Facebook ကြည့်ဖို့ ကျွန်တော် ကြိုးစားသည်။

in HIVE-MYANMAR7 months ago

မီးမလာ၍ ဖုန်းအားမသွင်းရပါ။
ဖုန်းအား မရှိတော့ ပိုစ့်မတင်ဖြစ်ပေ။
ယခင်က မီးသည် ရှစ်နာရီပျက်၍ လေးနာရီ
လာသည်။ ယခု မည်သို့ မည်သည့်အချိန်မှာ
မီးပေးသည်ကို မသိရပေ။ သူလာချင်သည့်အခါ
လာသည်။ ပျက်ချင်သည့်အခါ ပျက်သည်။

ဖုန်းအားမရှိ၍ တရက်ခြား ပိုစ်တင်မည့်အရေး
ပျက်ကွက်ရသည်။ ကိုယ်၌ကလည်း
စာရေးဖို့ လုံ့လမရှိ၍လည်း ဖြစ်ပေသည်။
ဖတ်စရာ စာအုပ်မရှိတော့ ကိုရီးယား
ဇာတ်ကားကြည့်သည်။ Facebook က
VPN မရှိ၍ သတင်းများကို Telegram
မှာ သွားကြည့်သည်။ YouTube မှာ သွား
ကြည့်သည်။

အဲ့သဟာမှာ Telegram မှာ ကြည့်၍ စာဖတ်
သည်က ပြဿနာမရှိပေ။ YouTube မှာ
ကြည့်ရသည်က ဘေလ်ကုန်ပေသည်။
ဒီတော့ ကိုယ်တွေက Telegram မှာသာ
သတင်းများကို အကြည့်များသည်။
Telegram မှာ ကြည့်သည့်အခါ အစဦးပိုင်း
ကအဆင်ပြေသည်။

ယခင်က အဆင်ပြေပြီး၊ ယခုအခါ Telegram
သည် အသစ်များကို နိုတီများသာ ပေးလာပြီး
ဝင်ရောက်ကြည့်သည့်အခါ ကြည့်မရပဲဖြစ်နေ
သည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်သည်မသိပေ။
Telegram ကို Update လုပ်မှ အသစ်များ
တက်မည်လားဟု ထင်မိသည်။ သို့ပါ၍
Update လုပ်ရန် Play Store ဝင်ရောက်
ကြည့်ပါသော်လည်း Update လုပ်ရန်
မတွေ့ရပေ။

Facebook ကြည့်နိုင်ရန် YouTube မှာ
ပိုစ့်များတင်ထားသည်ကို တွေ့ရသည်။
Opera မှ ဝင်ရောက်ကြည့်နည်း ဆို၍
ဝင်ရောက်လုပ်ကိုင်ကြည့်ရာ အဆင်မပြေပါ။
နောက်တခုက Mobile Internet မှ
ဝင်ရောက်၍ Access point များကို
ဂူဂဲလ်မှ လိပ်စာများကူးထည့်၍ ကြည့်ခြင်း
ဖြစ်သည်။ ထိုနည်းကလည်း အဆင်မပြေပါ။

နောက်ဆုံးတော့ VPN ဖြင့်အသုံးပြုခြင်းသာ
အဆင်ပြေတော့သည်။ VPN သည်လည်း
ယုန်တခုကို စတင်အသုံးပြုသည်။ တပတ်
ခန့်သာ အဆင်ပြေသည်။ နောက်ရက်များမှာ
အဆင်မပြေတော့ပေ။ ယခုအခါ သော့ပုံစံ
VPN ကို အသုံးပြု၍ Facebook ကို
ဝင်ရောက်ကြည့်ပါအုံးမည်။ အဆင်ပြေ
မလားတော့မသိပေ။ ‌သီပေါ၊ ကျောက်မဲ၊
နောင်ချိုနှင့် မိုးကုတ် တိုက်ပွဲများ၏
သတင်းများကို ကြည့်ချင်မိ၍ Facebook
ရအောင် ကျွန်တော် ကြိုးစားလိုက်ပါအုံးမည်။

မှတ်ချက်။ သော့ပုံ vpn ကလည်း အဆင်မပြေပါဘူးဗျာ😂

@htwegyi
June 29, 2024

Sort:  

ကြိုးစားပါဗျာ။
လိုလျှင်ကြံဆ နည်းလမ်းရ တဲ့။

!LUV
!LOLZ

ဟုတ်ကဲ့ပါဗျာ။

Loading...