နွေရောက်ပြီလေ

in HIVE-MYANMARlast year

နွေရောက်လာပြီမို့ စောင်အထူ၊ အဝတ်ထူတွေ ပြန်သိမ်းရပြန်၏။ နောက်ဆောင်းရာသီမှာ တခါ ပြန်ထုတ်ပေါ့။ ဒီနှစ်နွေကတော့ မည်သို့ လာမည် မသိသေးပေ။ သို့ပေမယ့် နွေဦး၏ အနေအထားကြောင့် ဒီနှစ်နွေသည်လည်း သူ့ နောင်တော်တွေ အတိုင်း ပူပြင်းမှာတော့ အသေအချာပင်။

နွေနေမို့ အပူရှောင် ဘာညာ တအားကြီး ဂရုစိုက်စရာ မလိုပေ။ နဂို ကတည်းက အပြင်ဘာညာ သွားလေ့ သွားထ မရှိလှတော့ သူ့သူ အပူရှောင်ပြီးသား ဖြစ်သွားခဲ့၏။ စာသင်စဉ် ကာလတွေတုန်းကတော့ နွေရာသီမှာလည်း သွားသွားလာလာ လှုပ်ရှား ဖြစ်၏။ နောက် အတန်းသစ် အတွက် စာကြိုသင်သည့် ကလေးတွေ ရှိတော့ နွေရာသီလည်း မနားရပေ။ သို့ပေမယ့် ကျောင်းဖွင့်ချိန်လောက်တော့ အတန်းမများ၊ အချိန် မများပေ။

ရာသီဥတုအေးတာကို ကြိုက်သူမို့ ဆောင်းရာသီကတော့ ကျနော့် အကြိုက်ဆုံး ရာသီဥတု ဖြစ်၏။ နွေရာသီကိုက ပူလို့ သိပ်မကြိုက်ပေ။ ပူတာကလွဲလို့ ပွင့်လင်းရာသီလေး ဖြစ်သည်မို့ မဆိုးပေ။ အကြိုက်ဆုံးကတော့ လျှော်ထားသည့် အဝတ်တွေ ခြောက်တာ မြန်ခြင်း ဖြစ်၏။ နွေနဲ့ ဆန့်ကျင်ဘက်ကကြ မိုး။ ခြေခင်း လက်ခင်းကမသာ ပြီး အဝတ်တွေ တော်တော်နဲ့ မခြောက် တာတွေကတော့ မကြိုက်သည့် အချက် ဖြစ်၏။

မိုးအေးအေး၊ မိုးဖွဲဖွဲမှာ ကော်ဖီလေး တခွက်နဲ့ စာအုပ်လေး တအုပ် ဖတ် ဒါမှမဟုတ် ရုပ်ရှင်ကားလေး ကြည့်ပြီး နေရသည့် အရသာကတော့ ကျန်ရာသီဥတုတွေမှာ မရှိနိုင်၊ မရနိုင်သည့် အရသာ ဖြစ်ချေ၏။

ညဖက် စောင်အထူအစား စောင်အပါး ပြောင်းစမှာ တော်တော်နဲ့ အိပ်မပျော်ပေ။ အေးလို့ရယ် မဟုတ် အထူခြုံနေကြကို အပါးပြောင်းတော့ အသားမကျ နေခြင်း ဖြစ်၏။ လူ့အကျင့် ရယ်ရသားလား။ နေ့ခင်းပိုင်းမှာ ပူတော့ ယခင်ထက်ပိုပြီး ရေသောက်ဖြစ်၏။ တခုခု လုပ်တိုင်း မောပြီး ချွေးထွက်နေတာမျိုး မရှိပေ။ မရှိဆို ဘာမှ မှ မလုပ်ဖြစ်နေတာကိုး။

အိမ်မှာ ထိန်းသိမ်း ပြုပြင်စရာလေးတွေတော့ ရှိနေ၏။ ရက်ရွှေ့ရွှေ့လာခဲ့သည့် အိမ်မှုကိစ္စလေးတွေပေါ့။ တအားကြီး မပူလာခင်၊ နွေက နွေအဖြစ် သရုပ် မပေါ်လာသေးခင်တော့ လုပ်ထားရပေလိမ့်ဦးမည်။

(Photos edited by Canvas)

Sort:  

!hiqvote

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

နေပူ။ညချမ်းကြီးမို့ စောင်မသိမ်းရသေးဘူး
!lolz

What do you get after the animal dinner party?
Stuffed animals.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of walarhein

(1/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ

ညဦးမှာ အိုက်သည်။
မနက်ခင်းမှာ အေးသည်။
!LOLZ
!MEME

I was going to tell you a time travel joke...
but you didn't like it.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)

PLAY & EARN $DOOM

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

OH NO!
You are out of jokes for the day!

@hiq.smartbot you can call @lolzbot a maximum of 8 times per day.
Level up by buying more $LOLZ so you can share more jokes per day!