ယနေ့ စူပါဆန်းဒေး တနင်္ဂနွေ၏
ရာသီဥတုက ကြည်လင်သည်ဟု
ပြောရမည်။ မိုးတိမ်များကို မတွေ့ရပေ။
နေမင်းက အစွမ်းကုန် အလင်းရောင်းပေး၍
အပူများထုတ်လွှင့်သည်။ ဒီတော့
အိုက်တာ၊ ပူတာပေါ့ဗျာ။
မိုးတိမ်အုံ့အုံ့နဲ့ မိုးသားများအောက်မှာ
မိုးအေးအေး အမှိုက်ကောက်ရမလား
အောင်းမေ့တာ။ နေပူထဲ အမှိုက်ကောက်
ရတော့ မမိုက်ဘူးပေါ့ဗျာ။ မိုးရာသီမှာ
အမှိုက်ကောက်ခြင်း ဘာ ညာ လုပ်ရမလား
အောင်းမေ့ထာ။ အမှိုက်ကောက်ရတာ
အဆင်မပြေပါဘူးဆို။ ဟံမလေး အိမ်ရှေ့မှာ
အမှိုက်ပုံကြီးပါလား။
အမှိုက်ပုံမှ တကဲ့ အမှိုက်ထုပ်ဗျို့။ အမှိုက်ထုပ်ကို
တကူးတက လာပြီးပစ်သွားသလားမှတ်ယူရသည်။
အမှိုက်အမျိုးအစားက စုံလင်လှပေသည်။
ကော်ဖီမစ်ထုပ်၊ ကြွတ်ကြွတ်အိတ်၊ အချိုရည်ဗူး၊
နေကြာ ကွာစေ့ထုပ်ခွံနှင့် ဆပ်ပြာမှုန့်ထုပ်ခွံပင်
ပါသည်။
"အမရေ အိမ်ရှေ့က အမှိုက်တွေ ဘယ်သူ
လာပစ်သွားတာလဲ"
"ဟဲ့ ဘယ်သူမှ မပစ်ဖူး၊ ငါလုပ်ထားတာ"
ဟင် ဘယ်လိုတွေများပါလိမ့်။ ကိုယ့်အိမ်ရှေ့
ကို အမှိုက်ပစ်သော အာဂ စနေသမီးကြီးပ။
"ဘယ်လိုဖြစ်လို့ လဲ အမရေ"
"ဒီလိုဟေ့ မြေကြီးလာပစ်တဲ့ ထော်လာဂျီပေါ်က
ပါလာတာ။ ငါက ဘိလပ်မြေအိတ်ခွံလိုချင်လို့
အဲ့အမှိုက်တွေ ဒီအတိုင်း မြေကြီးပေါ် သွန်ချ
လိုက်တာ။ ပြီးမှ အဲ့ အမှိုက်တွေ ကောက်ကျုံး
မလို့"
"အော် ဒီလိုကိုး"
အဲ့သလိုလေး ကျွန်တော်က ပြောပြီး
အဆိုပါ အမှိုက်ပုံကို သန့်ရှင်းရပေတော့သည်။
အနီးရှိ ထန်းခေါက်တောင်းလေးကိုယူကာ
ပလပ်စတစ် အမှိုက်များကို ရွေးပြီးထဲ့သည်။
ထိုထန်းခေါက်တောင်းလေးကလည်း
ထို ထော်လာဂျီပေါ်မှ ပစ်ချခဲ့ခြင်းဖြစ်သည်။ ဒီတော့
သူ့အမှိုက်ကို ဘိလပ်မြေအိတ်မှ ထန်းခေါက်
တောင်းသို့ ထုပ်ပိုးမှု အသစ်ပြုလုပ်ကာ
စွန့်ပစ်ရပါလေတော့သည်။
အကြိမ်သုံးဆယ်မြောက် အမှိုက်ကောက်ခြင်း
အမှတ်တရပေါ့လေ။
@htwegyi
June 9, 2024