စိမ်းပါဦး

in HIVE-MYANMAR10 months ago

Crypto market ကြီး နီရဲနေပြန်ပါပြီ။ အကြောင်းရင်းတွေအများကြီးရှိနိုင်ပေမယ့် ဒီအကြောင်းရင်းတွေထဲကတစ်ခုကတော့ Tornado Cash ရဲ့ developer တစ်ဦးဖြစ်တဲ့ Alexey Pertsev ကို ထောင်ဒဏ် 64 လ ချမှတ်လိုက်တာကြောင့် ဖြစ်ပါလိမ့်မယ်။

Crypto mixer service တစ်ခုဖြစ်တဲ့ Tornado Cash ဟာ ငွေကြေးခဝါချမှုနဲ့ မြောက်ကိုရီးယား hacker တွေရဲ့ အသုံးချခံဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ developer တွေကို ဖမ်းဆီးတရားစွဲခဲ့တာဖြစ်ပြီး ဒီအမှုဟာ crypto community ကြားမှာတော့ ဝေဖန်မှုတွေ အတော်လေးရှိနေတာပါ။

အခု Pertsev ကိုတော့ Tornado Cash ကနေတဆင့် $1.2 billion ငွေကြေးခဝါချမှုနဲ့ Netherlands တရားရုံးကနေ ထောင်ဒဏ် 5 နှစ်နဲ့ 4 လ ချမှတ်ခဲ့တာဖြစ်သလို Tornado Cash ရဲ့ co-founder ဖြစ်တဲ့ Roman Storm ကိုလည်း US မှာ ဖမ်းဆီးတရားစွဲထားပြီး September လထဲမှာ အမိန့်ချသွားဖို့ ရှိနေပါတယ်။

တကယ်တော့ Tornado Cash ဟာ open-source platform တစ်ခုဖြစ်ပြီး လူတိုင်းက သုံးချင်သလိုသုံးလို့ရတဲ့ crypto mixing service တစ်ခုပါ။ Developer တွေအနေနဲ့ ဒီလိုလုပ်လို့ရနိုင်အောင် code ရေးပေးထားရုံသာဖြစ်ပြီး ကောင်းတဲ့ဖက်မှာသုံးမလား၊ ဆိုးတဲ့ဖက်မှာသုံးမလားဆိုတာကတော့ user တွေနဲ့ပဲ သက်ဆိုင်ပါတယ်။

တကယ်လို့ code ရေးပေးတာကြောင့် ထောင်ချခံရတယ်ဆိုရင် နောက်ပိုင်းမှာ Decentralization ဆိုတဲ့ ဗဟိုထိန်းချုပ်မှုမဲ့စနစ်ကို ဆန်းသစ်တီထွင်ကြမယ့် Web3 developer တွေအနေနဲ့ နောက်တွန့်သွားနိုင်ပါတယ်။

Reference Link: https://www.theblock.co/post/294426/tornado-cash-developers-64-month-sentencing-unlikely-to-affect-roman-storms-us-case-say-crypto-organizations

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

!hiqvote

@princekham, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @myancrypto gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻