အချစ်က စိတ်ကောက်သတဲ့လားနှင့် ကိုးသိန်း။

in HIVE-MYANMAR3 months ago

ယနေ့တော့ အတိတ်လည်ကောင်းတာ။
နမိတ်လည် ကောင်းတာ နှစ်လုံးပေါက်လိမ့်မယ်
ထင်တာ။ ဘာလို့လဲဆိုတော့ မနက်စောစော
ရေကန်ဘေး မျက်နှာသစ်ရင်း ခရုနှစ်ကောင်
သံဝါသပြုတယ်လို့ ပြောရမလား၊ တူနှစ်ဖြာ
ဂဟေဆက်တယ်လို့ ပြောရမလားပေါ့။
ကိုယ်တွေလည်း နှစ်လုံးထိုးသည့် မိတ်ဆွေနှင့်
ပေါင်းမိ၍ အရာရာကို အက္ခရာဂဏန်းများ
အဖြစ် တွေးမိနေသည်။

ခရုနှစ်ကောင်ပူးကို မြင်မိတော့ စာရေးဖို့
ကုန်ကြမ်းရပြီဆိုကာ ဖုန်းယူ၍ ကင်မရာဖမ်းလိုက်သည်။
ကျွန်တော့်ဖုန်းက မနက်စောစောမှာ
ပဌာန်းဖွင့်ထားသည်။ ထိုကြောင့် အငယ်မ၏
ဖုန်းကိုယူ၍ ခရုနှစ်ကောင်၏ ချစ်ဗျူဟာကို
ဓာတ်ဖမ်းရသည်။ ထိုသို့ဓာတ်ဖမ်းသည့်အခါ
သူများချစ်ခြင်းကို ကသိကအောက်ဖြစ်
စေလေသည်။

မနက်ခြောက်နာရီခွဲ အချိန်ဆိုပေသိ နေရောင်က
ကောင်းစွာ မရသေး။ ဒီတော့ ခရုနှစ်ကောင်ကို
ဖုန်းဖြင့် ဓာတ်ဖမ်းသည့်အခါ အလင်းလိုအပ်ချက်အရ
ဖုန်းကင်မရာက မီးလင်းသည်။ ဒီတော့
သူရို့နှစ်ကောင်အတွက် ကိုယ်တွေက အနှောင့်
အယှက်ပေးသလိုဖြစ်လေမလား။ ထိုကြောင့်
ဓါတ်ပုံကို သေချာစွာ မရိုက်ဖြစ်တော့ပေ
နှစ်ပုံသာ အမိအရ ရိုက်လိုက်ရသည်။

အချစ်သည် တခါတရံ သာယာသလို၊
တခါတရံ စိတ်ကောက်သည်။ စိတ်ကောက်သည့်
အချစ်ကို ချော့ရသဖြင့် ငွေကိုးသိန်းကုန်ခဲ့သည့်
အဖြစ်လည်းရှိသေးသည်။ တနေ့က မိတ်ဆွေ
၏ သားလေးသည် သူ့ချစ်သူ မိန်းကလေးနှင့်
သမီးရည်းစားတွေ့ကြသည်။ တွေ့ကြရင်း
ချစ်သူမိန်ကလေးက စိတ်ကောက်သည်။

စိတ်ကောက်သည့် ချစ်သူကို ချော့ရသဖြင့်
အချိန်နောက်ကျကာ အမှောင်သန်းခဲ့သည်။
အမှောင်ကို အခွင့်ယူ၍ အလစ်သုတ်သမား
များနှင့် ကောင်လေးခမျတွေ့လေသည်။
အလစ်သုတ်ဓားပြအဖွဲ့က ကောင်လေးကို
ခေါ်သွားကြောင်း မိဘများကသိ၍ နောက်မှ
လိုက်၍ ရွေးယူကြရသည်။

သူတို့ကို ချက်ချင်း ငွေခုနှစ်သိန်းပေးလျှင် ရွေးရမည်
ဖြစ်သည်။ သို့သော် မိဘများက ငွေချက်ချင်း
ပါမလာသဖြင့် အိမ်ပြန်ယူရသည်။ ထိုအိမ်ပြန်ချိန်
အချိန်အတွက် နှစ်သိန်းပိုတောင်းကာ ဓားပြတိုက်သည်။
ဓားပြများက သူတို့ကိုပင် ကျေးဇူး
တင်ရမည်ဖြစ်ကြောင်းပြောသည်။ မဟုတ်ပါက
ခင်များတို့သားကို စစ်မှုထမ်းဖို့ ပို့ခံရပြီသာ
မှတ်ဟု ပြောသည်။

အော် အချစ်က တခါတရံ စိတ်ကောက်ပါက
ငွေပေးရသည့်အပြင် ကျေးဇူးအတန်တန်
ပြောရပါသည်။ အချစ်ကို အချိန်အကန့်
အသတ်ဖြင့် ချစ်ကြဖို့ သတိပေးရပါသည်။
အချိန်အခါဖြင့်လည်း ချစ်ကြဖို့ လူငယ်
မောင်မယ်များကို သတိပေးလိုက်ရပါသည်။

@htwegyi
December 2, 2024

Sort:  

!hiqvote

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻