Origami Photo Frame, How to Make it

in HIVE-MYANMAR9 months ago (edited)

ဒီနေ့ paper photo frame တစ်ခုပြုလုပ်ထားပါတယ်။ ထို frame ကိုအရွယ်တူစက္ကူခေါက်လေးခုဖြင့်ပြုလုပ်ထားတာဖြစ်ပြီး၊ ထို frame ပေါ်မှာ paper bow တစ်ခုဖြင့်အလှဆင်ထားပါတယ်။ ထို paper bow ကိုစက္ကူခေါက်၍ပြုလုပ်ရတာပါ။ ဒီတစ်ခုကိုဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံနဲ့ပေတံ စသဖြင့်ပါ။

ပထမအဆင့်မှာ အဝါရောင်စက္ကူရဲ့ အလျားနဲ့အနံကို 15cm စီတိုင်းတာ၍ဖြတ်ပါတယ်။ ထိုစက္ကူကို တစ်ဝက်ခေါက်၍ အနားတစ်ဘက်ကို အလယ်မျဥ်းသို့ခေါက်ပါတယ်။ အောက်ခြေမှ အစွန်းကို အပေါ်သို့ခေါက်၍ နောက်တစ်ဆင့်မှာ ထိုစက္ကူကိုပုံအတိုင်း အဆင့်ဆင့်ခေါက်ပြီး အစွန်းကို အတွင်းသို့ခေါက်ပါတယ်။ ထိုနည်းအတိုင်း နောက်ထပ်စက္ကူခေါက်သုံးခုကိုပြုလုပ်၍ လေးထောင့်ပုံစံ frame ဖြစ်ရန် သူတို့ကိုပုံအတိုင်း ကော်ကပ်၍ဆက်တယ်။ ထို frame နဲ့အရွယ်တူညီတဲ့ အဖြူရောင်စက္ကူတစ်ရွက်ကို ဖြတ်၍ ကျောဘက်မှာထားပါတယ်။

bow အတွက် အပြာရောင်စက္ကူကို 21cmဖြင့် အလျားအနံတူညီစွာဖြတ်ပါတယ်။ ထိုစက္ကူကို တစ်ဝက်ခေါက်၍ အနားနှစ်ဘက်ကိုအလယ်မျဥ်းသို့ နှစ်ကြိမ်စီခေါက်ရမှာပါ။ နောက်တစ်ဆင့်မှာ ဒါကိုတစ်ဝက်ခေါက်၍ အစွန်းနှစ်ခုကို အလယ်သို့ခေါက်ပြီး၊ သူတို့ကိုအတွင်းသို့ ထပ်မံ ခေါက်ပါတယ်။ အနားနှစ်ဘက်ကိုပုံအတိုင်းခေါက်၍ အစွန်းနှစ်ဘက်စီကို အလယ်သို့ခေါက်ပြီး၊ နောက်တစ်ဆင့်မှာ ပုံအတိုင်းဖြန့်ပါတယ်။ ဘေးဘက်အစွန်းတွေကိုလည်း အဆင့်ဆင့် ခေါက်ရမှာပါ။ အခြားစက္ကူအရောင်တစ်ခုကို လေးထောင့်ပုံစံဖြတ်၍ ထို bow ရဲ့အလယ်မှာကော်ကပ်ပါတယ်။ ထို paper bow ကို frame ပေါ်မှာအလှဆင်ပါတယ်။

ထို photo frame ကအရမ်းလှပြီး နှစ်သက်စရာကောင်းတယ်လို့ထင်ပါတယ်။ အသုံးလည်းဝင်မှာပါ။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

October 9, 2024
Written by @asterkame
By my photo & made by me