မည်သည့်အခါများမှ.....။

in HIVE-MYANMARlast year

အိမ်ခေါင်းပေါ်ရှိ မိုးကောင်းကင်မှာ ဆူဆူညံညံအသံပြု၍ ဖြတ်သန်းသွားသော ဂျက်တိုက်လေယာဉ်များကို ကြည့်၍
မည်သည့်အရပ်မှာ လူသတ်
လက်နက်ပစ္စည်းများချခဲ့သနည်း။ ထိုဂျက်တိုက်
လေယာဥ် သွားရာ အရပ်မှ အပြစ်မဲ့ ပြည်သူများ
အန္တရာယ်ကင်းဝေးပါစေကြောင်း ဆုတောင်း
မိသည်က အခါခါ။

ယနေ့ ကြားရသတင်းများအရ လားရှိုးမှ ပြည်သူများ
သေကြေထိခိုက် ဒဏ်ရာရကြသည်ဟု ကြားရပြန်သည်။
စိတ်ထိခိုက်ရမိပြန်သည်။ ကိုယ်တွေအလှည့်လည်း
မည့်သည့်အခါ မည်သည့်အချိန်
ရောက်လာမည်မသိပေ။ ကိုယ်တွေ အသက်အရွယ်
အရ ဘုရား၊ တရားသာ တ နေရသည်။

မိုက်လုံးကြီး၊ လောဘကြီးသည့် လူတစုကြောင့်
အသက်ပေါင်းများစွာ သေကြေကြရသည်။
အိုအိမ်များစွာ ပျက်စီးဆုံးရှုံးကြရသည်။
ဒီအဖြစ်အပျက်များက မည်သည့်အချိန်မှာ
ပြီးဆုံးပါမလဲ။ သိပ်မကြာတော့သည့်အချိန်မှာ
ပြီးဆုံးတော့မည်ဟုလည်း အများကပြောဆိုနေကြ
ပေသည်။ အမြန်ဆုံးသာ ပြီးဆုံး အောင်မြင်ပါစေ
ကြောင်း ဆုတောင်းရပါသည်။

ဘုရားမှာ ဆုတောင်းသည့်အခါ ပန်း၊ ရေချမ်း
ဖြင့် လှူဒါန်းကာ ဆုတောင်းကြသည်။
မြန်မာပြည်သူအပေါင်း ဘေးဒုက္ခ အန္တရာယ်
ကပ်ဆိုးကြီးမှ ကင်းဝေးကြပါစေကြောင်း
ဆုတောင်းပါသည်။ ဤရေချမ်း၊ ဤပန်းတို့ဖြင့်
ကပ်လှူပါသည်။ အိမ်ခြံဝင်းအတွင်း စိုက်ပျိုး
ထားသော စပယ်ပန်းများကို ခူး၍ ဘုရားမှာ
လှူပြီးဆုတောင်းမိသည်။

ထိုကဲ့သို့ ဘုရားမှာ လှူပြီးဆုတောင်းသည့်အမှုကို
ဟိုးယခင်က ပြုလုပ်ဖို့ အင်မတန်လုပ်ခဲ ခဲ့သည်။
ယခုအခါမှာတော့ ကြားရ၊ မြင်ရ၊ တွေ့ရသည်
များက ခါးလွန်လှသည်။ ကိုယ်တက်နိုင်သည်များကို
ပြလုပ်မိသည်။ ခြံအတွင်းရှိ စပယ်ပန်းနှင့်
တရုတ်စကားပန်းများက လှပစွာပွင့်နေကြသည်။

ခြံအတွင်းရှိ အပင်များအနက် ထူးခြားစွာပင်
ရှားစောင်းပင်သည်ပင် ရိုးတံရှည်ကြီးထွက်လာကာ
အဖူးအပွင့်များ ပွင့်လာနေသည်။ ထိုအပင်မှ
အပွင့်ကိုတော့ ဒီအတိုင်း ဖုန်းဖြင့် ဓာတ်ပုံရိုက်ကာ
Hive မှာ ပုံတင်လိုက်ပါသည်။
မြန်မာပြည်သူ ပြည်သားများ ရေလိုအေး၍
ပန်းလို လန်းဆန်းကြပါစေ‌ကြောင်း ဆုတောင်း
အခါအခါပြုရပါလေသည်။

@htwegyi
August 1, 2024

Sort:  

ပြည့်စုံရပါစေ။
စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းပါစေ။
!luv
!hug
!pizza

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @golden.future.
(1/3)

အမြန်ဆုံးပါဗျာ။

!hiqvote