Hive ဈေးက ပြားနှစ်ဆယ်။
စာရေးဖို့ ခက်စေတယ်။
သို့သော်ငြားလည်း ရေးရပေအုံးမပေါ့။
စာရေးပိုစ့်တင်သည်က စဉ်းစားလိုက်
ရေးလိုက်ဖြင့် တနေ့ တနေ့ ပိုစ့်ဖြစ်အောင်
ရေးနိုင်ပေသည်။ ထိုသို့ ရေးသားခြင်းဖြင့်
အခြားအရာများကို လိုက်၍ မမှီ မသိတော့ပေ။
ကျွန်တော်က Hive ပလက်ဖောင်းတခုထဲ
မှာသာ စာရေးပိုစ့်တင်လိုက် ပြုလုပ်သည်။
Hive ၏ အခြားဆက်စပ်တိုကင်များကိုပင်
မေ့လျှော့နေပေသည်။ Hive Engine မှ
တိုကင်များကို မေ့ထားသည်မှာ နှစ်ချီကြာ
ခဲ့ပေသည်။ ထိုကြောင့်ပေလားမသိ။
Hive Engine မှ တိုကင်များကို အသွင်း၊
အထုတ်ပြုလုပ်၍ မရဖြစ်နေပေသည်။
အခြားသူများရော ဖြစ်လားမသိပေ။
Hive Engine မှ တိုကင်များကို ရောင်းစရာရှိ
ရောင်းပြီး၊ ဝယ်စရာများကို ဝယ်ရန် ယခုအခါပြုလုပ်၍မရ
ဖြစ်နေသည်။ ထိုကြောင့် အခြားသော
တိုကင်အသစ်များ၊ ကွိုင်းအသစ်များကို ပြုလုပ်ရန်
စိတ်မကူးရဲပေ။ ကိုယ့်မှာ ရှိသော တိုကင်များကို
ပစ်ထား၍ မေ့နေပါသည်။
Hive Engine မှ တိုကင်များသည်လည်း
ဈေးအတက်အကျ ထူးခြားမှု မရှိ၍လည်း
ပစ်ထားခြင်းဖြစ်ပေသည်။ ယခင်က
Hive Engine မှ တိုကင်များကို အခြား
Exchange တခုမှာ ရောင်းဝယ်ခဲ့ခြင်း
ဖြစ်သည်။
ယခုအခါ ထိုရောင်းဝယ်ခဲ့သော Exchange
ပလက်ဖောင်းကို မေ့၍ နေပေသည်။
ဟိုးယခင်ကပင် Hive Engine မှ တိုကင်များကို
Hive Engine ရောင်းဝယ်ပြုလုပ်ရန် ခက်ခဲ
သဖြင့် သူ့ထံ ရောင်းဝယ်ခြင်း မပြုလုပ်ခဲ့ပါ။
ထိုကြောင့် Hive Engine မှ တိုကင်များကို
မည်သည့် Exchange ပလက်ဖောင်းများတွင်
ရောင်းဝယ် ပြုလုပ်၍ ရပါသေးလဲ ဆရာသမား
များက ပြောကြားပေးကြပါ။
Cryptocurrency ဆိုသည်ကလည်း
အချိန်နှင့်အမျှ အပြောင်းအလဲများဖြစ်ပေါ်နေ
တတ်ပေသည်။ ခုတမျိုး တော်ကြာတမျိုး
ဆိုသည်မှာ Crypto လောကလည်း ပါဝင်ပေမည်။
ထိုသို့ ပြောင်းလဲနေမှုကို မျက်ခြေမပျက်ကြည့်
နေနိုင်မှ တော်ကာကြပေမည်။
ကျုပ်လို လူပျင်း အသက်အရွယ်ကြီးသူ
တယောက်အဖို့ လျှပ်တပြက် Crypto လောကနှင့်
အဆက်မပြတ်အောင် လိုက်နေရတာ။
မျက်စိထဲမှာ မြင်အောင် ရေးပြရပါရင်။
ယုန်နောက်ကို အပြေးလိုက်နေတဲ့ ပက်ကျိ
တကောင်လိုပါပဲလေ။ သို့ပေသိ
အချိန်တန်ရင်ဖြင့် ပန်းတိုင်ကို
ရောက်ချင်ပါသေးတယ်လေ။
@htwegyi
June 20, 2024