ကွိုင်ဝယ်ထားကြသူတွေ ကွိုင်တက်
Solana memecoin တွေနာမည်ကြီးလာတာကို အသုံးချပြီး pre-sale တွေ ထုတ်ရောင်းသွားခဲ့တဲ့ CONDOM token ဟာ အလိမ် token တစ်ခုဖြစ်ကြောင်း အတည်ပြုနိုင်သွားပါပြီ။ 2024 Bull Market အတွင်း Solana ecosystem ပေါ်မှာ memecoin တွေ အတော်ကို များလာခဲ့ပါတယ်။ WIF၊ BONK၊ BOME တို့လိုမျိုး သေချာဖြစ်ထွန်းလာတဲ့ memecoin တွေ ရှိခဲ့သလို အများစုကတော့ memecoin hype ကို အသုံးချပြီး လိမ်လည်ဖို့ကြိုးစားကြတာများပါတယ်။
အခု လိမ်ပြေးသွားခဲ့တဲ့ CONDOM token ဟာလည်း community ကြား ခဏလေးနဲ့ နာမည်ကြီးစေနိုင်မယ့် theme တစ်ခုကို ပိုင်ပိုင်နိုင်နိုင်အသုံးချသွားခဲ့တာဖြစ်ပြီး token pre-sale တွေကနေ 4,965.22 SOL ($1 million နီးပါး) ရသွားခဲ့ပါတယ်။ Token launch မယ်လို့ ကြေငြာထားတဲ့ ရက်မတိုင်ခင်မှာတော့ X account ကိုပါ scammer ဖက်က ဖျက်သွားခဲ့ပြီး rugpull သွားကြောင်း community ဖက်က အတည်ပြုနိုင်ခဲ့ကြပါတယ်။
X ရဲ့ Yellow-Mark Verified Account
Scammer တွေက scam ဖို့ကြိုးစားမယ်၊ မသိနားမလည်တဲ့သူတွေ၊ ကံစမ်းတဲ့အနေနဲ့ဝယ်တဲ့သူတွေကလည်း ဝယ်မယ်ဆိုတာကတော့ ဖြစ်နေကျသဘောတရားတစ်ခုဖြစ်ပေမယ့် ဖြစ်နေကျမဟုတ်တဲ့အရာတစ်ခုကတော့ CONDOM ဟာ X ရဲ့ Yellow-Mark Verified Account ဖြစ်နေတာပါပဲ။ X ဟာ Verification Mark ထုတ်ပေးရာမှာ ဘယ်လိုအခြေအနေတွေကို ကြည့်ပြီး ထုတ်ပေးတာလဲဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာပြီး လူလိမ်တွေက ပိုက်ဆံပုံပေးလိုက်ရုံနဲ့ verified mark ရနေမယ်ဆိုရင် verified mark ရှိနေခြင်းဟာ သာမန်ထက်ဘာမှထူးခြားနေတော့မှာ မဟုတ်ပါဘူး။
Reference Link:
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL