စာရေး ပိုစ့်တင်ဖို့ တရက်နောက်ကျသည်။
နောက်ကျဆို မိတ်ဆွေအိမ် အလည်သွားနေ၍
လည်းဖြစ်သည်။ နောက်တခုက Telegram
မှပေးသော Dogs ဆိုသည့်အရာကြောင့်လည်း
ဖြစ်ပေသည်။ ထို Dogs သည်ကား
Telegram မှ ပေးသော bot တခုဖြစ်သည်။
ဟုတ်သလားမသိ Telegram ၏ အပေါ်မှ
ပေါ်နေသော bot ဟူသည့် စကားလုံးကို
ယူသုံးခြင်း ဖြစ်ပေမည်။
အများတကာတွေ က Telegram မှ
ပေးသော အဆိုပါ bot အရာများကို ယူနေကြသည်။
ကျွန်တော်လည်း အများနည်းတူ ရောရောင်ကာ
အဆိုပါ Dogs ဆိုသည့်အရာကို ပြုလုပ်မိသည်။
သူများတကာတွေ ထုတ်ယူပြီနေချိန် ကိုယ်တွေက
ထုတ်ယူဖို့ အသည်းအသန်ကြိုးစားနေသည်။
Dogs ရဲ့ ပျောက်သောလမ်းမှာ စမ်းတဝါးဝါ
ဆိုသလို ဟိုနှိပ် ဒီကလိဖြင့် ရရှိသော Dogs
ကိုထုတ်ယူဖို့ ကြိုးစားသည်။
ကိုယ်တွေမှ မကျွမ်းကျင်ပါဘူး စမ်းတဝါးဝါပါဆိုမှ
ဒင်းက အလွယ်တကူ ထုတ်မရ။ သို့နှင့်
ဆရာသမားများကို မေးရတော့သည်။
ဆရာများကလည်း ပြောပြပါသည်။
Dogs က End သွားပါပြီတဲ့။ မှတ်ကရော။
အဲ့ သို့ပေသိ အချို့သော ဆရာများက ထုတ်ယူ၍
ရသေးသည်ဟု ပြောသည်။ သို့နှင့်
အဆိုပါ Dogs ဆိုသည့်အရာကို Telegram
မှာသွား၍ ကလိရပြန်ပါသည်။
Dogs ကို အကြိမ်ကြိမ်အခါခါ ကလိသည်။
ဟိုနှိပ် ဒီနှိပ် သူပြောသော စကားလုံးများ
သိတာရှိ၊ မသိတာလည်းရှိ နှိပ်ပြီးသည့်သကာလ
ရသလိုလို မရသလိုလို သူက ကျွန်တော့်ကို
အချစ်စမ်းသလား၊ အကဲစမ်းသလားမသိ။
နောက်ဆုံး ရခါနီးမှ မရဘူးဟု ပြောပြန်သည်။
ပြန်ထွက် ပြန်ဝင် ပြန်နှိပ်သည့်အခါမှာတော့
သကောင့်သားကို ရခဲ့ပါလေသည်။
အက်လယ် ဒီတခါတော့ သကောင့်သား
Dogs က ထုတ်ယူ၍ ရသည်ဟုထင်ပါသည်။
ပုံပါအတိုင်း တင်ပြထားပါသည်။ အနှီး
Dogs ကို ကျွန်တော် ထုတ်ယူ၍ ရလောက်
ပြီဟု ထင်ပါသည်။ ကိုဒွန် ရေးထားသလို
ကျွန်တော်တို့၏ အချစ်တော် Hive သည်က
ဈေးတက်ဖို့ စောင့်နေရသည်မှာ ကြာချေလှသည်။
ဒီတော့ ဒီလို အလွယ်တကူ ရသော၊
အဟဲ ခက်ခက်ခဲခဲ မဟုတ်သော၊ ရိုးရှင်းသော
Token and Coin များကိုဖြင့်
အများတကာနောက် ပြေးလွှားလိုက်ပါရင်း
ကြိုးစား၍ ပြုလုပ် ရပေအုံးတော့မည်။
@htwegyi
September 6, 2024