Goat

in HIVE-MYANMARlast year

ဒီနေ့တော့ လူတိုင်း ပြောပြောနေကြတဲ့ Ronald ဘက် လှည့်လိုက်ရအောင်လား။ Ronald နဲ့ ပတ်သက်ပြီး အမြင်တွေ အမျိုးမျိုး ရှိကြပါလိမ့်မယ်။ ချစ်သူလည်းရှိ၊ မုန်းသူလည်း ရှိလိမ့်မယ်။ အာဂျင်တီးနားမှာဆိုရင် သူ့ကို အတော်လေး မုန်းကြတယ် ပြောတာပဲ။ ကိုယ်လည်း အတိအကျ မသိတော့ မပြောတတ်ပေ။ လက်ရှိ ဘောလုံး ကမ္ဘာမှာ အကောင်းဆုံး ကစားသမားတွေထဲက တယောက်ဆိုတာကတော့ ဘယ်သူမှ ငြင်းမယ် မထင်။ အသက်အရွယ်အရ အကောင်းဆုံး အချိန် မဟုတ်တော့ပေမယ့် ဒီအသက်အရွယ်တန်းမှာ ခုလိုမျိုးတွေ လုပ်ပြ နိုင်တာ သူ တယောက်သာ ရှိမည်။

ခင်ဗျားက Ronald fan လား Messi fan လား မေးက ၂ ယောက်လုံး၏ fan လည်း ဟုတ်တယ်၊ ဟုတ်လည်း မဟုတ်ဘူးဟု ပြောရပေလိမ့်မည်။ ကျနော့် အကြိုက်ဆုံး ကစားသမားက Rooney ဖြစ်၏။ တချို့ Ronald fan တွေက Messi ကို မကြိုက်ပေ၊ အဲ့လိုပဲ တချို့ Messi fan တွေကလည်း Ronald ကို မုန်းကြ ပြန်၏။ ဒီလူတွေက ဘယ်လို လူတွေလဲပေါ့။ ဘယ်သူ့ကို ကြိုက်မယ်၊ ဘယ်သူ့ကို မကြိုက်ဘူးဆိုတာ သူ့ လွတ်လပ်ပိုင်ခွင့် သူ့ ရွေးချယ်ခွင့် ဆိုတာကို နားလည် လက်ခံပါ၏။ နို့ပေမယ့် ဒီနှစ်ယောက်ရဲ့ ခေတ်၊ ဒီနှစ်ယောက် ကစားတာကို ကြည့်ရှုအားပေးခွင့်ရတာကပင် ကျနော်တို့ အတွက် ပျော်ရွှင် ဝမ်းသာ ဂုဏ်ယူစရာ မဟုတ်ပေလား။

ပါရမီရှင် Messi ကြိုးစားမှုရဲ့ ပြယုဂ် Ronald ဒီလူတွေ ဘောလုံးလောကရဲ့ တကယ့် ရှာမှရှား ကစားသမားများပင် ဖြစ်၏။ သူတို့ နှစ်ယောက်ကို ပြိုင်ဘက်တွေ အဖြစ်နဲ့ပဲ မြင်မြင်နေရတော့ တခါတလေ တကြိမ်တခါလောက် တွဲကစားတာလေးလည်း မြင်ချင်မိ၏။ နို့ပေမယ့် ဒါက မဖြစ်နိုင်တဲ့ အရာတခုပင်။ သူတို့ ဘောလုံးလောကက အနားယူပြီးနောက် ရံပုံငွေ ပွဲလို ဘာလို၊ ချစ်ကြည်ရေး ပွဲလို ဘာလို တွေကြမှပဲ ဖြစ်နိုင်မည်ထင်။ ဒါတောင် တသင်းထဲ မဟုတ်ဘဲ Team Ronald vs Team Messi ဆိုပြီး ပြိုင်ဘက်တွေ အဖြစ် ထပ်ပြီး ရင်ဆိုင်ခိုင်းဦးမည်ထင်။ ကျနော်တို့ ကမ္ဘာကြီးက ထိုသို့သော ကမ္ဘာကြီးပင်။

Saudi Arabia Pro League ရဲ့ ပွဲစဉ် 25 & 26 နှစ်ပွဲဆက်တိုက် Ronald hat trick သွင်း၏။ Saudi League ရောက်ပြီး ကတည်းက တခုပြီးတခု သူ စွမ်းဆောင်ပြနေခဲ့၏။ လက်ရှိမှာ သွင်းဂိုး 29 ဂိုးဖြင့်။ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ဦးဆောင်ထား၏။ နောက်ထပ် ကစားဖို့ 8 ပွဲသာ ကျန်တော့၏။ အဆိုပါ 8 ပွဲကနေ Ronald နောက်ထပ် ဂိုးတွေ ဘယ်လောက်ရယူသွားမလဲကတော့ တကယ့်ကို စိတ်ဝင်စား စရာပင်။

ဘောလုံးကမ္ဘာရဲ့ အကြိုးစားဆုံး ကစားသမား ဆိုသည့် အတိုင်းပင် အသက် 39 နှစ် အရွယ် ရောက်သည်အထိ Ronald ၏ ကြိုးစား အားထုတ်မှုတွေက မရပ်တန့်သွားပေ။ သူ့ကို ရပ်တန့်နိုင်မည့်သူ မရှိပေ။ သူ့ကို သူကိုယ်တိုင်သာ ရပ်တန့် နိုင်ပေလိမ့်မယ်။

(Photos from Al Nassr Facebook page)

Sort:  

!hiqvote

ကျွန်တော်ကတော့ CR - 7 Fan ပါ။
သို့ပေမဲ့ Massi ကိုလည်း မမုန်းပါဘူး။
CR-7 ရဲ့စိတ်ဓာတ်ကို ကြိုက်တာပါ။ နိုင်လိုစိတ် ပြင်းပြတာကို သဘောကျတာ။

!PIZZA

!LUV

Me too

PIZZA!

$PIZZA slices delivered:
@myanmarkoko(2/5) tipped @donjaun

@princekham, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @donjaun gets !HUG from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

@hiq.smartbot, sorry!

You are out of hugs for today.

You can call the HUG bot a maximum of 2 per day.

The current call limits are:

HUG in walletcalls per day
01
12
103

သူက အရမ်းကြိုးစားတာ။ ဘောလုံးပွဲ သိပ်မကြည့်တဲ့ ကျွန်မတောင် သူ့အကြောင်းဆို သတင်းတွေဖတ်ပြီး စိတ်ဝင်စားမိတယ်။ messi က ပိုတော်ချင်တော်ပေမဲ့ ronaldo ကိုပဲ ကြိုက်တယ်။
!PGM
!LUV

ကြိုးစားအားထုတ်မှုပိုင်းမှာတော့ Ronald ကို ဘယ်သူမှ မမှီ။