Sunset Landscape Painting

in HIVE-MYANMARlast year

ဒီနေ့ sunset landscape ပုံတစ်ပုံကို watercolor ဖြင့်ဆွဲထားပါတယ်။ ထိုပုံကရိုးရှင်း၍ ထိုပုံထဲမှာ အစိမ်းရောင် ကုန်းမြေတစ်ခု၊ နေနဲ့ ငှက်များ ပါရှိပါတယ်။ နေရဲ့အရိပ်က ရေပြင်ပေါ်မှာ ပေါ်နေပုံကိုလည်း ဆွဲထားပါတယ်။

ပထမအဆင့်မှာ ကောင်းကင်ကို အရောင်သုံးမျိုးဖြင့်ဆေးခြယ်၍ အလယ်မျဥ်းရဲ့ အခြားတစ်ဘက်မှာ မျဥ်းနှစ်ကြောင်းကိုဆွဲ၍ ရေပြင်ကိုလည်း အရောင်သုံးမျိုးဖြင့်ဆေးခြယ်ပါတယ်။

ကုန်းမြေကို အစိမ်းရောင် ခြယ်၍ နေရဲ့ ဘေးပတ်လည်မှာ လိမ္မော်ရောင် ခြယ်၍ နေကို အဖြူရောင် ခြယ်ပါတယ်။ ရေပြင်မှာလည်း နေရဲ့အရိပ်ကို ဆွဲ၍ ငှက်များကိုလည်း အနက်ရောင်ဖြင့်ဆွဲထားပါတယ်။

ထိုပုံက အရမ်းလှပြီး နှစ်သက်စရာကောင်းတယ်လို့ ထင်ပါတယ်။

June 17, 2025