We Win

in HIVE-MYANMARlast year

မနေ့က သွား မကန်ဖြစ်တာ ကြာနေသည့် ကွင်းမှာ သွား ကစား ဖြစ်၏။ ကျနော်တို့ ကန်လေ့ ကန်ထ ရှိသည့် ကွင်းက 3 ကွင်းရှိ၏။ Green field, အာဟာရ နှင့် လမ်းပြကြယ် Futsal ကွင်းတွေ ဖြစ်၏။ ထို 3 ကွင်းထဲမှာ ပင်တိုင် အများဆုံး ကန်ဖြစ်သည့် ကွင်းက Green field futsal ကွင်း ဖြစ်၏။ ထိုကွင်းမှာ ကစားတာ များလွန်းလို့ အိမ်ကွင်းလိုပင် ဖြစ်နေခဲ့ပြီ။ ဒုတိယ အများဆုံး ကစားဖြစ်သည့် ကွင်းက အာဟာရ ကွင်းမှာ ဖြစ်၏။ လမ်းပြကြယ်ကတော့ ရံဖန်ရံခါမှပင်။

မနေ့က ကန်တာက အာဟာရကွင်းမှာ ဖြစ်၏။ ချိန်းပွဲ ဖြစ်၏။ ညနေပိုင်းကို 2 ချိန် (2 နာရီ) ဆက် ကစားခြင်း ဖြစ်၏။ လာမကန်တာကြာလို့ ထင်ပါရဲ့ ကွင်းက အကိုက ချိန်းပေးလိုက်သည့် နှစ်သင်းက ကြည့်ဦး။ သူတို့ ကွင်းမှာ လာကန်နေကြ အသင်းတွေထဲကမှ အကောင်းဆုံးဟု ပြောလို့ရသည့် အသင်း နှစ်သင်းနဲ့ ချိန်း (ချိတ်) ထား ပေး၏။ ရက်စက်လေပြီ။ မထူးတော့ ချိတ်ထားပြီးမှတော့ ကန်ကြရုံပေါ့။

ပထမ အသင်းကတော့ ကျနော်တို့နှင့် တခါမှ မကန်ဖူးသေးသည့် အသင်း ဖြစ်၏။ လွိုင်ကော် လက်ရွေးစဉ် အချို့ပါသည်ဟု ဆို၏။ ကျနော်တို့မှာ အားသွန်ခွန်စိုက် ကစားကြရပေမယ့် သူတို့က သက်ဝောာင့်သက်သာ အေးဆေးလေး ကစားပြီး အနိုင်ယူသွားခဲ့၏။ ဂိုးကွာဟချက်တော့ မမှတ်မိတော့ပေ။ ၆ ဂိုးလား၊ ၇ ဂိုးလား မသိ ကွာသွားခဲ့၏။ ခြေအရရော၊ ဂိုးအရရော ရှုံးနိမ့်သွားခဲ့ရ၏။

ဒုတိယ အသင်းနဲ့ကလည်း မချောင်ပေ။ မကြာခဏ ချိန်းကန်ဖူးသည့် အသင်း ဖြစ်၏။ ကျနော်တို့ ခုထိ အနိုင်မကန်နိုင်သေးသည့် အသင်း ဖြစ်၏။ တကြိမ်သာ သရေကစားထားနိုင်ပြီး ကျန်အကြိမ်တွေမှာ ကျနော်တို့ ရှုံးထား၏။ ထို့ကြောင့် အရင်ထက်စာရင် သေချာ ကန်ကြမယ်ကွာဆိုပြီး အားလုံးကလည်း တေးထား၏။ သူတို့ အသင်းကလည်း နိုင်နေကြ အသင်းလေးဆိုပြီးတော့ ကျနော်တို့ အသင်းက လျော့တွက်ထားကြ၏။ အဲ့မှာ သူတို့ မှားသွား၏။

အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံး ကန်မယ်ဟု ဆုံးဖြတ်ထားသည့် ကျနော်တို့ အသင်းကို သူတို့က အရင်လိုပဲဟု ထင်ထားခဲ့ပုံပင်။ ‌သူတို့နဲ့ တွေ့တိုင်း ဘောလုံးပိုင်ဆိုင်မှုနှင့် ကစားကွက်မှာ သူတို့က အမြဲသာ၏။ ဝုန်းဝုန်းနဲ့ လိုက်ကစားတတ်သည့် ကျနော်တို့၏ ကစားဟန်က သူတို့ အသင်းနဲ့ တွေ့တိုင်း အလုပ် မဖြစ်ခဲ့ပေ။ ထို့ကြောင့် ဒီတကြိမ်မှာတော့ ပုံစံ ပြောင်းလိုက်၏။ ခံစစ်ကို လုံအောင် ကစားပြီးမှ တန်ပြန် တိုက်စစ် ဆော့မယ်ပေါ့။

ကျနော်တို့ ကစားကွက်က အလုပ်ဖြစ်သွားခဲ့၏။ အပြန်အလှန် ဂိုးတွေ သွင်းကြပြီး ဂိုးကွာခြားချက် ၅ ဂိုး အသာဖြင့် ကျနော်တို့ အနိုင်ရခဲ့၏။ ထိုကွင်းမှာ ထိုအသင်းကို အနိုင်ကစားနိုင်သည့် အသင်းက လက်ချိုးရေလို့ရအောင် နည်း၏။ ပြီး သူတို့က ရှုံးခဲ့ရင်တောင် ၃ ဂိုးထက်ပိုပြီး မရှုံးခဲ့ပေ။ ခုတော့ စံချိန်သစ် အဖြစ် ၅ ဂိုးပြတ်နှင့် ကျနော်တို့ကို ရှုံးသွားခဲ့၏။

ကျနော်တို့ တသင်းလုံး ကောင်းကြသလို သူတို့ဘက်က ပြိုင်ဘက်ကို လျော့တွက်သွားတာကြောင့်လည်း ခုလို အရှုံးနဲ့ ရင်ဆိုင် သွားရခြင်း ဖြစ်၏။ ဘာပဲ ပြောပြော မနေ့ အချိန်ခဏတော့ ပျော်လိုက်ရ၏။

Sort:  

!hiqvote

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !WEED from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

@donjaun!

@hiq.smartbot passed you the virtual joint!
If you do not want to receive these comments, please reply with !STOP