တချို့ရက်တွေ စာရေးရတာ ကသောကမျော နိုင်၏။ ဥပမာ ဒီနေ့လို ရက်မျိုးပေါ့။ ကြိုတင်ရေးထားသည့် ပိုစ့်တွေ ရှိပေမယ့် လောလောလတ်လတ် ရေးထားသည်ကိုမှ တင်ချင်နေတာမျိုး။ လူ့စိတ်ကလည်း ခက်သားလား။ အကြောင်းတစုံတရာကြောင့် စာမရေးဖြစ်သည့် ရက်မျိုးတွေမှာ ပိုစ့်တင် ဘာညာ အဆင်ပြေအောင် စာတွေ ကြိုတင်ရေးထားလေ့ ရှိ၏။ ထိုအကျင့်က ကြားထဲမှာ တခါပျက်သွားသေး၏။ ခုမှ ကြိုးစားပြီး ပြန်လည် မွေးယူထားရခြင်း ဖြစ်၏။
အကျင့်ကောင်းက မွေးမြူရ ခက်သလောက် အကျင့်ဆိုးက ဖျက်ရခက်လှပေ၏။ မည်မျှ အလုပ်ရှုပ်စေကာမူ တရက် တပိုစ့်တော့ ရအောင် တင်၏။ စာကိုတော့ အဆင်ပြေရင် ပြေသလို ရေး၏။ စိတ်ပါရင် ပါသည့် အလျောက် ၁ ရက်၊ ၂ ရက် ကနေ ၃၊ ၄၊ ၅ ရက်စာ အလောက်ထိ ရေးထား ဖြစ်၏။ စာကောင်း ပေမွန် အတည်အခန့်ကြီးတွေတော့ မဟုတ်ပေ။ ဒီအတိုင်း အကြောင်းအရာစုံကို အစုံသုပ် ရေးခြင်း ဖြစ်၏။
Hive ဈေးနည်းချိန်မှာတောင် ပိုစ့်တင် မပျက်ခဲ့တာ ခု ဈေးမှာတော့ မဖြစ်မနေကို ပိုစ့် တင်သင့်၏။ ထို့ကြောင့်ပင် နေ့စဉ်ရေးလို့ နေ့စဉ်တင် ဆိုပြီး ကိုယ့်ကို သတိပေးနေရခြင်း ဖြစ်၏။ ကိုယ့်မှာ Hive power 100000 ရှိပြီး 1 Hive ကို 10$ ပေါက်ရင် အတော်လေး မိုက်ပြီ။ လက်တွေ့ မဟုတ်ဘဲနဲ့တောင် စိတ်ကူးထဲမှာ အတော်လေး ပျော်စရာ ကောင်းလွန်းလှ၏။ စာလေးရေးလိုက်၊ ပိုစ့်လေးတင်လိုက်၊ vote လေး ပေးလိုက်နဲ့ အတော်လေး ဟုတ်လိုက်မယ့် ဖြစ်ခြင်း။
ဘောလုံးပွဲတွေ ရှိပေမယ့် ဒီနေ့အဖို့ အဆိုပါ အကြောင်းအရာကို ရေးဖို့ ပျင်းနေ၏။ weekdays တွေမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ယူရိုပါ ကွန့်ဖရန့်လိဂ်တွေ ကစားကြသော်လည်း ကျနော် ကိုယ်၌က ရေးပျင်းနေခြင်း ဖြစ်၏။ ကြည့်လည်း မကြည့်ဖြစ်၏။ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲ၊ ၂ နာရီ၊ ၂ နာရီခွဲ အချိန်တွေ ဆိုတော့ အိပ်ရေး ပျက်မည်စိုးသောကြောင့် မကြည့်နိုင်၊ မကြည့်ဖြစ်ပေ။ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်ပွဲတွေ ရောက်ရင်တော့ အိပ်ရေး ပျက်ချင်ပျက် ကြည့်ရှု အားပေးဦးမည်။
ဒီနေ့က ဘာရယ် မဟုတ် မနက်က Futsal ကန်ပြီး အသင်း တည်ထောင်တာ ၆ နှစ်ပြည့် အဖြစ် ဖလားပွဲလေး လုပ်မလားပေါ့။ တခြားအသင်းတွေ မဟုတ် ကိုယ်တွေ အသင်းသား အချင်းချင်း လူတွေ ခွဲပြီး ကန်ကြမယ်ပေါ့။ ထိုအကြောင်းကို ပြောဆို ဆွေးနွေးနေကြတာနဲ့ အချိန် တော်တော်ကြာသွားခဲ့၏။ ပြောစရာ ရှိတာ၊ လုပ်စရာ ရှိတာတွေ တခါတည်း တာဝန် ခွဲဝေယူကြလိုက်ကြ၏။ မကြာမီ @wearecygnus ကနေ အပြည့်အစုံ တင်ပြ ပေးသွားပါမည်။ အဆင်ပြေခဲ့ရင်တော့ live လွှင့်ဖို့ တွေးထားပါသေး၏။