ညီဘုန်း သည် နှစ်နှစ်သားကျော်အရွယ်ဖြစ်သည်။
သူ့အဘွားလေး သင်ပေးတိုင်း တတ်သူဖြစ်သည်။
တနေ့က သူရို့ မြေးအဘွားအိမ်သို့ ကျွန်တော်
အလည်ရောက်ရှိသည်။ ညီဘုန်းမှာ အဘွားအရင်း
ကြီးရှိသည်။ အဘွားအရင်းကြီးဆိုသည်မှာ
ညီဘုန်း အဖေ၏ အမေဖြစ်သည်။ အဘွားလေးက
ညီဘုန်း အဖေ၏ အဒေါ်ဖြစ်ပြီး အဘွားအရင်း၏
ညီမဖြစ်သည်။
အဘွားအရင်းထက် အဘွားလေးကို ညီဘုန်းက
ပိုသံယောဇဉ်ရှိသည်။ သံယောဇဉ်ရှိဆို သူ့အဘွားလေးက
ညီဘုန်းနှင့် အတူရှိသည်က များသည်။
အဘွားအရင်းဖြစ်သူက အိမ်မှာနေသည်က နည်းသည်။
ထိုကြောင့် အဘွားလေးနှင့် အနေများကာ
သံယောဇဉ်ရှိသည်မှာ မဆန်းပါပေ။ ညီဘုန်း
သည်ကား သူ့အဘွားလေး သင်ပေး၊ ပြောပေး
သည်ကို အကုန်မှတ်မိသူဖြစ်သည်။ နှစ်နှစ်သား
သာ ဆိုသည် မှတ်ဉာဏ်ကောင်းပြီး စိတ်ခံစား
လွယ်သူလေးလည်းဖြစ်သည်။
သူ့အဘွားလေးက ဖုန်းမှ ဇာတ်လမ်းများပြ၍
ပြောပြသည့်အခါ လွမ်းစရာရှိက လွမ်းသည်။
သနားစရာရှိက သနားသူဖြစ်သည်။ တခါတရံ
မြေးအဘွားနှစ်ဦး ဇာတ်လမ်းပြောရင်း အားနည်းသူ
ကို အားကြီးသူက အနိုင်ကျင့်ပါက ညီဘုန်းလေးက
အားနည်းသူဖက်မှ ပါတတ်သည်။ အားနည်းသူ
အတွက် ညီဘုန်းက ဝမ်နည်း၍ ငိုမဲ့မဲ့ဖြစ်နေတတ်
သည်။
ညီဘုန်းက အဝတ်အစားအသစ်များ ဝတ်ရပါလျှင်လည်း
ဟန်ပန်အမူအရာ အမျိုးမျိုးဖြင့်
စတိုင်ထုတ်၍ နေတတ်သည်။ အစားအသောက်
ကိုလည်း ချိုချဉ် မရွေးပဲ အကုန်စားသည်။
သူ့ကို ကျွေးသည့် မုန့်များကို သူ့အဘွားလေးကိုပါ
သွား၍ကျွေးသည်။ ထိုကြောင့် အခြားအိမ်သား
များက သူ့ရို့မြေးအဘွားကို အတော်ပိုတဲ့
မြေးအဘွားဟုပြောသည်။
ညီဘုန်းက သူ့ဘွားလေးကို ထိရင် မခံပေ။
ထိုကြောင့် အိမ်သားများက သူ့ဘွားလေးကို
ညီဘုန်းမခံချင်အောင် စ ကြသည်။
ညီဘုန်းက အအေးကြိုက်သည်။ သူ့အဘွားရင်းက
မီတာတက်သည်ဟုပြောကာ ရေခဲသေတ္တောကို
ပိတ်ပစ်တတ်သည်။ တနေ့က ညီဘုန်းသည်
အပြင်က ပြန်လာသည်။ ရေအေးအေးလေး
သောက်ချင်သည်ဟု ပြောသည်။ သူ့ဘွားလေးက
ရေပုလင်းပေး၍ ရေသောက်သောအခါ
ရေက အေးဘူးဟု ပြောသည်။
ထိုအခါ သူ့ဘွားလေးက မင်း ဘွားဘွားကြီးက
ရေခဲသေတ္တာပိတ်ထားလို့ ရေမအေးဘူးဟု
ပြောသည်။ ထိုအချိန်မှာ အပြင်က ပြန်လာသော
သူ့ဘွားဘွားကြီးကို ရန်တွေ့လေသည်။
"ဟွင့် ဘွားဘွားကြီးက ရေခဲသေတ္တာ
ဘာလို့ပိတ်တာလဲ၊ ရေအေးဘူး"
ဟုပြောကာ သူ့ဘွားဘွားကြီး တင်ပါးကြီးကို
တဖတ်ဖတ် ရိုက်ပါလေသည်။ ဘွားဘွားကြီးမှာ
ဟော့တော်ဟော့တော် နှုတ်မှရွတ်ကာ မြေးကို
ရယ်၍နေလေသည်။ အိမ်သားများလည်း
ညီဘုန်းတို့ မြေးအဘွားကို ကြည့်၍
ရီမောနေကြလေသည်။
@htwegyi
November 20, 2024