လမ်းခွဲတွေ

in HIVE-MYANMAR10 months ago

Huobi Korea ဟာ နိုင်ငံတွင်းက စီးပွားရေးအခြေအနေမကောင်းတာကြောင့် South Korea က‌နေ January လ 29 ရက်မှာ ထွက်ခွာတော့မှာဖြစ်ကြောင်း ကြေငြာလာပါတယ်။ User တွေကတော့ January လ 29 ရက်နေ့နောက်ပိုင်းအထိ fund တွေကို ထုတ်လို့ရနေမှာဖြစ်ပါတယ်။ Huobi Korea ဟာ နာမည်ကြီး HTX exchange ရဲ့ Korea လုပ်ငန်းခွဲဖြစ်ပြီးတော့ 2017 ခုနှစ်တည်းက South Korea နိုင်ငံတွင်း လုပ်ငန်းလည်ပတ်နေခဲ့တာပါ။

South Korea နိုင်ငံတွင်းမှာ Upbit၊ Bithumb၊ Coinone၊ Korbit နဲ့ Gopax တို့လို license ရ crypto exchange ကြီးတွေ ကြီးစိုးလာတာနဲ့အမျှ တခြား exchange တွေဟာ လုပ်ငန်းပိုင်းဆိုင်ရာ ခက်ခဲမှုတွေ ရှိလာနေပြီး ဒီအထဲမှာ Huobi Korea လည်း အပါအဝင်ဖြစ်သွားခဲ့ပုံပါပဲ။ မြင်သာအောင်ပြောပြရမယ်ဆိုရင် တချို့ဘောလုံးအသင်းတွေလို အသင်းကြီးတော့အသင်းကြီးပဲ၊ ဒါပေမယ့် အခြေအနေက အသင်းငယ်အခြေအနေဖြစ်နေသလိုပါ။

Huobi Korea အပါအဝင် exchange ပေါင်း 21 ခုဟာ bank partnership ရဖို့လည်း မလွယ်ကူခဲ့တဲ့အပြင် လုံခြုံရေးဆိုင်ရာအချက်အလက်မှာလည်း အတော်ကိုအားနည်းသွားခဲ့ပြီး crypto ကနေ crypto ကိုပဲ trade ခွင့်ပေးထားတာကြောင့် အသုံးပြုမှုနှုန်းလည်း တဟုန်ထိုး ထိုးကျသွားခဲ့တာဖြစ်ပါတယ်။

2024 ခုနှစ် July လမှာလည်း South Korea ရဲ့ crypto ဥပဒေအသစ်တစ်ခုကို ပြဌာန်းသွားဖို့ရှိနေသလို user fund တွေရဲ့ 80% ကို cold wallet ထဲမှာထည့်သိမ်းဖို့နဲ့ hack ခံရတာပဲဖြစ်ဖြစ်၊ system ချို့ယွင်းမှုကြောင့်ပဲဖြစ်ဖြစ် user fund တွေ ဆုံးရှုံးမှုရှိလာတဲ့အခါ ပြန်အလျော်ပေးနိုင်ဖို့အတွက်လည်း အာမခံတွေကို တင်းတင်းကြပ်ကြပ်စီစဉ်သွားဖို့ ရှိနေပါတယ်။

Reference Link: https://www.theblock.co/post/270289/huobi-korea-shuts-down-platform

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

!PIZZA

PIZZA!

$PIZZA slices delivered:
@irrawady-dolphin(2/5) tipped @myancrypto