Pencil Drawing of Fruit Basket

in HIVE-MYANMARlast year

ဒီနေ့ fruit basket ပုံတစ်ပုံကို ခဲတံဖြင့် အဖြူရောင်စက္ကူပေါ်မှာ ဆွဲထားပါတယ်။ ယခင်ကလည်း ဒီလိုမျိုး သစ်သီးခြင်းပုံစံလေးတွေကို ဆွဲခဲ့ဖူးပြီး၊ ခြင်းပုံစံတွေကလည်း မတူညီပါဘူး။ ဒီပုံထဲက ခြင်းပုံစံက ပိုလှတယ်လို့ထင်ပါတယ်။ ခြင်းရဲ့ လက်ကိုင်မှာ ribbon တစ်ခုကိုလည်းဆွဲထားပါတယ်။

ခြင်းရဲ့အပေါ်ဘက်အနားပတ်လည်ကို စတင်ဆွဲ၍ ခြင်းပုံစံကို ပြည့်စုံအောင်ဆက်လက်ဆွဲပါတယ်။ ခြင်းရဲ့ အောက်ခြေမှာ သစ်သီးတွေကိုစတင်ဆွဲတယ်။ ခြင်းထဲမှ သစ်သီးများနဲ့ သစ်ရွက်ပုံစံများကိုလည်းဆွဲပါတယ်။

ဒီအဆင့်မှာ ခြင်းရဲ့လက်ကိုင်ကိုဆွဲ၍ ခြင်းရဲ့ အနားပတ်လည်နဲ့လက်ကိုင်ပေါ်မှာ မျဥ်းများကိုဆွဲ၍ ခဲခြစ်ပါတယ်။ ထိုခြင်းပေါ်မှာ အခြားမျဥ်းများကိုပေါင်းထည့်ပါတယ်။ ribbon ပုံစံတစ်ခုကိုလည်းဆွဲပါတယ်။ သစ်သီးတွေနဲ့ ခြင်းပေါ်မှာလည်း ခဲခြစ်ပါတယ်။

ထိုပုံက တကယ့်ကိုလှပြီး နှစ်သက်စရာကောင်းတယ်လို့ထင်ပါတယ်။

November 11, 2024