLEAN PLANET9 months ago

ယနေ့ တနင်္ဂနွေနေ့ ပိုစ့်တင်ဖို့ ပျင်းနေသည်။
မနေ့က စနေနေ့မှာ ပိုစ့်တင်ထားတော့
ယနေ့အတွက် ပိုစ့်တင်ဖို့ ပျင်းသည်။
တရက်ခြားပိုစ့်တင်မည်ဟု စိတ်ကူးထား၍
လည်းဖြစ်ပေသည်။ တနင်္ဂနွေနေ့သည်
အမှိုက်ကောက်ခြင်းအတွက် ပိုစ့်တင်ရမည်
ဖြစ်သည်။

တနင်္ဂနွေနေ့ရောက်တိုင်း Cleanplanet
Community မှာ ပိုစ့်တင်နေကြဖြစ်သည်။
ထိုကော်မတီက Vote လာပေး၊ မပေး
အတွက် ကိစ္စမရှိပါ။ ကိုယ်တွေအတွက်
တနင်္ဂနွေနေ့ရောက်တိုင်း အိမ်အနီးပတ်ဝန်းကျင်မှ
အမှိုက်များကောက်ဖို့အတွက် အမှတ်တရ
ဖြစ်စေသည်။

ထိုသို့ အမှိုက်ကောက်ယူသည်အတွက်
အကျင့်တခုဖြစ်‌နေသည်။ လမ်းအပြင်
ထွက်သည့်အခါ အမှိုက်တွေ့လျှင် ကောက်ယူ၍
အမှိုက်ပုံးအတွင်း ပစ်သည့် အလေ့အကျင့်
တခုတော့ရပေသည်။

အမှိုက်သိမ်းကားများက ယခင်က တရက်ခြား
တခါလာသည်။ ယခုအခါ တပတ်လျှင် နှစ်ကြိမ်သာ
လာတော့သည်။ မန္တလေးမြို့ကို ယခင်က
Clean City အဖြစ်သတ်မှတ်ခဲ့သည်။
ယခုတော့ ဒတ်တီး စီတီး ဟု ခေါ်ရပေတော့မည်။

ကျုပ်တို့ လူမျိုးအများစုက အမှိုက်ကို
အလွယ်တကူပစ်ခဲ့ကြသည့် အလေ့ရှိသည်။
အဆိုပါ လူများအတွက် ယခုလို အမှိုက်ကားများ
မလာနိုင်သည့်အခါ ဘာပြောကောင်းမလဲပေါ့။
လမ်းထိပ် လူသူမရှိ ခြံဝင်းအနီးအနားမှာ
အလိုလို အမှိုက်ပုံများဖြစ်လာသည်။

တဦး၊ တယောက်က စ၍ အမှိုက်ထုပ်ပစ်ရာမှ
တနေ့တခြား အမှိုက်ထုပ်များ စုလာကာ
အမှိုက်ပုံဖြစ်မှန်းမသိ ဖြစ်လာသည့် နေရာများ
ပေါ်ပေါက်လာသည်။ အမှိုက်ကား အလာကို
မစောင့်နိုင်ပဲ အလွယ်တကူ အမှိုက်ပစ်သူ
များလည်းရှိသည်။ ဆိုင်ကယ်မောင်းရင်း
ဆိုင်ကယ်ပေါ်မှ အမှိုက်ထုပ်ကို အလွယ်တကူ
ပစ်သွားတတ်ကြပြန်သည်။ သို့နှင့် အမှိုက်ပုံများ
ပြန်လည် ထွန်းကားလာပါမူ ခက်ပေအုံးတော့မည်။

@htwegyi
June 16, 2024

Sort:  

တပတ်တပတ်နဲ့ မြန်လိုက်တာ
!HUG
!MEME
!LOLZ

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @heinkhantmaung.
(1/3)

What did the painter say to the wall?
One more crack like that and I'll plaster you!

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of heinkhantmaung

(2/4)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

ဟုတ်တယ်ဗျာ။

!LUV
!MEME

!hug
!lol

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @walarhein.
(3/3)

Why did Stalin only write in lowercase?
Because he hated capitalism.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of walarhein

(1/10)

PLAY & EARN $DOOM