VPN

in HIVE-MYANMARlast year

Facebook က VPN ပြန်လိုတာ ရက်ပိုင်းလောက် ရှိခဲ့ပြီ။ FTTH, wifi တွေ အမျိုးအစားပေါ် မူတည်ပြီး Facebook ကို VPN ခံစရာမလိုဘဲ သုံးလို့ရ၏။ အာဏာသိမ်းပြီးခါစ အစောပိုင်းလတွေမှာ Facebook ကို VPN ခံသုံးမှ ရ၏။ ဒါပေမယ့် နောက်ပိုင်းမှာတော့ VPN ခံပြီး သုံးစရာ မလိုတော့ပေ။ FTTH Company တွေကပဲ ကတ်တိုးလေး ဖွင့်ပေးထားသည်လားတော့ မသိပေ။ ဟိုးယခင်ကနေ ခုထိကို လုံးဝ မဖွင့်ပေးသည့် FTTH တွေလည်း ရှိ၏။ ဟိုးစကတည်းက ခုထိကို တခါမှ VPN ခံစရာမလိုတဲ့ FTTH ‌တွေလည်း ရှိ၏။ Mytel တို့ ဘာတို့ပေါ့။

အိမ်မှာ တပ်ထားတာက We link ဖြစ်၏။ အစပိုင်းမှာ VPN လိုပေမယ့် နောက်ပိုင်းမှာ မလိုတော့ပေ။ Facebook ကလည်း မဖြစ်မနေကို သုံးရမှရယ် မဟုတ်နေတော့ VPN သုံးရခြင်း မရခြင်းက သိပ်ကိစ္စ မရှိပေ။ နို့ပေမယ့် ယခင်ကတည်းက သုံးလာခဲ့ ပြီးအချင်းချင်း ကလည်း Facebook, Messenger တို့ကနေသာ ပြောဆို ပြုမူကြတာ များတော့ အဆိုပါ Facebook ဘာညာ သုံးဖို့ အတွက် VPN က လိုပြန်၏။ ပြီး click ဖို့လည်း ရှိသေးသည် မလား။ clicker တွေအတွက် VPN က မရှိ မဖြစ်ပင်။

ဆိုတော့ကာ click ချိန်နှင့် Facebook သုံးချိန် အတွက်တော့ VPN ကို လိုအပ်၏။ ထိုသို့ အဆင်ပြေအောင် ကြည့်ကျက် သုံးလာခဲ့တာပဲ ၃ နှစ်လောက် ရှိလာခဲ့ပြီ။ click ချိန်မှပဲ VPN လိုတာလည်း ကြာခဲ့ပြီ။ ဒါပေမယ့် ပြီးခဲ့သော ရက်ပိုင်းမှာတော့ Facebook ကိုပါ VPN ပြန်ခံပြီး သုံးနေရပြီ ဖြစ်၏။ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ စတင်ရာကနေစပြီး Internet လိုင်းတွေလည်း နှေး၊ မကောင်းနဲ့ ပြီး Facebook အတွက် VPN ပါ ပြန်လို လာခဲ့၏။

တိုက်ပွဲတွေက မြို့တော် တောင်ကြီးနှင့် သိပ်မဝေးသည့် အနေအထားသို့ ရောက်လို့ လာနေပြီ ဖြစ်၏။ သတိထားပြီး အခြေအနေတွေကို အမြဲ စောင့်ကြည့် နားထောင်နေရ၏။ ပြေး ဆိုရင်တော့ ပြေးဖို့ မရှိပေ။ မရှိဆိုတာထက် မပြေးလိုတော့တာ။ တောင်ကြီးထိ စစ်မီးကူးလာရင်လည်း တော်တော် ခရီးပေါက်သည်ပဲ ဆိုရမလား၊ တော်တော်လေး ဆိုးရွား ခက်ခဲမည်ဟုပဲ ဆိုရလေမလားတော့ မသိပေ။

KNU က တာဝန်ရှိသူတဦး အင်တာဗျူးမှာ ဖြေထားသလိုမျိုး လေး ဆိုရင် မဆိုးလှပေ။ မြို့တွေကို ဝင်သိမ်းတာထက် သူတို့ရဲ့ လမ်းကြောင်းတွေကို ဖြတ်တောက် ပိတ်ဆို့ပြီး ပင်မနေရာသို့ ထိုးဖောက် ဝင်ရောက် တိုက်ခိုက် ခြေမှုန်းခြင်းက ပိုကောင်း မည် ဆိုတာလေးပေါ့။ မြို့တွေ မသိမ်းဘူး မဟုတ်၊ ပြည်သူတွေ အထိအခိုက် အခက်အခဲ အနည်းဆုံး ဖြစ်အောင် စဉ်းစား လုပ်ဆောင်ရင် ပိုကောင်းမည် ဖြစ်ကြောင်း သူက ဆိုထား၏။ ထိုအတိုင်းလေး လုပ်နိုင်ရင်တော့ ကောင်းသပေါ့။ နို့ပေမယ့် သိပ်တော့ မလွယ်လှပေ။

မည်သို့ပင် ဆိုစေကာမူ ဒီခရီးက ယခင်ထက် စာရင်တော့ ပိုပြီး နီးလာသည်က အမှန်ပင်။ ပန်းဝင်ခါနီးမို့ နဂိုထက် ပိုမို ခက်ခဲသည်ဟုပဲ မှတ်ယူပါ၏။ ဘာ VPN မှ မလိုသည့် အချိန်ကာလ မဝေးတော့ပြီဟု ယုံကြည်မိပါ၏။

Sort:  

!hiqvote

မဝေးတော့ပါဘူး ပန်းတိုင်နီးလာပါပြီ

အရင်ထက်စာ နီးလာခဲ့ပေါ့။

သိပ်မဝေးတော့ဘူး၊ သိပ်ပြီးစောင့်စရာမလိုလောက်တော့ဘူး ထင်ပါရဲ့။
!PIZZA
!MEME

နီးမှ ပိုကြာနေသလို ခံစားနေရ။

PIZZA!

$PIZZA slices delivered:
@htwegyi(2/10) tipped @donjaun

ဘယ်လိုတွေဖြစ်လာဦးမလဲမသိတော့
ဘာဆက်လုပ်မှန်းတောင်မသိနေဘူးဗျ
!Pizza

အကုန်လုံး အဲ့လိုပါပဲလေ။ အတူ အားတင်းထားကြရုံပေါ့။

ပိုခက်ခဲလာတဲ့ အချိန်တွေ မှာ တောင့်ခံနိုင်တဲ့ သူထဲ ပါဖို့ ပဲလိုတာ

အမှန်ပဲဗျ။

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻


You must be killin' it out here!
@hiq.smartbot just slapped you with 1.000 PIMP, @donjaun.
You earned 1.000 PIMP for the strong hand.
They're getting a workout and slapped 1/1 possible people today.

pimp_logo


Read about some PIMP Shit or Look for the PIMP District