ကျွန်တော်ရဲ့ ဖုန်းလေးက အခြေအနေ
အနည်းငယ် ယိုးယွင်းစပြုလာသည်။
ဘတ္ထရီက အနည်းငယ် ပွချင်လာသည်။
ပါဝါအားသွင်းကြိုးက ဂဂျိုးဂဂျောင်လုပ်ချင်လာ၍
အထက်အောက်ကို တိပ်များဖြင့် ပတ်ထားရသည်။
ဖုန်းကို ကိုင်လာတဲ့ နှစ်ကလည်း ကြာလာပြီလေ။
ငါးနှစ်ကျော်ထဲရောက်ရှိလာပြီးထင်ပါသည်။
ယနေ့၊ ယခုအချိန်မှာတော့ ဖုန်းတလုံးဝယ်ဖို့
အိပ်မက်နှင့် စိတ်ကူးပင် မမက်ရဲ၊ မကူးရဲသည့်
အခြေအနေဖြစ်သည်။ Hive ဈေး
တဒေါ်လာလောက် ရောက်လာပါရင်ဖြင့်
ဖုန်းဝယ်ဖို့ အိပ်မက် စိတ်ကူးတွေ အကောင်အထည်
ဖော်၍ ရပေမည်။ ယခုတော့ Hive သည်က
နီနိုင်သမျှတော့ နီအုံးနော် ဖြစ်နေသည်။
ကျွန်တော်က ဖုန်းစ၍ ကိုင်ကတဲ့က စွေစောင်ကို
ကိုင်ခဲ့သည်။
ဒီတော့ အခြားဖုန်းများကို ကိုင်သည့်အခါ
အဆင်မပြေတတ်ပါ။ စွေစောင်ခေါ်
ဆမ်ဆောင်သည်က ယခုအချိန်ဝယ်ပါမူ
ငါးသိန်းကျော် ခြောက်သိန်းနီးပါးမှ
ကိုယ်တွေအတွက် အဆင်ပြေပေမည်။
ဒီဈေးသည်ပင် လွန်ခဲ့သော
သုံးလေးငါးလက ဈေးဖြစ်သည်။ ယခုအခါမှာ
မည်သည် ဈေးခန့်ရောက်ရှိနေမည်မသိပါ။
ဖုန်းအသစ် မဝယ်နိုင်သေးတော့ ယခုဖုန်းကို
ချော့၍ သုံးနေရသည်။ ယခင်ကာလများက
ဆိုပါမူ ဖုန်းဆိုင်များနှင့်နီးသည်ကတကြောင်း၊
ဖုန်းဝယ်သူများနှင့် လိုက်ပါသွားကာ ကိုယ်ရချင်
သော ဖုန်းလေးများကို ငေးကြည့်ခဲ့ဖူးသည်။
ကိုယ်ရချင်သော ဖုန်းလေးများကို ဝယ်ရန်
ငွေလေး တဖြည်းဖြည်းချင်းစုနိုင်ခဲ့သည်။
ယခုတော့ ဖုန်းဝယ်ဖို့ မဆိုထားပါ ထမင်းစားဖို့
ကြိုးစားနေရသည်အချိန် အခါဖြစ်သည်။
ကိုယ်ကိုင်နေသော ဖုန်းကလေး မပျက်ပါစေနဲ့
အုံးဟု ဆုတောင်းရတာ အခါခါ။ ဖုန်းကလေးရေ
တောင့်ထားပါအုံး။ အခါကောင်းမှ ပျက်ပါဟု
တတွတ်တွတ်မန်းမှုတ်ရသည်ကလည်း အမော။
ဖုန်းတလုံးဝယ်ဖို့ဆိုသည်က ယခုအချိန်မှာ
အခါကောင်းမဟုတ်သေးပါ။ ကျွန်တော်အိမ်၏
အခြေအနေနှင့် ဖုန်းဝယ်မည့်ငွေကို
ဆန်၊ ဆီနှင့် ဆား ဖက်သို့ ဦးတည်နေရပေသည်။
ဒီတော့ ဖုန်းအသစ်လေး တလုံး ဝယ်ဖို့
အရေးသည် နိုင်ငံရေးနှင့် သက်ဆိုင်နေပါသည်။
တော်လှန်ရေးကြီးအောင်ပြီး။
ကျွန်တော်တို့ရဲ့ အချစ်တော် Hive သည်လည်း
တဒေါ်လာအထက်သို့ ရောက်သည့်အခါ။
ကျွန်တော်သည်လည်း ဖုန်းအသစ်ကလေး
တလုံးကို လက်ဝယ် ပိုင်ပိုင်ကိုင်နေပါတော့မည်။
@htwegyi
August 4, 2024