How to Make Origami Heart and Bow

in HIVE-MYANMARlast year

ဒီနေ့ paper heart နဲ့ bow လေးတွေခေါက်ထားပါတယ်။ ပုံစံတူ နှစ်ခုပြုလုပ်ထားပြီး သူတို့ကို စက္ကူခေါက်ခြင်းဖြင့် ပြုလုပ်ရတာပါ။ ထိုတစ်ခုစီကို စက္ကူတစ်ရွက်တည်းဖြင့် ခေါက်ရတာပါ။ ဒါပေမဲ့ သူတို့ကိုအရောင်တွေကွာခြားပြီးပြုလုပ်ထားပါတယ်။ ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ခဲတံ၊ပေတံနဲ့ watercolor ပါ။

ပထမအဆင့်မှာ စက္ကူရဲ့ အနားတွေကို21cmစီတိုင်းတာ၍ ဖြတ်ပါတယ်။ ထိုစက္ကူကိုတစ်ဝက်စီလေးကြိမ်ခေါက်၍ ခေါက်ချိုးမျဥ်းများကို ပုံအတိုင်းအလယ်သို့စု၍ တစ်ဝက်ထပ်မံခေါက်ပါတယ်။ နောက်တစ်ဆင့်မှာ ထိုစက္ကူကိုဖြန့်ပြီးနောက် အစွန်းလေးခုကိုအတွင်းဘက်သို့ခေါက်ပါတယ်။ အနားတစ်ဘက်စီကို အနည်းငယ်စီခေါက်၍သူတို့ကို အတွင်းသို့ထပ်မံခေါက်ပါတယ်။ အခြားတစ်ဘက်မှ အနားစွန်းနှစ်ဘက်ကို ပုံအတိုင်း အတွင်းသို့ခေါက်ပါတယ်။ တစ်ဘက်စီမှ အစွန်းတစ်ခုစီကိုလည်းခေါက်၍ ထိုခေါက်ထားတဲ့နေရာတွေကို ပြန်ပြင်၍ ခေါက်ရမှာပါ။

အခြားတစ်ဘက်မှာ heart shape ပုံပေါ်စေရန် ပုံအတိုင်း အဆင့်ဆင့်ခေါက်ရမှာပါ။ နောက်တစ်ခုက ခရမ်းရောင်ဖြစ်ပြီး သူတို့ကို ပုံအတိုင်းဆေးခြယ်ပါတယ်။

သူတို့က အရမ်းလှတာကြောင့် တကယ့်ကိုနှစ်သက်စရာပါ။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

April 26, 2024
Written by @asterkame
By my photo & made by me