Hive ကနေ HBD သို့၊ HBD ကနေ Hive
ကို Swap လုပ်ဖို့ရာ Hive Singer ဝင်ရောက်ရန်
ပြဿနာဖြစ်နေသည်။ Password ထည့်သည် မရ။
Posting key ထည့်လည်း မရ။ Active key ရော
စုံနေသည်။ ဝင်၍မရပေ။ ဝင်မရတော့ Hive နှင့်
HBD ကို Trade မရပေ။ မာစတာကီးဖြင့် ဝင်မကြည့်ရသေးပေ။ မည်သည့်ကြောင့် ဖြစ်သည်ကို
မသိပေ။
Hive ဈေးသည်ကလည်း စိမ်းလိုက် နီလိုက်ဖြင့်
မီးပွိုင့်ဖြစ်နေသည်။ ယခင် စိတ်ကူးစဉ်က
Hive ဈေးသုံးဒေါ်လာရောက်စေချင်သည်။
ထိုထက် တက်ပါလျှင်လည်း အကောင်းဆုံးပေါ့။
ယခုတော့ သုံးဒေါ်လာမပြောပါနဲ့ ပြားသုံးဆယ်ပင်
ရောက်ဖို့ အနိုင်နိုင်။ ပြားနှစ်ဆယ်အနီး တဝဲလည်
လည်နေသည်။ အော် ကောင်းပေစွ စိတ်ပျက်ဖို့။
တနေ့ တနေ့ coinmarketcap မှာ Hive ဈေး
သွားကြည့်ရတာလည်း အမော။
Hive နှင့် HBD ကို Swap သည့်အခါ Ecency
မှာမပြုလုပ်ပဲ Chrome မှာ လုပ်ဖြစ်သည်။
Chrome ပြုလုပ်နေစဉ် continue နှိပ်သည့်
အပြာတန်းကို နှိပ်မရအောင် ဘားတန်းဖြင့်
ဖုံးအုပ်ထားသည်။ ထိုအရာသည်ကလည်း
မည်သို့ဖြစ်သည်မသိ။ Chrome မှာ Swap
မရသဖြင့် Ecency မှာ သွားပြီးပြုလုပ်သည့်
အခါမှာလည်း Hive Singer ကို ဝင်မရဖြစ်
နေသည်။
Hive Singer ကိုဝင်သည့်အခါ နောက်ဆုံး
ပြုလုပ်သော Active key ဖြင့် ဝင်ပါဟုပြောသည်။
ဒီတော့ Hive သို့တဖန်ဝင်ရောက်ကာ Active key
တခါပြန်ယူရမည်လား မသိပေ။ နောက်ဆုံး
ထိုသို့ လုပ်ပြီး ကြိုးစားကြည့်ရပေအုံးမည်။
ရ မရ တော့ မသိသေးပေ။
Cryptocurrency လောကကြီးထဲမှာ
တဝဲဝဲလည်နေသော ကိုယ်သည်က အပြောကျယ်
သော ပင်လယ်၊ သမုဒ္ဒရာကြီးကို ကူးခတ်နေရသလို။
တနေ့နေ့တော့ မေခလာ ကယ်ကောင်းပါရဲ့။
မေခလာ ရေ နင်မအားလို့ မလာချင်လည်း
Hive ဈေးတက်အောင်တော့ဖြင့် မ လိုက်ပါလေ။
မေခလာ နင် မလာပဲ ရန်ကျော် ကိုတော့ဖြင့်
မလွှတ်လိုက်နဲ့နော်။
မှတ်ချက်။ အဆိုတော် မေခလာ ခင်ပွန်း၏ အမည်မှာ
ရန်ကျော် ဖြစ်သည်။ ဘာတဲ့ သူမ ဆိုထားတဲ့
သီချင်း ။
" ငါ ဘုရင်မ အသည်းများ ဟက်တက် ကွဲသွားမယ်
ပုရိသ"
Hive ဈေး တက်လိုကတော့ဖြင့် အသည်း ကွဲရင်
ကွဲပါစေ။ အသည်းကလည်း အသက်ကြီးပြီး
အသုံးမပြုတော့ မှိုတက်နေရော့မယ်။
Hive မိတ်ဆွေအပေါင်း ကျန်းမာ၊ ချမ်းသာ
လန်းဖြာကြပါစေ။
@htwegyi
August 11, 2025