စကားတွေအများကြီးမပြောဘဲ အလုပ်နဲ့သက်သေပြ
Saga ကတော့ mainnet launch မှာ စကားတွေအများကြီးမပြောဘဲ အလုပ်နဲ့သက်သေပြသွားပါပြီ။ Binance မှာ list လုပ်လုပ်ချင်းမှာတင်ပဲ $0.03 ကနေ $6 အထိ 6 မိနစ်အတွင်း ခုန်တက်သွားခဲ့ပြီး $6 ဝန်းကျင်မှာပဲ အရောင်းအဝယ်ငြိမ်နေပါတယ်။
$13.4 billion အထိ staked amount နဲ့ Binance Launchpool စံချိန်တွေပါချိုး
Binance Launchpool မှာလည်း stake ပြီး SAGA token farm တဲ့နှုန်းဟာ $13.4 billion ဖိုးအထိတောင် ရှိခဲ့ပြီး Binance Launchpool သမိုင်းတလျှောက် stake နှုန်းအများဆုံး project အဖြစ်ပါ စံချိန်ချိုးခဲ့တာကြောင့် Saga project ဟာ အတော်လေးကို အလားအလာကောင်းတဲ့ project တစ်ခုအဖြစ် ယူဆလို့ရပါတယ်။
Saga အကြောင်း စကားအနည်းငယ်
Saga ဟာ layer 1 protocol တစ်ခုအဖြစ် မိတ်ဆက်ထားပေမယ့် တကယ်တမ်း Saga အလုပ်လုပ်ပုံကတော့ developer တွေအတွက် blockchain တစ်ခုနဲ့ တစ်ခုကြားမှာ အပြန်အလှန်ချိတ်ဆက်ပေးတဲ့ developer ကိုယ်ပိုင် chainlet လေးတွေ launch လုပ်လို့ရနိုင်တာပါပဲ။ ဒီ chainlet လေးတွေကို သုံးပြီး မတူညီတဲ့ blockchain တွေပေါ်မှာ dApp (Decentralized App) တွေ ဖန်တီးလို့ရနိုင်မှာဖြစ်တာကြောင့် blockchain မတူတာနဲ့ပဲ ချိတ်ဆက်ဖို့ခက်တဲ့ ပြဿနာတွေ နည်းသွားမှာပါ။ Saga ရဲ့ ကြေငြာချက်အရတော့ chainlet တစ်ခုချင်းစီတိုင်းပေါ်မှာ တစ်နေ့ကို transaction ပေါင်း 6 million အထိ ရှိနေကြောင်း သိရပါတယ်။
ဒါ့အပြင် Saga ဟာ gaming project တွေ အများစု ရှိနေတဲ့ Avalanche၊ Polygon၊ Celestia တို့လို blockchain တွေနဲ့လည်း partnership တွေ ရှိထားတာကြောင့် gaming ပိုင်းကို အတော်လေးတောင့်တင်းအောင် လုပ်ထားတဲ့ပုံပါ။
SAGA က ဘာလို့ ဒီလောက်မာတောင်နေတာလဲ?
လောလောဆယ်မှာတော့ Saga ecosystem ထဲမှာ project ပေါင်း 350 ခုအထိ ရှိနေပြီဖြစ်သလို အများစုကတော့ gaming project တွေဖြစ်ပြီး Web3 game တွေဟာ blockchain တစ်ခုနဲ့တစ်ခုကြားမှာ ကူးလူးဆက်သွယ်နိုင်ဖို့အရေးကြီးတာကြောင့် Saga protocol ကို အသုံးများလာကြပုံပါပဲ။
ဒီလိုမျိုး Saga protocol ကို အသုံးများလာလေ၊ Saga ပေါ်မှာ ဆောင်ရွက်လေသမျှကိစ္စအဝဝအတွက်ကို SAGA token နဲ့ ပေးရလေ ဖြစ်တာကြောင့် SAGA token ရဲ့ utility က ဒီအပေါ်လည်း မှီတည်နေနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ SAGA ရဲ့ total supply 1 billion ထဲကနေ ဈေးကွက်ထဲကို 9% ပဲ circulation supply အနေနဲ့ ဝင်လာမှာဖြစ်ပြီး ဒီ 9% ရဲ့ တစ်ဝက်ဖြစ်တဲ့ 4.5% ကိုတော့ Binance Launchpool ပေါ်ကနေ farming reward အဖြစ် ပေးသွားခဲ့တာပါ။ ဒါကြောင့် 4.5 million SAGA တွေကို Binance Launchpool မှာပါဝင်ထားသူပေါင်း 5 သိန်းကျော်က ခွဲတမ်းကျ မျှဝေယူသွားခဲ့ကြတာဖြစ်ပါတယ်။
Supply က လတ်တလောမှာ အရမ်းကိုနည်းနေသေးတဲ့အပြင် Saga protocol ပေါ်က project တွေကလည်း အင်တိုက်အားတိုက်ရှိနေတာကြောင့် SAGA တို့ ဈေးက အခုလောက်ထိကို မာနေနိုင်တာလို့ ယူဆရပါတယ်။
နောက်ထပ် ဘာတွေလာဦးမလဲ?
နောက်ထပ် development တွေအနေနဲ့လည်း Saga ဟာ သူတို့ရဲ့ game publishing division တစ်ခုဖြစ်တဲ့ Saga Origins ကိုလည်း မိတ်ဆက်ထားသလို layer 1 Web3 game publisher အဖြစ်နဲ့လည်း ကြွေးကြော်ထားတာကြောင့် နာမည်ကြီး layer 2 Web3 game publisher ဖြစ်တဲ့ Immutable ကိုယှဉ်နိုင်မလားဆိုတာကိုလည်း စောင့်ကြည့်ကြရမှာပါ။
ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ cryptocurrency တွေကို အရောင်းအဝယ်လုပ်ရာမှာ ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL