လောဘ ဆိုသည့်အရာက မရှိမကောင်း
ရှိမကောင်းသည့် အရာဖြစ်သည်။
အဘယ်ကြောင့် ရှိမကောင်းဟု ပြောပါသနည်း။
လောဘ ဆိုသည့်အရာက မရှိလေ ကောင်းလေ
မဟုတ်ပါလား။ ဟုတ်ပါသည် မှန်ပါသည်။
လောဘ ဆိုသည့်အရာက အများအားဖြင့်
မကောင်းသော အရာဟု အများအားဖြင့်
မြင်ကြသည်။
လောဘဆိုသည့်အရာကို မရှိမကောင်းခြင်း
နှင့် ရှိမကောင်း နှစ်ခုကို ခွဲခြားကြည့်ရာမှာ။
ရှိတာကောင်းသည်ဆိုသည့်အရာက အနည်းငယ်
သာဖြစ်သည်။ မရှိတာက ကောင်းသည်ဆိုသည်က
လူလောက အတွက်ပို၍ ကောင်းမည်ဟုထင်ပါသည်။
အဘယ်ကြောင့်ဆိုသော် ပညာရှာရာ၊
စီးပွားရှာရာ၊ တရားရှာရာမှာ လောဘ က
ကောင်းသည်ဟု ထင်ပါသည်။ ထိုအနည်းငယ်
သော အရာများအတွက်သာ လောဘက
ကောင်းသည်ဟု ပြောကြသည်။
အင်း ရေးရင်နဲ့ ကိုယ်တွေပင် မျက်စိလည်လာသည်။
ရှိတာရော၊ မရှိတာရော ရှုပ်ကုန်ပေသည်။
လောဘရှိတာ မကောင်းတာကလည်း လူ့ပြည်
လူ့ရွာမှာ အများသာပင်ဖြစ်သည်။ အထက်ဖော်ပြပါ
လောဘရှိတာကောင်းသော သုံးခုအနက်
စီးပွားရှာရာတွင် မတော်လောဘရှိပါမူ
မရှိတာက ကောင်းသည့်ဖက်ပါပေမည်။
တနေ့က ကျွန်တော်ညီမသည် သူ့အသိ
မိတ်ဆွေ တရုတ်မိသားစု၏ နာရေးသို့
သွား၍ ကူညီသည်။ တရုတ်ဆိုသည်က
ငွေကြေးချမ်းသာသူများသည်။ သူရို့၏
ထုံးစံအတိုင်း နာရေးမှာ အကျွေး အမွေး
များဖြင့် ဧည့်ခံသည်။ ထိုသို့ ဧည့်ခံကျွေးမွေးရာတွင်
ဘူဖေးပုံစံကျွေးမွေးသည်။
ငွေကြေးချမ်းသာသော တရုတ်ဖြစ်၍
ထမင်းဟင်းများကို ရှယ်ကျွေးသည်။
ထိုသို့ကျွေးရာတွင် သူရို့ဖိတ်ထားသော ဧည့်သည်
များအပြင် ကူညီပေးသူ မြန်မာလူမျိုးများလည်း
ပါဝင်သည်။ ရေသန့် ရောင်းချသူများကိုလည်း
ကျွေးမွေးသည်။ အစားအသောက်နှင့်ပတ်သက်၍
လူတို့၏ လောဘကို အတိုင်းသား မြင်တွေ့ရပေတော့သည်။
စားသောက်သူများသည် မိမိစားနိုင်သလောက်
ကုန်နိုင်သလောက်ယူငင်ခြင်းမရှိပေ။ လောဘ
၏သားကောင်များဖြစ်ကြကာ ဟင်းတုံး၊
ဟင်းဖတ်များကို လောဘ၏ စေခိုင်းသည့်အတိုင်း
ထည့်ယူစားသောက်ကြသည်။ စားသောက်
ပြီးသောအခါ လူတိုင်းနီးပါး၏ ပန်းကန်များတွင်
ဟင်းတုံး၊ ဟင်းဖတ်များ များစွာကျန်ရှိနေ
လေသည်။
ထိုသို့ ပန်းကန်များတွင် ကျန်ရစ်သော ဟင်းတုံး
ဟင်းဖတ်များကိုကြည့်၍ ကျွန်တော်ညီမက
တဖြစ်တောက်တောက်ပြောမဆုံးပေ။
အိမ်ရောက်သည့်အထိ ထိုအကြောင်းကို
ပြောမပြီးပေ။ မှန်ပါသည် ယခုလိုခေတ်အခါမှာ
ထမင်း ဟင်းများ ပိုလျှံ၍ ပစ်ရပါမူ ကျွန်တော်
သည်လည်း အင်မတန်နှမြောမိပါလေသည်။
@htwegyi
September 11, 2024