Hive ဈေးက ပြားနှစ်ဆယ်သို့ စောက်ထိုး
ဆင်းချင်သည်။ ဟိုက်ဈေးကို ဒေါ်လာတရာ
ဖြစ်စေချင်တာ။ ဖြစ်နေတာက ပြားနှစ်ဆယ်
ဆိုတော့။ မဆိုးပါဘူး ဟု ကလေးတွေပြောသလို
ပြောလိုက်ချင်ပါရဲ့။ Hive ဈေးသည်
ဒေါ်လာတရာသို့ ရောက်ဖို့ မဆိုထားနှင့်
တဒေါ်လာရောက်ဖို့ပင် အတော်ဆုတောင်း
ရမလို။
အမှန်တကယ်ဆိုပါမူ ယခုအချိန်မှာ
ဟိုက်ဈေး တဒေါ်လာသို့ ရောက်သင့်ပေသည်။
မည်သည့်ကြောင့်၊ မည်ဝါကြောင့်၊ မည်သို့ဖြစ်
ပါသလဲ မသိပါ။ ကမ္ဘာကြီးက အာဏာ၊ ပါဝါ
ရှိသူတွေ၏ အတ္တအားကြီးမှုများကြောင့်ဟု
ဆိုချင်မိသည်။
မှန်ပေသည် ကမ္ဘာကြီး၏ အာဏာ၊ ပါဝါကြီးသူ
များက မတော်လောဘများကြောင့် ကျွန်တော်တို့၏
Hive သည် ဈေးမကျသင့်ပဲ ကျရသည်။
ဈေးတက်ချင်လျှက်နဲ့ ဈေးမတက်ခဲ့ရပါ။
ကမ္ဘာကြီးရဲ့ အာဏာ၊ ပါဝါရှိသူများသည်ပင်
အတ္တကြီးသည်မဟုတ်။ ကမ္ဘာကြီး၏
သေးနုပ်နည်းပါးသော သူများပင် ကိုယ်နှင့်
မတန်တဆ အတ္တကြီးနေကြသည်။
ဆိုတော့ ကျွန်တော်တို့၏ Hive ဈေးတက်ဖို့က
ရွှေပြည်တော် မျှော်တိုင်းဝေးနေသလို။
မည်သို့ဆိုစေ ထို ရွှေပြည်တော်ကို
မျှော်လင့် စောင့်စားရသည်ကပင် ကိုယ်တွေ၏
မျှော်လင့်ချက်ပင်ဖြစ်ပေသည်။
Cryptocurrency ဈေးများက မည်သို့
မည်ပုံဖြစ်နေသည်မသိရပေ။ ဟိုနိုင်ငံက
လက်ခံသလို၊ ဒီနိုင်ငံက လက်မခံကန့်ကွက်ဖြင့်
Crypto များက နေရာမရဖြစ်နေသည်။
ဆိုင်ဆိုင် မဆိုင်ဆိုင် Hive ဈေး မတက်တော့
ဟိုလူ့ ပတ်ရမ်း၊ ဒီလူ့ပတ်ရမ်း ဆိုသလို။
ကမ္ဘာကြီးနဲ့ ချီပြီး ပတ်ရမ်းလိုက်သည်။
ဟိုက်ဈေးတက်မည်နေ့တော့ တနေ့နေ့
တွေချင်သေးတာပေါ့။ တလောက
Hive ဈေး သုံးဒေါ်လာရောက်ခဲ့သေးသည်။
ထိုအချိန်က ကိုယ်တွေ ဟိုက် မရောင်းဖြစ်ခဲ့ပါ။
နေသေးသပပေါ့။ Hive ဈေး ဒေါ်လာ
သုံးဆယ်ဖြစ်ခဲ့ပါမူ ရောင်းဖြစ်အောင်
ရောင်းရပါမည်။ ကိုယ်ရဲ့ စိတ်ကူးပေါ့ဗျာ။
တနေ့နေ့၊ တချိန်ချိန်မှာ တစုံတယောက်သော
သူက Hive ဈေးများ တက်အောင်ပြုခဲ့ပါမူ
ကောင်းလေစွ။ တချိန်တခါကတော့ Steemit
တွေ ဆယ်ဒေါ်လာကျော်ခဲ့ဖူးသည်။ နောင်
အနာဂတ်မှာလည်း Hive ဈေး ဒေါ်လာ
တရာကျော် ဖြစ်နေနိုင်တာပဲဟု အားတင်းရင်း
ပိုစ့်တင်ဖို့ ကြိုးစားရပါအုံးမည်။
@htwegyi
June 13, 2024